(၅.၃.၂၀၂၆) ရက်၊ ကြာသပတေးနေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ယင်းနောက် စားသုံးသူရေးရာဦးစီးဌာနက ခရိုင်ဦးစီးမှူး၊ ဦးဇော်မင်းက စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ဦးစီးမှူးက စားသုံးသူများအနေဖြင့် ကျေနပ်မှုမရှိပါက တိုင်ကြားနိုင်သည့် Hotline No ကိုခေါ်ဆိုပြီး လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားသို့ ဟင်္သာတခရိုင်နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်(၆)ဦး၊ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)မှ ဒုတိယပါမောက္ခချုပ်၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်း များနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား(၃၀၀)ခန့် တက်ရောက်ကြပါသည်။ အခမ်းအနားကို နံနက်(၁၁း၃၀)အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။




