(၂၄.၇.၂၀၂၅)ရက်၊ ကြာသပတေးနေ့၊ မွန်းလွဲ(၁း၃၀)အချိန်တွင် ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် Online လိမ်လည်မှုအကြောင်း သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ရာ၊ ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာ ထွန်းမြတ်အောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ရဲအုပ်လွှမ်းမိုးထွန်းက “လူကုန်ကူးမှုအန္တရာယ် အကြောင်းသိကောင်းစရာများ” ကိုလည်းကောင်း၊ ရဲမှူးသန်းကျော်ဌေးက “မူးယစ်ဆေးဝါးအန္တရာယ် အကြောင်း သိကောင်းစရာများ” ကိုလည်းကောင်း၊ ဒုရဲမှူးမြင့်သိန်းက “Online လိမ်လည်မှုအကြောင်း သိကောင်းစရာများ” ကိုလည်းကောင်း၊ ဒုရဲမှူးစန်းလွင်က “မှုခင်းအသိပညာပေးခြင်းအကြောင်း သိကောင်း စရာများ” နှင့် “ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သိကောင်းစရာများ” ကို ဟောပြောခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းအင်အား စုစုပေါင်း(၄၀၀)ဦးခန့် တက်ရောက်ပြီး ညနေ(၄း၀၀)အချိန်တွင် ပြီးစီးခဲ့ပါသည်။



