ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်းသဘင်ခန်းမတွင် စက်တင်ဘာ ၁၃ ရက်နေ့ နံနက် ၁၀ နာရီက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တို့မှ ကျောင်းသား၊ကျောင်းသူများ၏ အာစရိယပူဇော်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။ အခမ်းအနားတွင် ရှေးဦးစွာ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ကျောင်းသား၊ ကျောင်းသူများက ဆီမီးထွန်းညှိ ပူဇော်ခြင်းနှင့် ကျောင်းသားများကိုယ်စား တစ်ဦးက ဦးဆောင်၍ ဆရာ/ဆရာမများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခြင်းတို့ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ ဆရာ/ဆရာများအား ကန်တော့ပစ္စည်းများဖြင့် ပေးအပ်ကန်တော့ခဲ့ကြသည်။ ထို့နောက် ဒုတိယပါမောက္ခချုပ် ဆရာကြီး ဒေါက်တာထွန်းမြတ်အောင်က ဆုပေး သြဝါဒနှင့် ဆုံးမစကားများပြောကြားခဲ့သည်။ ဆက်လက်၍ သက်ဆိုင်ရာ ဆရာ/ဆရာမများက အသီးသီး ဆုံးမသြဝါဒစကားများ ပြောကြားခဲ့ကြောင်း သိရသည်။



