ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်ချက်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောကို (၃.၇.၂၀၂၆) ရက်၊ သောကြာ နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် တက္ကသိုလ်၏ဘွဲ့နှင်းသဘင်ခန်းမ၌ ဆောင်ရွက်ရာ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ၊ ဝန်ထမ်းအင်အား(၂၅၀)ခန့်နှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့မှ ခရိုင်ဦးစီးမှူး၊ ဒေါက်တာနေခြည်ထက်ထက်လင်းအောင်နှင့်အတူ ပြည်သူ့ကျန်းမာရေးဝန်ထမ်း (၄)ဦး တက်ရောက်ကြပါသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာနေခြည်ထက်ထက်လင်းအောင်က “ကူးစက်ရောဂါအကြောင်း သိကောင်းစရာများ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဒေါ်မေသန္တာက “ဆေးလိပ်နှင့် ဆေးရွက်ကြီး အန္တရာယ်အကြောင်း သိကောင်းစရာများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဆရာမကြီး ဒေါ်လင်းလင်းမြတ်က “ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များ” ခေါင်းစဉ်ဖြင့်လည်းကောင်း ကျန်းမာရေးသိကောင်းစရာများကို PowerPoint Slide များဖြင့် အသေးစိတ် ပြည့်ပြည့်စုံစုံရှင်းလင်းဟောပြောပြီး၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ အခမ်းအနား ကိုနေ့လယ်(၁၂း၃၀)အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။




