University of Computer Studies, Hinthada
Menu
  • Home
    • About Us
    • Organization Chart
    • Campus Facilities
      • Laboratories
      • Library
      • Sports
      • Traditional Events
      • Supporting
    • Academic
      • Admission
        • Admission Requirements
        • Academic Calendar
        • Admission Fees
        • Academic Credit Unit
      • courses & Syllabuses
        • 5 years Credit System Curriculum
          • B.C.Sc Courses
          • B.C.Tech Courses
        • 4 Year Credit System Curriculum
          • B.C.Sc Courses
          • B.C.Tech Courses
        • D.C.Sc
      • Academic Calendar
        • 2025-2026
      • Moodle Learning Management System
  • Faculities & Staff
    • Vice Rector
    • Academic
      • Faculty of Computer Science
      • Faculty of Computer Systems and Technologies
      • Faculty of Information Science
      • Faculty of Computing
      • Department of Information Technology Supporting and Maintenance
      • Department of Language
      • Department of Natural Science
    • Administration
      • Department of Student Affairs
      • Department of Staff Affairs
      • Department of Finance
  • University Journal
    • Home
    • Journal Publication
      • 2024 Vol. 1
      • 2025 Vol. 2
  • Research
    • Pest and Diseases Detection System
  • e-service
    • Grading Information System
    • Student Registration System
    • Class Timetable System
  • News & Activities
    • News
    • Activities
    • Donation
  • Contact
    • Contact us
    • Alumni
    • FAQs
Menu

Category: Uncategorized

ထမနဲထိုးပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပခြင်း

Posted on February 25, 2025July 21, 2025 by admin

            (၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)၊ ကျောင်း‌ရှေ့မြက်ခင်းပြင်တွင် ထမနဲထိုးပြိုင်ပွဲနှင့် စျေးရောင်းပွဲတော်ကို (၇.၂.၂၀၂၅) ရက်နေ့၊ သောကြာနေ့တွင် ကျင်းပပြုလုပ်ရာ သင်တန်းနှစ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက စည်စည်ကားကား၊ သိုက်သိုက်မြိုက်မြိုက်၊ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲကြပါသည်။ ထမနဲထိုး ပြိုင်ပွဲအပြီး၌ ဒုတိယပါမောက္ခချုပ် ‌ဒေါက်တာထွန်းမြတ်အောင်က ထမနဲထိုးပြိုင်ပွဲနှင့် စျေးရောင်းပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အမှာစကားပြောကြားပြီး၊ ဆုရရှိသော သင်တန်းနှစ်အသီးသီးကို ဒုတိယ ပါမောက္ခချုပ်နှင့် ဌာနမှူးများက ဆုများချီးမြှင့်ခဲ့ပါသည်။ တတိယဆုကို စတုတ္ထနှစ်သင်တန်းမှလည်းကောင်း၊ ဒုတိယဆုကို ဒုတိယနှစ်သင်တန်းမှလည်းကောင်း၊ ပထမဆုကို ပထမနှစ်သင်တန်းမှလည်းကောင်း အသီးသီး ရရှိကြပြီး၊ သင်တန်းနှစ်အသီးသီးမှ ကျောင်းသား၊‌ ကျောင်းသူများက ဈေးရောင်းပွဲတော်အား စည်စည် ကားကား ဆက်လက်ကျင်းပခဲ့ပါသည်။ Please follow and…

“ဘဝအေးချမ်းမှုခိုနားရာအရိပ်များ” အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပခြင်း

Posted on January 28, 2025January 28, 2025 by admin

          (၂၄.၁.၂၀၂၅) ရက်နေ့၊ ကြာသပတေးနေ့၊ နေ့လယ်(၂း၀၀)အချိန်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်း သဘင်ခန်းမ၌ “ဘဝအေးချမ်းမှုခိုနားရာအရိပ်များ” အသိပညာပေးဟောပြောပွဲ အခမ်းအနားဆောင်ရွက်ရာ ဒုတိယ ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၃၀၀)ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က အမှာစကားပြောကြား ရာတွင် အေးချမ်းသာယာသော လူမှုအသိုင်းအဝိုင်းဖြစ်ဖို့ဆိုတာ ထိုလူမှုအသိုင်းအဝိုင်းတွင် လူသားများအားလုံးက အပြု သဘောဆောင်သောစိတ်ဓာတ်၊ ကောင်းသောအပြုအမူဖြင့် ပြုမူတွေးတောကြံဆပြီး အဘက်ဘက်မှ ပူးပေါင်းပါဝင်‌ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အေးချမ်းသာယာသော လူ့အဖွဲ့အစည်းတွင် လူသားများအားလုံးသည် ကောင်းသော အပြုအမူများကိုသာ ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ချမှတ်ထားသော စည်းကမ်းချက်များကိုလိုက်နာ၍ ပူးပေါင်း ဆောင်ရွက်ကြသဖြင့် လူမှုဘဝအေးချမ်းသာယာပြီး စည်ပင်တိုးတက်ပျော်ရွှင်ဖွယ်ကောင်းသော လူ့အသိုင်းအဝိုင်းတစ်ခု ဖြစ်ကြောင်း၊ ထိုသို့အေးချမ်းသာယာသော လူမှုဘဝရရှိဖို့ဆိုတာ လူသားများအားလုံးသည် အသိပညာများ…

တွေ့ဆုံပွဲ အခမ်းအနားကျင်းပခြင်း

Posted on January 20, 2025January 20, 2025 by admin

            (၁၇.၁.၂၀၂၅)ရက်နေ့၊ သောကြာနေ့၊ ညနေ(၃း၀၀)အချိန်တွင် ဘွဲ့နှင်းသဘင်ခန်းမ၌ ဒုတိယ ပါမောက္ခချုပ်သည် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအားလုံးနှင့်တွေ့ဆုံ၍ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ ဝန်ထမ်းသစ္စာဓိဌာန်(၆)ချက်၊ နိုင်ငံ့ဝန်ထမ်းများ ထမ်းဆောင်ရမည့် တာဝန်(၃)ရပ်၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် အပါး(၃၀)တို့အား သိရှိလိုက်နာဆောင်ရွက်ရန်နှင့် နိုင်ငံတော်၏အကျိုးအတွက် အချိန်ပြည့်အလုပ်လုပ်ရန်၊ ပေးအပ်သောတာဝန်နှင့် ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ရန်၊ ဌာနဆိုင်ရာစည်းကမ်း၊ ရုံးလုပ်ထုံး လုပ်နည်း၊ အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန်၊ ဆရာ၊ ဆရာမများဖြစ်သည့်အတွက် ဆရာ့ကျင့်ဝတ်နှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ တင်ပြစရာများရှိပါက ရုံးလုပ်ထုံးလုပ်နည်းနှင့်အညီ အဆင့်ဆင့် တင်ပြရန်၊ ပေးအပ်လာသည့် အမိန့်နှင့်တာဝန်များကို ကြည်ဖြူစွာထမ်းဆောင်ရန်၊ ဌာနဆိုင်ရာ အလုပ်များကို ပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊ ယဉ်ကျေးသော လူ့ဘောင်အဖွဲ့အစည်းကို တည်‌ဆောက်ရန်၊ ဆရာ၊ ဆရာမများသည် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းပုံမှန်တက်ရောက်ရေးအတွက် စည်းရုံး ပြောဆိုရန်၊ အချိန်ပြည့် သင်ကြားရေးတာဝန်များကို…

မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပခြင်း

Posted on January 20, 2025January 20, 2025 by admin

              ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို (၁၆.၁.၂၀၂၅) ရက်၊ ကြာသပတေးနေ့၊ နံနက်(၉း၃၀)အချိန်တွင် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ၊ အခမ်းအနားကို တက္ကသိုလ်အနုပညာအသင်း စီနီယာ ကျောင်းသား၊ ကျောင်းသူများက မြကျွန်းညိုညိုတက္ကသိုလ်သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်က မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားကို လည်းကောင်း၊ စတုတ္ထနှစ် (ကွန်ပျူတာသိပ္ပံ) သင်တန်းမှ စီနီယာကျောင်းသား မောင်အောင်ဇော်မိုးက ကြိုဆို နှုတ်ခွန်းဆက်စကားကိုလည်းကောင်း၊ ပထမနှစ်ကျောင်းသူ မပြည့်ဝန်းသော်က ကျေးဇူးတင်စကားကို လည်းကောင်း၊ အသီးသီးပြောကြားခဲ့ပါသည်။ ယင်းနောက် သင်တန်းနှစ်အသီးသီးသို့ အမှတ်အများဆုံးဖြင့် တက်ရောက်ခွင့်ရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာသင်တန်းမှူးများက ပညာရည်ချွန် ဆုအသီးသီးကို ချီးမြှင့်ပေးအပ်ခဲ့ပြီး၊ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ရိုးရာ စဉ်လာမပျက် မြန်မာ့ယဉ်ကျေးမှုနှင့်လျော်ညီသော အဆို၊…

ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်း အခမ်းအနားပြုလုပ်ကျင်းပခြင်း

Posted on January 14, 2025January 14, 2025 by admin

               ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ သင်တန်းနှစ်အသီးသီးတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအား ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ ပြည်သူ့ ကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်မာမာအေး ဦးဆောင်သော သူနာပြုဆရာမ(၅)ဦးသည် ကွန်ပျူ တာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်းသဘင်ခန်းမတွင် (၁၄.၁.၂၀၂၅)ရက်၊ အင်္ဂါနေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကိုဗစ်ကာကွယ်‌ဆေးကို လာရောက်ထိုးနှံပေးခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ဒုတိယပါမောက္ခချုပ်၊ ‌ဒေါက်တာ ထွန်းမြတ်အောင်နှင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၁၀၀)ဦး ဆေးထိုးနှံခဲ့ကြ ပါသည်။ Please follow and like us:

(၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပပြုလုပ်ခြင်း

Posted on January 14, 2025January 14, 2025 by admin

             ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ (၁၄)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို (၁၂.၁.၂၀၂၅) ရက်နေ့တွင် နံနက်ပိုင်းအခမ်းအနားကို နံနက်(၉း၀၀)နာရီတွင်လည်းကောင်း၊ ညနေပိုင်းအခမ်းအနားကို မွန်းလွဲ (၁း၀၀)နာရီတွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘွဲ့ရရှိသူ ဘွဲ့ရမောင်မယ်၊ စုစုပေါင်း(၈၁)ဦးအား ဘွဲ့များအသီးသီးအပ်နှင်းချီးမြှင့်ခဲ့သည်။ အဆိုပါဘွဲ့နှင်းသဘင်အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်နှင့်တကွ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ပညာရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ဘွဲ့ရမောင်မယ်များ နှင့် ၎င်းတို့၏မိဘဆွေမျိုးများ တက်ရောက်ခဲ့ပြီး၊ ဟင်္သာတစိန်စိုးမင်း ဆိုင်းအဖွဲ့ဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)မှ စတုတ္ထနှစ်၊ ကွန်ပျူတာသိပ္ပံသင်တန်းမှ ကျောင်းသူ မသက်စုလှိုင်က (မြတ်ဆရာ) သီချင်းဖြင့်လည်းကောင်း၊ စတုတ္ထနှစ်၊ ကွန်ပျူတာသိပ္ပံသင်တန်းမှ ကျောင်းသူ မအေးမြတ်သန္တာက (တက္ကသိုလ်ကျောင်းကငွေလမင်း) သီချင်းဖြင့်လည်းကောင်း၊ တတိယနှစ်၊ ကွန်ပျူတာသိပ္ပံသင်တန်းမှ ကျောင်းသား မောင်ကျော်သူထက်က (မြကျွန်းညိုညို) သီချင်းဖြင့်လည်းကောင်း ဧည့်သည်တော်များအား သီဆို…

စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပခြင်း

Posted on December 27, 2024December 27, 2024 by admin

               (၂၄.၁၂.၂၀၂၄) ရက်နေ့၊ အင်္ဂါနေ့၊ နေ့လယ်(၁း၀၀)နာရီအချိန်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်း သဘင်ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာတွင် ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က အမှာစကားပြောကြားပြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ စားသုံးသူရေးရာဦးစီးဌာနမှူး၊ ဦးဇော်မင်းက စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေအကြောင်းကိုလည်းကောင်း၊ ဒုတိယခရိုင်မှူး၊ ဦးမောင်မောင်မြတ် ခိုင်က AI နည်းပညာ၏ အကျိုးဆက်ကြောင့် သုံးစွဲသူများအပေါ် ရရှိနိုင်မည့် အကျိုးကျေးဇူးနှင့် ဆိုးကျိုးများကို လည်းကောင်း အသိပညာပေးဟောပြောပို့ချခဲ့ပါသည်။ အဆိုပါအခမ်းအနားကို ယင်းနေ့ညနေ (၃း၄၅)အချိန်တွင် ရုတ်သိမ်းခဲ့ပြီး ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂၅၀)ဦး တက်ရောက်ခဲ့ပါသည်။ Please follow and like us:

ဘာသာရပ်ဆိုင်ရာမိတ်ဆက်ပွဲ အခမ်းအနားကျင်းပခြင်း

Posted on December 27, 2024December 27, 2024 by admin

              (၃.၁၂.၂၀၂၄) ရက်နေ့၊ အင်္ဂါနေ့၊ နေ့လယ်(၁း၀၀)အချိန်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်းသဘင် ခန်းမ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ပထမနှစ်သင်တန်းသို့ တက်ရောက်ခွင့်ရရှိသော ကျောင်းသား၊‌ ကျောင်းသူများအား ဘာသာရပ်ဆိုင်ရာမိတ်ဆက်ပွဲအခမ်းအနား ပြုလုပ်ခဲ့ရာတွင် ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က ပထမနှစ်ဝင်ခွင့်ရရှိသော ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုနှုတ်ဆက်မိတ်ဆက် အမှာစကားပြောကြားပြီး၊ သင်ကြားရေးဌာနမှူးအသီးသီးက ၎င်းတို့ဌာနမှ သင်ကြားရသော ဘာသာရပ်များနှင့် အသုံးဝင်မှု၊ ရည်ရွယ်ချက်များ၊ သင်ကြား‌ရေးနှင့် Learning Assessment ဆောင်ရွက်မည့် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ သင်တန်းရေးရာဌာနမှူးက တက္ကသိုလ်၏ Rules and Regulations များကို ပြောကြားခဲ့ပါ သည်။ အဆိုပါအခမ်းအနားကို ညနေ(၄း၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။ Please follow and like us:

ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ (၁၄)ကြိမ်မြောက်ဘွဲ့နှင်းသဘင်လျှောက်လွှာခေါ်ယူခြင်း

Posted on December 16, 2024December 16, 2024 by admin

                          ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ (၁၄)ကြိမ်မြောက်ဘွဲ့နှင်းသဘင်လျှောက်လွှာခေါ်ယူခြင်း၁။          ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏  ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ ကွန်ပျူတာသိပ္ပံဘွဲ့(B.C.Sc.) သင်တန်းနှင့် ကွန်ပျူတာနည်းပညာဘွဲ့(B.C.Tech.)သင်တန်း စာမေးပွဲအောင်မြင်သူများအတွက် ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ)၏ (၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)၊ ဘွဲ့နှင်းသဘင်ခန်းမတွင် (၁၁-၁-၂၀၂၅)ရက်၊ (စနေနေ့) အစမ်းလေ့ကျင့်ပွဲနှင့် (၁၂-၁-၂၀၂၅)ရက်၊ (တနင်္ဂနွေနေ့)တွင် ဘွဲ့နှင်းသဘင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။၂။      ဘွဲ့နှင်းသဘင်လျှောက်လွှာ လျှောက်ထားလိုသူများသည် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) တွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံဖြင့် (၃)လအတွင်း ရိုက်ကူးထားသော (၁ ၁/၂”  x ၂”) အရွယ် ဓါတ်ပုံ(၃)ပုံ ပူးတွဲ၍ ဘွဲ့နှင်းသဘင်တက်ရောက်ရန် (သို့မဟုတ်)…

သင်ကြားမှုအရည်အသွေး စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

Posted on November 26, 2024November 26, 2024 by admin

         ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ သင်ကြားရေးဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော သင်ကြားရေးဆရာ၊ ဆရာမအသီးသီး၏ သင်ကြားရေးအရည်အသွေးမြင့်မားလာစေရန်၊ သင်ကြားရေးဆိုင်ရာ စီမံခန့်ခွဲမှု စနစ်တကျဆောင်ရွက်တတ်စေရန်နှင့် သင်ကြားရေးအရည်အသွေးအာမခံမှုရှိစေရေး QA လုပ်ငန်း စဉ်များကို စနစ်တကျပြုလုပ်တတ်ရန်ရည်ရွယ်၍ သင်ကြားမှုအရည်အသွေး စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်းသဘင်ခန်းမတွင် (၄.၁၁.၂၀၂၄)၊ တနင်္လာနေ့၊ နေ့လယ် (၁း၃၀)အချိန်တွင် ကျင်းပပြုလုပ်ရာ ဒုတိယပါမောက္ခချုပ်နှင့် ဌာနမှူးများက သင်ကြားရေး အရည် အသွေး မြင့်မားစေရေးအတွက် သင်ကြားရေးဆရာ၊ ဆရာမများ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် စီမံခန့်ခွဲမှုစနစ်များကို ဆွေးနွေးပြောကြားခဲ့ပြီး၊ အလုပ်ရုံဆွေးနွေးပွဲသို့ သင်ကြားရေးဆရာ၊ ဆရာမ(၄၉)ဦး တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို ညနေ(၃း၃၀)အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။ Please follow and like us:

Posts navigation

  • Previous
  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • …
  • 14
  • Next

Recent News

  • စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ
  • ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်း
  • ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်ရွေးချယ်ခံရသူ အမည်စာရင်းကြေညာခြင်း
  • (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်
  • “ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး” အသိပညာပေးဟောပြောပွဲ
April 2026
M T W T F S S
« Mar    
 12345
6789101112
13141516171819
20212223242526
27282930  

Contact Us

No.28, Kayin Kyaung Street,  TarNgar Se (South)Quarter, Hinthada Township, Ayeyarwaddy Region, Myanmar. Postcode – 100601

+95  044 22725, 09783543901

cu.hinthada@gmail.com

Like Us On Facebook

Facebook Pagelike Widget
©2026 University of Computer Studies, Hinthada