ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ICT Project ပြပွဲ၊ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉း၀၀) နာရီက အဆိုပါကျောင်း ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ရာ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဒုတိယ ပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ရာတွင် အရည်အချင်းပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရန်၊ နိုင်ငံ့အကျိုးပြု၊ ဒေသအကျိုးပြု၊ MSME အကျိုးပြု၊ ဌာနဆိုင်ရာ များအတွက် e-Government အထောက်အကူပြု ICT အခြေပြု Project များနှင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်၊ ကျောင်းသား၊ ကျောင်းသူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိလာစေရန်၊ ဒေသတွင်း ကျောင်းသားလူငယ်များ ICT နည်းပညာဗဟုသုတရရှိစေရန်နှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် ICT နည်းပညာ၏ အရေးပါမှုကို သိရှိစေရန်ရည်ရွယ်၍ ဤအခမ်းအနားကို ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ဆုရရှိသူများအားကြေငြာ၍ ဆုရရှိသူများက မိမိတို့ပြုလုပ်ထားသော Project များကို ရှင်းလင်းပြသခဲ့ကြပြီး ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်နှင့် တာဝန်ရှိသူအသီးသီးက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်နှင့် ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အခြေခံပညာအထက်တန်း ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်လေ့လာကြည့်ရှု့ခဲ့ကြပါသည်။

