ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်းသဘင်ခမ်းမတွင် (၆.၈.၂၀၂၆) ရက်နေ့၊နံနက်(၁၀း၀၀)နာရီ အချိန်၌ တက္ကသိုလ်တွင်တက်ရောက်ပညာသင်ကြားနေသော လေးမျက်နှာမြို့နယ်၊ ရေဘေးသင့်ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ကြေးများကို ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်နှင့် ဌာနမှူးဆရာ၊ ဆရာများကပေးအပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် လေးမျက်နှာမြို့နယ်မှ ရေဘေးသင့်ကျောင်းသား၊ ကျောင်းသူ(၁၄)ဦးတို့အား တစ်ဦးလျှင် ကျပ်တစ်သိန်းနှုန်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ၎င်းအပြင် (၇.၈.၂၀၂၆)ရက် နေ့၊ နံနက်(၈း၀၀)နာရီအချိန်တွင် ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်မှ ဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူများသည် လေးမျက်နှာမြို့နယ်၊ ညောင်ပင်ဝဲကျေးရွာသို့ သွားရောက်၍ ရေဘေးသင့် ပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် (၄၅၅၀၀)ကျပ်ဖြင့် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် ဆေးဝါးများကို အိမ်ထောင်စု(၁၀၀)အတွက် လေးမျက်နှာမြို့နယ် အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ညောင်ပင်ဝဲကျေးရွာ ဘုန်းကြီး ကျောင်းသို့ ဆက်သွယ်သွားရောက်ပြီး၊ ရေဘေးသင့်ပြည်သူများရှေ့မှောက်မှကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ပေးအပ် ခဲ့ရာ ရေဘေးသင့်ပြည်သူများကလည်း သာဓုအနုမောဒနာ ခေါ်ဆိုကြပါသည်။ ထို့အပြင် (၁၁.၈.၂၀၂၆) ရက်နေ့တွင် ဟင်္သာတခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့သို့ ရေဘေးသင့်ပြည်သူများအတွက် ရန်ပုံငွေရှာဖွေရေး ကော်မတီထံသို့လည်း အလှူငွေ(၃၀၀၀၀၀)ကျပ်လှူဒါန်းခဲ့ပါသည်။








