(၂၃.၆.၂၀၂၆) ရက်၊ အင်္ဂါနေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်း သဘင်ခန်းမ၌ International Girls in ICT Day အထိမ်းအမှတ် Project ပြိုင်ပွဲကျင်းပပြုလုပ်ရာ ဒုတိယ ပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က အမှာစကားပြောကြားရာတွင် ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာမိန်းကလေး များနေ့အထိမ်းအမှတ်အဖြစ် ပြိုင်ပွဲပြုလုပ်ရခြင်းမှာ မြန်မာနိုင်ငံသာမက နိုင်ငံတကာတွင် ပြုလုပ်လျှက်ရှိကြပြီး၊ ICT ကဏ္ဍတွင် မိန်းကလေးများ၏စွမ်းဆောင်ရည် ပိုမိုမြှင့်တင်နိုင်ရေးအတွက်ရည်ရွယ်၍ ယခုအခမ်းအနား ပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားပြီးနောက်၊ ပြိုင်ပွဲဝင်မိန်းကလေးအသင်း(၃)သင်းက ၎င်းတို့ပြုလုပ်ထားသော Project များကို ရှင်းလင်းပြောကြား၍ ပထမဆုရရှိသူ Semester IV ကွန်ပျူတာသိပ္ပံသင်တန်းမှ မထက်ဝေနှင်းကို ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်ကလည်းကောင်း၊ ဒုတိယဆုရရှိသူ Semester IV ကွန်ပျူတာ သိပ္ပံသင်တန်းမှ မဆူးပိုင်ခင်၊ မနှင်းသဇင်မြင့်၊ မအေးမြတ်မြတ်သူတို့ကို ကွန်ပျူတာစနစ်နှင့်နည်းပညာမဟာဌာနမှ ပါမောက္ခ/ ဌာနမှူး ဒေါက်တာခင်ကြူကြူကလည်းကောင်း၊ တတိယဆုရရှိသူ Semester IV ကွန်ပျူတာသိပ္ပံ သင်တန်းမှ မနှင်းရည်လင်း၊ မသွန်းရွှေရည်ဦး၊ မကြည်စင်သန့်တို့ကို သဘာဝသိပ္ပံဌာနမှ ပါမောက္ခ/ ဌာနမှူး ဒေါက်တာနော်ဝေဝေဆင်ကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ပြီး၊ အခမ်းအနားကို (၁၁း၃၀)တွင် ရုတ်သိမ်းခဲ့ ပါသည်။ အဆိုပါအခမ်းအနားသို့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းအင်အားစုစုပေါင်း (၂၀၀)ဦးခန့်တက်ရောက်ခဲ့ပါသည်။






