(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်စာစီစာကုံး၊ကဗျာထူးချွန်ဆုပေးပွဲနှင့် လူငယ်စကား ဝိုင်းအခမ်းအနားကို ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၉)ရက် ကြာသပတေးနေ့ နံနက် (၉)နာရီတွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ ရွှေဝါထွန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်မှ အဖွင့်အမှာစကားပြောကြား ပြီး ဆုရကျောင်းသား၊ကျောင်းသူများအား ဆရာ/ဆရာမများမှ ဆုချီးမြှင့်ခဲ့ပါသည်။ အစီအစဥ်အရ ပြည်ထောင်စုစိတ်ဓါတ် ရှင်သန်ခိုင် မာစေရေးအတွက် မြန်မာစာဌာနမှ ဌာနမှူးဒေါက်တာချယ်ရီထွန်း ဦးဆောင်၍ ဆုရ ကျောင်းသား/ကျောင်းသူများနှင့် လူငယ်စကား ဝိုင်းပြုလုပ်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်သီချင်းများ၊အကများနှင့်ဧည့်ခံဖျော်ဖြေပြီးနောက် ပြည်ထောင်စု နေ့ အဓိဌာန်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ နေ့လည်ပိုင်းတွင် ပြည်ထောင်စုနေ့ အထိမ်း အမှတ်တိုင်းရင်းသား ရိုးရာ အစားအစာ စျေးရောင်းပွဲတော် ကိုသင်တန်းနှစ်အလိုက် ရောင်းချပြီး ကျောင်းသား/ကျောင်းသူများမှပျော်ရွှင်စွာဆင်နွှဲခဲ့ကြပါသည်။ Please follow and like…
Category: Uncategorized
(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) မိသားစုမှ သွေးလှူဒါန်းပွဲ ကျင်းပခြင်း
(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) မိသားစုမှ ၁၈-၁-၂၀၂၃ ရက်နေ့တွင် ဟင်္သာတမြို့ အထွေထွေရောဂါကု ဆေးရုံကြီး၊ သွေးလှူဘဏ်သို့ သွေးအလုံးရေ (၂၀) လုံး အား သွားရောက် လှူဒါန်းခဲ့ပါသည်။ Please follow and like us:
၇၅နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ရှိ မဟော်သဓာ (၄)ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း
၇၅နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ရှိ မဟော်သဓာ (၄)ထပ် ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၉ရက်နေ့ နံနက်ပိုင်းတွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၌ ပြုလုပ်ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းမှ စက်ခလုတ်နှိပ် ဖွင့်လှစ်၍ ကျောင်းဆောင်သစ်ကမည်းမော်ကွန်းအား အမွှေးနံသာရည်များ ပက်ဖြန်းခဲ့ကြပါသည်။ ထို့နောက် ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လမ်းညွှန် မှာကြားခဲ့ပါသည်။ ဒုတိယပိုင်းအစီအစဥ်အနေဖြင့် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ ရွှေဝါထွန်းခန်းမတွင် ဝန်ကြီးချုပ်မှ ကျောင်းဆောင်သစ်ဖွင့်ပွဲအမှာစကားပြောကြားပြီး၊ ခိုင်ရတီကုမဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးမင်းဝဏ အဆောက်အအုံဆိုင်ရာအချက်အလက်များကိုရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ဒုတိယပါမောကချုပ် ဒေါက်တာထွန်းမြတ်အောင်မှ…
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပခြင်း
ဧရာဝတီတိုင်းဒေသကြီး ၊ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ ကွန်ပျူတာတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲကို ဒီဇင်ဘာ ၁၄ရက်နေ့ နံနက် ၉ နာရီမှစတင်၍ အဆိုပါတက္ကသိုလ် ရွှေဝါထွန်းခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားတွင် ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)မှ ကျောင်းအုပ်ကြီး ဒုတိယပါမောက္ခ ချုပ် ဒေါက်တာ ထွန်းမြတ်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် “ယနေ့ခေတ်သည် ပညာခေတ် ၊ နည်းပညာအသုံးချသည့် ခေတ်ဖြစ်သည့်အားလျော်စွာ ကွန်ပျူတာ ပညာရပ်သည် လူမူ့ဘဝတစ်လျောက်လုံး အတွက် အရေးပါကြောင်း ၊မောင်မယ်တို့အနေဖြင့် ဘဝရည်မှန်းချက်ပန်းတိုင်ကိုအောင်မြင်စွာ ဖြတ်သန်းကြပြီး နောင်တစ်ချိန်တွင်မိမိဘဝကောင်းကျိုး ၊ပတ်ဝန်းကျင် ကောင်းကျိုးနှင့် အမိမြန်မာနိုင်တော်ကြီး၏ ကောင်းကျိုးများကို တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်သည့် အဆင့်မြင့် ကွန်ပျူတာပညာရှင် လူငယ်မောင်မယ်များ ဖြစ်အောင်…
ပညာသင်ထောက်ပံ့ကြေးလျှောက်ထားနိုင်ရန်ကြေညာခြင်း
၁။ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် (၂၀၂၀ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်) ပထမနှစ် (ဒုတိယနှစ်ဝက်)သင်တန်းသို့ တက်ရောက်နေ သော ကျောင်းသား၊ ကျောင်းသူ (၁၇)ဦးအား ပညာသင်ထောက်ပံ့ကြေးဆု တစ်လလျှင် ၃၀၀၀၀ိ/-(သုံးသောင်း ကျပ်) ဖြင့် (၁၀လ)ကို စိစစ်ရွေးချယ်မည် ဖြစ်ပါသည်။၂။ ပညာသင်ထောက်ပံ့ကြေး လျှောက်ထားလိုသော ကျောင်းသား၊ ကျောင်းသူများသည် ပညာသင်ထောက်ပံ့ကြေးလျှောက်လွှာကို ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)ကျောင်သား ရေးရာဌာနတွင် ကိုယ်တိုင် လာရောက်ထုတ်ယူ၍ (၂၅.၁၁.၂၀၂၂)ရက်၊ သောကြာနေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။ပူးတွဲတင်ပြရမည့်အချက်များ(၁) လိုင်စင်ဓါတ်ပုံ(၃)ပုံ၊မိသားစုဓါတ်ပုံနှင့်နေအိမ်ဓါတ်ပုံ(၂) မှတ်ပုံတင်မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ(၃) ပညာသင်ဆုလျှောက်ထားသော အခြားအဖွဲ့အစည်းနှင့်ပုဂ္ဂိုလ်များ(၄) မိမိကိုယ်တိုင်ပညာသင်ထောက်ပံ့ကြေးလျှောက်ထားခြင်းအကြောင်း ရှင်းလင်းတင်ပြချက်(ကိုယ်တိုင်လက်ရေးဖြင့်)(၅) ကျောင်းစာပြင်ပလှုပ်ရှားမှုနှင့်အောင်မြင်မှုများ(အထောက်အထားမိတ္တူ)(၆) ဘဝရည်မှန်းချက်(ကိုယ်တိုင်လက်ရေးဖြင့်)မှတ်ချက်။ အသေးစိတ်သိရှိလိုပါက ကျောင်းသားရေးရာဌာန (၀၉-၇၈၃၅၄၃၉၀၃)သို့ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ပါသည်။ပညာသင်ထောက်ပံ့ကြေးပေးရေးသဘောထားမူများ ၁။မိဘနှစ်ဦးနှင့် မိမိကိုယ်တိုင် သုံးဦးစလုံး တိုင်းရင်းသား/နိုင်ငံသားဖြစ်ရမည်။၂။ဆင်းရဲနွမ်းပါးသဖြင့်တက္ကသိုလ်ပညာကို ဆက်လက်သင်ကြားရန်…
ကျောင်းအပ်နှံရက် တိုးမြှင့်ကြောင်း ကြေငြာခြင်း
အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များတွင် ပထမနှစ် (ဒုတိယနှစ်ဝက်) နှင့် ဒုတိယနှစ်မှ ပဥမနှစ် သင်တန်းများ၏ ကျောင်းအပ်လက်ခံခြင်းများကို (၃၀-၁၁-၂၀၂၂) ရက်အထိ (စနေနေ့နှင့် တနဂႅနွေနေ့များအပါအဝင်) တိုးမြှင့်လက်ခံဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။ Please follow and like us:
2022 ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး ကွန်ပျူတာတက္ကသိုလ်( ဟင်္သာတ)သို့ ဝင်ခွင့်ရသူများစာရင်းကိုထုတ်ပြန်ကြေငြာခြင်း
2022 ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး ကွန်ပျူတာတက္ကသိုလ် ( ဟင်္သာတ)သို့ ဝင်ခွင့်ရသူများစာရင်းကို 3-11-2022ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)ရှိကြေငြာသင်ပုန်းတွင်ကပ်ထားမည်ဖြစ်ကြောင်း ကြေငြာအပ်ပါသည်။ Please follow and like us:
ကျောင်းအပ်လက်ခံမည့်ရက်အား ထုတ်ပြန်အသိပေးခြင်း
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ် များတွင် ပထမနှစ်(ဒုတိယနှစ်ဝက်)နှင့် ဒုတိယနှစ်မှ ပါရဂူဘွဲ့အထိ သင်တန်းများအားလုံးကို ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၁၀ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။ ကျောင်းအပ်လက်ခံခြင်းကို (၂၇-၁၀-၂၀၂၂) ရက်မှ (၁၈-၁၁-၂၀၂၂) ရက်ထိ (စနေနေ့နှင့် တနင်္ဂနွေနေ့များ အပါအဝင်) လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ်(ပထမနှစ်ဝက်) သင်တန်းများကို ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ၂၁ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်းကြေညာအပ်ပါသည်။ Please follow and like us:
သူနာပြုသားဖွားဒီပလိုမာ (၃)နှစ်သင်တန်း ပထမနှစ်သင်တန်းသား၊သင်တန်းသူများ၏ICT အသုံးချသင်တန်းဆင်းပွဲ ကျင်းပခြင်း
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သူနာပြုသားဖွားဒီပလိုမာ (၃)နှစ်သင်တန်း ပထမနှစ်သင်တန်းသား၊သင်တန်းသူများ၏ ICT အသုံးချသင်တန်းဆင်းပွဲ အခမ်း အနားကို ၂၈-၁၀-၂၀၂၂ရက်နေ့ နေ့လယ် (၁)နာရီက အဆိုပါကျောင်း ရွှေဝါထွန်းခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သူနာပြုသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေဝေဝေလွင်က ကျေးဇူးတင်စကားပြောကြားခဲ့ကာ ကွန်ပျူတာတက္ကသိုလ်ကျောင်းအုပ်ကြီးမှ သူနာပြုသင်တန်းသူ/သင်တန်းသားများ အား ICTသင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူး တင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းဆင်းပွဲသို့ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ဒုတိယပါမောက္ခချုပ်နှင့် ဌာနမှူးများ၊ သူနာပြုသင်တန်းကျောင်းအုပ်ကြီးနှင့် ဆရာဆရာမများ၊…
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ၏ နောက်ဆက်တွဲစာမေးပွဲ ဖြေဆိုမည့်ရက်များ ထုတ်ပြန်အသိပေးခြင်း
ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ၏ အောင်စာရင်းများအား ကျောင်းသား/ကျောင်းသူများ ၏ emailများသို့ ပေးပို့ထုတ်ပြန်ပြီး ဖြစ်ပါသည်။ Re-exam ဖြေဆိုရမည့် ကျောင်းသား/ကျောင်းသူများအား email ဖြင့်လည်းကောင်း၊ ဖုန်းဖြင့် လည်းကောင်း ဆက်သွယ်အကြောင်းကြားပြီး ဖြစ်ပါသည်။ Re-exam စာမေးပွဲအား ၂၀-၁၀-၂၀၂၂၊ ၂၁-၁၀-၂၀၂၂၊ ၂၅-၁၀-၂၀၂၂၊ ၂၆-၁၀-၂၀၂၂ ရက်နေ့များတွင် ကျင်းပမည်ဖြစ်ပါသည်။နောက်ဆက်တွဲ စာမေးပွဲတွင်ပါ သတ်မှတ်အောင်မှတ်အတွက် Grade Score မှတ်မပြည့်မီပါကျရှုံးဘာသာအဖြစ်သတ်မှတ်ပြီး အနီးဆုံးကပ်လျှက်ပညာသင်နှစ် ၏ Semester တွင် ကျရှုံးဘာသာအား (Re-take)ထပ်ယူရမည် ဖြစ်ကြောင်းအသိပေးအပ်ပါသည်။ Please follow and like us:
