University of Computer Studies, Hinthada
Menu
  • Home
    • About Us
    • Organization Chart
    • Campus Facilities
      • Laboratories
      • Library
      • Sports
      • Traditional Events
      • Supporting
    • Academic
      • Admission
        • Admission Requirements
        • Academic Calendar
        • Admission Fees
        • Academic Credit Unit
      • courses & Syllabuses
        • 5 years Credit System Curriculum
          • B.C.Sc Courses
          • B.C.Tech Courses
        • 4 Year Credit System Curriculum
          • B.C.Sc Courses
          • B.C.Tech Courses
        • D.C.Sc
      • Academic Calendar
        • 2026-2027
      • Moodle Learning Management System
  • Faculities & Staff
    • Vice Rector
    • Academic
      • Faculty of Computer Science
      • Faculty of Computer Systems and Technologies
      • Faculty of Information Science
      • Faculty of Computing
      • Department of Information Technology Supporting and Maintenance
      • Department of Language
      • Department of Natural Science
    • Administration
      • Department of Student Affairs
      • Department of Staff Affairs
      • Department of Finance
  • University Journal
    • Home
    • Journal Publication
      • 2024 Vol. 1
      • 2025 Vol. 2
      • 2026 Vol. 3
  • Research
    • Pest and Diseases Detection System
  • e-service
    • Grading Information System
    • Class Timetable System
    • Student Information System
    • DIGITAL CATALOGUE SYSTEM
    • STUDENT FEEDBACK SYSTEM
    • ALUMNI NETWORK SYSTEM
    • LEAVE MANAGEMENT SYSTEM
  • News & Activities
    • News
    • Activities
    • Donation
  • Contact
    • Contact us
    • Alumni
    • FAQs
Menu

ICT Project ပြိုင်ပွဲ၊ ပြပွဲနှင့် စာတမ်းဖတ်ပွဲ အခမ်းအနား

Posted on September 16, 2026September 16, 2026 by admin

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက်၊ ကရင်ကျောင်းလမ်းရှိ၊ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်၊ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ICT Project ပြိုင်ပွဲ၊ ပြပွဲနှင့် စာတမ်းဖတ်ပွဲ အခမ်းအနား ပြုလုပ်သည်။

အခမ်းအနားသို့ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)မှ ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်နှင့် ပါမောက္ခ/ ဌာနမှူး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဟင်္သာတမြို့၊ ဓမ္မဗိမာန်‌ကျောင်းတိုက် ဆရာတော် အရှင်ဉာဏာလင်္ကာရနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနား၌ ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် ICT Project ပြိုင်ပွဲ၊ ပြပွဲနှင့် စာတမ်းဖတ်ပွဲ အခမ်းအနားကျင်းပရခြင်းမှာ ကျောင်းသား၊ ကျောင်းသူများ၏ နည်းပညာဆိုင်ရာ တီထွင်ဖန်တီးနိုင်မှုစွမ်းအားကို မြှင့်တင်ပေးရန်၊ လက်တွေ့အသုံးချ သုတေသနလုပ်ငန်းများကို စိတ်ပါဝင်စားလာစေရန်နှင့် မိမိတို့၏လေ့လာတွေ့ရှိချက်များကို ရဲဝံ့စွာတင်ပြဆွေးနွေးနိုင်‌စေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများမှ တက္ကသိုလ်ဂုဏ်ပြုသီချင်းဖြင့် ဖျော်ဖြေဧည့်ခံပြီးနောက် ဒုတိယပါ‌မောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဘွဲ့ကြိုမောင်မယ်များ၏ ဆုရ Project စာတမ်းများကို ကြေညာပေးကာ ဆုရ Project စာတမ်းများကို သက်ဆိုင်ရာ ကျောင်းသား၊ ကျောင်းသူ များက PowerPoint များ၊ လက်တွေ့လုပ်ဆောင်ထားသည့် Project များဖြင့် စာတမ်းဖတ်ရှင်းလင်း သရုပ်ပြခဲ့ ကြပါသည်။

ယင်းနောက် Alumni Network ခေါင်းစဉ်ဖြင့် ပထမဆုရရှိသည့် Supervisor ဒေါက်တာနှင်းချယ်ရီနှင့် မချစ်စုဝေ၊ မောင်အောင်ပြည့်စုံတို့အဖွဲ့အားလည်းကောင်း၊ IoT-Based Smart Piggery System ခေါင်းစဉ်ဖြင့် ဒုတိယဆုရရှိသည့် Supervisor ဒေါ်စိုးစိုးမွန်နှင့် မောင်မျိုးကိုသက်၊ မောင်အောင်ပြည့်ဖြိုးတို့အဖွဲ့အား လည်းကောင်း၊ Digital Catalogue System for UCSH Library ခေါင်းစဉ်ဖြင့် တတိယဆုရရှိသည့် Supervisor ဒေါ်ခင်စမ်းဝေနှင့် မရွှေရည်ရွှန်းလဲ့၊ မောင်ရန်နိုင်စိုးတို့အဖွဲ့အားလည်းကောင်း၊ Iot-Based Environmental Monitoring and Early Warning System for Residential Safety ခေါင်းစဉ်ဖြင့် အမှတ်တူ၍ တတိယဆု ထပ်မံရရှိခဲ့သည့် Supervisor ဒေါ်ငြိမ်းငြိမ်းအိနှင့် မနှင်းစုလှိုင်၊ မသဲဦးဆုပြည့်စုံတို့အဖွဲ့အားလည်းကောင်း၊ Student Feedback Information System ခေါင်းစဉ်ဖြင့် စတုတ္ထဆုရရှိသည့် Supervisor ဒေါက်တာနှင်းချယ်ရီနှင့် မဟေမာန်ခက်ဝေ၊  မောင်မင်းဇေယျာအောင်တို့အဖွဲ့အားလည်းကောင်း၊ IoT Smart Campus: Smart Gate Security and Classroom Management System ခေါင်းစဉ်ဖြင့် ပဉ္စမဆုရရှိသည့် Supervisor ဒေါ်သီတာစိုးနှင့် မောင်နိုင်းအောင်ခန့်၊ မအိမ့်ပိုပိုချစ်တို့အဖွဲ့အားလည်းကောင်း နံနက်ပိုင်းတွင် တာဝန်ရှိသူအသီးသီးက ဆုများ အသီးသီးချီးမြှင့်ခဲ့ကြပါသည်။

အခမ်းအနားဒုတိယပိုင်းအား ပြန်လည်စတင်ခဲ့ရာ နှစ်သိမ့်ဆုများရရှိခဲ့သော အဖွဲ့(၁၁)ဖွဲ့ကလည်း ၎င်းတို့ ပြုလုပ်ထားသော Project စာတမ်းများကို သက်ဆိုင်ရာ ကျောင်းသား၊ ကျောင်းသူများက PowerPoint များ၊ လက်တွေ့လုပ်ဆောင်ထားသည့် Project များဖြင့် စာတမ်းဖတ်ရှင်းလင်းသရုပ်ပြခဲ့ကြပြီး၊ တာဝန်ရှိသူအသီးသီးက နှစ်သိမ့်ဆုရရှိသော ၎င်းတို့အဖွဲ့အသီးသီးအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

ညနေပိုင်းအခမ်းအနားအစီအစဉ်တွင် အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က(၃)၊ အ.ထ.က(၄)၊ အ.ထ.က (၅)နှင့် အ.ထ.က(၆)တို့မှ အထက်တန်းကျောင်းသား၊ ကျောင်းသူများက လာရောက်လေ့လာကြပြီး၊ ဘွဲ့ကြို မောင်မယ်များက ၎င်းတို့၏ Project များကို ရှင်းလင်းသရုပ်ပြခဲ့ကြပါသည်။ အခမ်းအနားကို ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ)မှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် ဧည့်ခံဖျော်ဖြေကြပြီး၊ အခမ်း အနားကို ညနေ(၄း၃၀)နာရီတွင် အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ဧည့်သည်တော်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်းအင်အား(၈၅၀)ခန့် တက်ရောက်ခဲ့ကြပါသည်။

Please follow and like us:

Recent News

  • ICT Project ပြိုင်ပွဲ၊ ပြပွဲနှင့် စာတမ်းဖတ်ပွဲ အခမ်းအနား
  • Project Workshop
  • ရေဘေးအလှူ
  • မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ
  • စုပေါင်းဝါဆိုသင်္ကန်းကပ်လှူခြင်း
  • မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် သနပ်ခါးလိမ်းခြယ်မှုပြိုင်ပွဲ
  • ကျန်းမာရေးအကြောင်း သိကောင်းစရာ ဟောပြောပွဲ
  • International Girls in ICT Day အထိမ်းအမှတ် Project ပြိုင်ပွဲ
  • စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ
  • “Online လိမ်လည်မှု၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း သိကောင်းစရာများ” အသိပညာပေးဟောပြောပွဲ
  • Biometric Smart Card များပြုလုပ်ပေးခြင်း
  • ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်း
  • အချိန်မီ ကျောင်းအပ်၊ကျောင်းတက်နိုင်ရန် ကြေငြာခြင်း
  • ဆိုင်ခန်းငှားရမ်းခြင်းလုပ်ငန်းအတွက်ဈေးပြိုင်စနစ်တင်သွင်းရန် ကြေငြာခြင်း
  • သင်ကြားရေး၊ စီမံခန့်ခွဲရေး၊ စွမ်း‌ဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ
  • နှစ်သစ်ကူးအလှူဒါနပြုခြင်း
  • စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ
  • ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်း
  • ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်ရွေးချယ်ခံရသူ အမည်စာရင်းကြေညာခြင်း
  • (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်
September 2026
M T W T F S S
« Aug    
 123456
78910111213
14151617181920
21222324252627
282930  

Contact Us

No.28, Kayin Kyaung Street,  TarNgar Se (South)Quarter, Hinthada Township, Ayeyarwaddy Region, Myanmar.

Postcode – 10061

+959783543901

cu.hinthada@gmail.com

Like Us On Facebook

Facebook Pagelike Widget
©2026 University of Computer Studies, Hinthada