(၁၆.၆.၂၀၂၆)ရက်၊ အင်္ဂါနေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်းသဘင် ခန်းမ၌ “Online လိမ်လည်မှု၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း သိကောင်းစရာများ” အသိ ပညာပေးဟောပြောပွဲကိုဆောင်ရွက်ရာ၊ ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်၏အနာဂါတ်အတွက် အားထားရသော သားကောင်း၊ သမီးကောင်းရတနာများ ဖြစ်စေ ရန်ရည်ရွယ်၍ ယခုအခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါကြောင်းပြောကြားပြီး၊ ရဲအုပ်လွှမ်းမိုးထွန်းက “လူကုန်ကူးမှု အန္တရာယ်အကြောင်းသိကောင်းစရာများ”ကိုလည်းကောင်း၊ ရဲမှူးသန်းကျော်ဌေးက “Online လိမ်လည်မှုနှင့် မူးယစ် ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ” နှင့် ဒုတိယရဲမှူးကြီး ဇော်မျိုးဝင်းက “မှုခင်းအသိပညာပေးခြင်း အကြောင်းသိကောင်းစရာများ”ကို ပြည့်ပြည့်စုံစုံရှင်းလင်းဟောပြောပြီး၊ အသိပညာပေး လက်ကမ်းစာစောင်များကို လည်းဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်း အင်အားစုစုပေါင်း(၂၇၀)ဦးခန့် တက်ရောက်ပြီး၊ နေ့လယ်(၁၂း၃၀)အချိန်တွင် ပြီးစီးခဲ့ပါသည်။






