(၉.၇.၂၀၂၅)ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်း သဘင်ခန်းမ၌ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲကိုကျင်းပရာ မန္တလေးကျောင်းတိုက် ကျောင်းထိုင် ဆရာတော်ကြီးနှင့် သံဃာတော်အရှင်သူမြတ်(၅)ပါးတို့အား ပင့်ဆောင်၍ ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်နှင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများက ဝါဆိုသင်္ကန်း၊ ထီး၊ ဖိနပ်၊ ဆွမ်းဆန်စိမ်း၊ ဆေးဝါး၊ ဝတ္ထုငွေအစုစုအား ဆက်ကပ်လှူဒါန်းပူဇော်ကန်တော့ပြီး ပရိတ်တရားတော်နာကြား၍ ရေစက်ချအမျှပေးဝေကာ သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းတော်နှင့် အချိုပွဲများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ အလှူမင်္ဂလာပွဲသို့ ကြွရောက်လာသော ဝန်ထမ်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူတို့အား ထမင်း၊ ဟင်း၊ အချိုပွဲများနှင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပါသည်။


Please follow and like us: