ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ မိုးရာသီအမျိုးသားဘောလုံးပြိုင်ပွဲနှင့် အမျိုးသမီးဖူဆယ်ဘောလုံး ပြိုင်ပွဲကို (၂၇.၇.၂၀၂၆)ရက်နေ့တွင် ဟင်္သာတမြို့၊ မြို့နယ်ပြည်သူ့အားကစားကွင်း၌ ဖွင့်ပွဲအခမ်းအနားကို ကျင်းပ ရာအမျိုးသားဘောလုံးအသင်း(၅)သင်းနှင့် အမျိုးသမီးဘောလုံးအသင်း(၅)သင်းတို့က ပါမောက္ခ/ ဌာနမှူးများနှင့် ဆရာ၊ ဆရာမများအားချီတက်အလေးပြုကြပြီး ပါဝင်ယှဉ်ပြိုင်ကြမည့် ဘောလုံးအသင်းများအား ကျောင်းသား၊ ကျောင်းသူလေးများက ပန်းစည်းဆက်သကြပါသည်။
(၃.၈.၂၀၂၆)ရက်၊ တနင်္လာနေ့၊ ညနေ(၃း၀၀)အချိန်တွင် ဟင်္သာတမြို့၊ မြို့နယ်ပြည်သူ့အားကစားကွင်း၌ ဆုပေးပွဲအခမ်းအနားကိုကျင်းပပြုလုပ်ရာ ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က ကျေးဇူးတင် အမှာစကားပြောကြားပြီး ဆုရအသင်းများအား ဆုချီးမြှင့်ရာတွင် နှစ်သိမ့်ဆုရရှိသော Phoenix(FC)နှင့် Unique(FC) အမျိုးသမီးဖူဆယ် ဘောလုံးအသင်းကို ဘာသာစကားဌာန(အင်္ဂလိပ်စာ)ဌာနမှ ဒေါ်ဝင်းသိင်္ဂီမြင့်၊ တွဲဖက်ပါမောက္ခနှင့် တွက်ချက်ရေးမဟာဌာနမှ ဒေါ်ခိုင်ကြည်ဇာဆွေ၊ ကထိက တို့ကလည်းကောင်း၊ တတိယဆု ရရှိသော Cyber(FC) အမျိုးသမီးဖူဆယ်ဘောလုံးအသင်းကို ကွန်ပျူတာစနစ်နှင့်နည်းပညာ မဟာဌာနမှ ပါမောက္ခ / ဌာနမှူး ဒေါက်တာခင်ကြူကြူ ကလည်းကောင်း၊ ဒုတိယဆုရရှိသော All Star(FC) အမျိုးသမီးဖူဆယ် ဘောလုံး အသင်းကို သုတသိပ္ပံမဟာဌာနမှ ပါမောက္ခ/ ဌာနမှူး ဒေါက်တာသဲသဲစိုး ကလည်းကောင်း၊ နှစ်သိမ့်ဆုရရှိသော Cyber(FC) နှင့် Dream(FC) အမျိုးသားဘောလုံးအသင်းကို ကွန်ပျူတာသိပ္ပံမဟာဌာနမှ ပါမောက္ခ/ ဌာနမှူး ဒေါက်တာအိအိမွန်နှင့် တွက်ချက်ရေးမဟာဌာနမှ ပါမောက္ခ/ ဌာနမှူး ဒေါက်တာသဲသဲထွေး တို့ကလည်းကောင်း၊ တတိယဆုရရှိသော Phoenix(FC) အမျိုးသားဘောလုံးအသင်းကို သင်တန်းရေးရာဌာနမှ ဒုတိယဌာနမှူး ဒေါ်စန်းစန်းမြတ် တို့ကလည်းကောင်း၊ ဒုတိယဆုရရှိသော All Star(FC) အမျိုးသားဘောလုံးအသင်းကို သဘာဝ သိပ္ပံဌာနမှ ပါမောက္ခ/ ဌာနမှူး ဒေါက်တာနော်ဝေဝေဆင် ကလည်းကောင်း၊ ပထမဆုရရှိသော Unique(FC) အမျိုးသားဘောလုံးအသင်းနှင့် Dream(FC) အမျိုးသမီးဖူဆယ်ဘောလုံးအသင်းတို့ကို ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်ကလည်းကောင်း ဆုများကိုအသီးသီးချီးမြှင့်ခဲ့ပါသည်။ ၎င်းအပြင် အမျိုးသမီးဖူဆယ် ဘောလုံး အသင်းတွင် ဂိုးသွင်းအများဆုံးဆုကို Dream(FC)မှ မဖူးမြတ်သွယ်၊ ဂိုးသမား အကောင်းဆုံးဆုကို All Star(FC)မှ မသင်းသင်းထိုက်၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစားသမားဆုကို Dream(FC)မှ မဖူးမြတ်သွယ်၊ အမျိုးသမီးဖူဆယ် ဘောလုံးအထူးဆုကို Dream(FC)မှ မနွယ်နီထက်၊ အမျိုးသားဘောလုံးအသင်း ဂိုးသမားအကောင်းဆုံးဆုကို Dream(FC)မှ မောင်ဒွန်းသစ္စ၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆု ကို Unique(FC)မှ မောင်ပိုင်မျိုးဝေ၊ နောက်တန်းအကောင်းဆုံးဆုကို All Star(FC)မှ မောင်ဒေသမိုး၊ အလယ်တန်း အကောင်းဆုံးဆုကို Unique(FC)မှ မောင်ဂျေညီလင်း၊ ရှေ့တန်းအကောင်း ဆုံးဆုကို Phoenix(FC)မှ စဟန်ထွန်းစိုး တို့အား တာဝန်ရှိသူများနှင့် Sponsor များက ဆုများအသီးသီးကို ချီးမြှင့်ခဲ့ပါသည်။
















