ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ ဌာနအကြီးအကဲဖြစ်သူ ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်သည် ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)၊ ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်း များ အားလုံးအား (၂၀.၆.၂၀၂၃) ရက်နေ့တွင် တွေ့ဆုံပြီး အမှာစကားပြောကြားခဲ့ပါသည်။ အမှာစကားပြော ကြားရာတွင် ဌာန အသီးသီးရှိ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအားလုံးသည် တက္ကသိုလ်၏ Vision/ Mission များကို အောင်မြင်အောင် မိမိ ဌာနအလိုက် လိုအပ်သည် များကို ပူးပေါင်းဆောင်ရွက်ရန်၊ ဝန်ထမ်းနည်းဥပဒေဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာရန်နှင့် စီမံရေးရာ ကိစ္စရပ်များကို ရုံးလုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ရန်၊ လုံခြုံရေးအား အစဉ်အမြဲသတိပြုနေထိုင်ရန် တာဝန် ထမ်းဆောင်ရန်နှင့် တရားမဝင်အဖွဲ့ အစည်းနှင့် ပါဝင်ပတ်သက်ခြင်းမပြုရန်၊ ယဉ်ကျေးသော လူ့အသိုင်းအဝိုင်းဖြစ်အောင် ပြုမူ နေထိုင်ပြောဆိုဆက်ဆံရန်နှင့် အထက်အောက် အပြန်အလှန် လေးစားစွာ ဆက်ဆံရန်၊ တက္ကသိုလ်၏ လှုပ်ရှားမှုများနှင့် မိမိ ဌာန ၏ သုတေသနလုပ်ငန်းများကို တက်ညီလက်ညီဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ပါသည်။ ထို့နောက် ဆရာ၊ ဆရာမများနှင့်ဝန်ထမ်းများက တင်ပြဆွေးနွေးရန်မရှိပါသဖြင့် ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ)သို့ အသစ်ပြောင်းရွှေ့ တာဝန် ထမ်းဆောင်လာသော ဆရာ၊ ဆရာမများနှင့် စိတ်ထားဖြူစင်မြင့်မြတ်သော ဆရာမများအား လက်ဆောင်ပစ္စည်း များပေးအပ်ခဲ့ပါသည်။
တွေ့ဆုံပွဲကျင်းပခြင်း
Please follow and like us: