ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ရှိ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) တွင် (၁၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အစမ်းအခမ်းအနားကို ၂၀၂၃ခုနှစ်၊ မေလ(၂၆)ရက်၊သောကြာနေ့ နံနက်(၉)နာရီ တွင်ပြုလုပ်ကျင်းပ ခဲ့ပြီး ဘွဲ့နှင်း သဘင်အခမ်းအနားကို ၂၀၂၃ခုနှစ်၊ မေလ(၂၇)ရက်၊ စနေနေ့ နံနက်(၉)နာရီတွင် အဆိုပါကျောင်း ရွှေဝါထွန်းခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။
ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ကွန်ပျူတာသိပ္ပံဘွဲ့ (B.C.Sc) ဘွဲ့ရ (၃၉)ဦးနှင့် ကွန်ပျူတာ နည်း ပညာဘွဲ့ (B.C.Tech) ဘွဲ့ရ (၁၁)ဦး ၊ စုစုပေါင်း ဘွဲ့ရမောင်မယ် (၅၀) ဦးအား ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်မှ ဘွဲ့များကိုအပ်နှင်းခဲ့ပါသည်။ ဒုတိယပါမောက္ခချုပ်က ဘွဲ့ရမောင်မယ် များအား မိန့်ခွန်းပြောကြားရာတွင် IT နည်းပညာရပ်များသည် နိုင်ငံတော်၏ စီးပွားရေး၊ လူမူရေး တိုးတက်မှုတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ အမိတက္ကသိုလ်အနေဖြင့် နိုင်ငံ တော်အတွက် အားထားရသော IT လူ့စွမ်းအားအရင်းအမြစ်များကို နိုင်ငံတတာ သင်ရိုးညွှန်းတမ်း များ နှင့်အညီ လေ့ကျင့်ပျိုးထောင်မွေးထုတ်ပေးလျက်ရှိကြောင်း၊ ဘွဲ့ရမောင်မယ်များအား လက်တွေ့လုပ် ဆောင်နိုင်မှု စွမ်းဆောင်ရည် အရည်အသွေး မြင့်မားရေးအတွက် Internship Project များကို ကိုယ်တိုင် ကိုယ်ကျ လုပ်ဆောင်တက်အောင် လေ့ကျင့်ပျိုးထောင်ပေးခဲ့ကြောင်း၊ အမိတက္ကသိုလ်အနေဖြင့် မောင် မယ်တို့အား အတက် ပညာသာမက အသိပညာများကိုပါ သိနိုင်ရရှိန် အသိပညာဟောပြောပွဲများ ပြု လုပ်ပေးခဲ့ကြောင်း၊ အမိတက္ကသိုလ်၏ လေ့ကျင့်ပေးမှုမှ ရရှိသော အတက်ပညာ လက်ရုံးရည်၊ နှလုံး ရည် လူမူဆက်ဆံရေး စွမ်းဆောင်မှုများဖြင့် ပြည့်စုံသော လူငယ်ခေါင်းဆောင်များအဖြစ် နိုင်ငံတော် ကြီး အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားကြရန်၊ ယဉ်ကျေးသော လူ့အဖွဲ့အစည်းကို တည်ဆောက်ရန် အလေးအနက်တိုက်တွန်းမှာကြားခဲ့ပါသည်။

![IMG_1168](http://ucsh.edu.mm/wp-content/uploads/2023/05/IMG_1168-1024x682.jpg)
![IMG_1187](http://ucsh.edu.mm/wp-content/uploads/2023/05/IMG_1187-1024x682.jpg)
![IMG_1198](http://ucsh.edu.mm/wp-content/uploads/2023/05/IMG_1198-1024x682.jpg)
![IMG_1206](http://ucsh.edu.mm/wp-content/uploads/2023/05/IMG_1206-1024x682.jpg)
![IMG_1274](http://ucsh.edu.mm/wp-content/uploads/2023/05/IMG_1274-1024x682.jpg)
![IMG_1473](http://ucsh.edu.mm/wp-content/uploads/2023/05/IMG_1473-1024x682.jpg)
![IMG_1498](http://ucsh.edu.mm/wp-content/uploads/2023/05/IMG_1498-1024x682.jpg)
![IMG_1508](http://ucsh.edu.mm/wp-content/uploads/2023/05/IMG_1508-1024x682.jpg)
![IMG_1542](http://ucsh.edu.mm/wp-content/uploads/2023/05/IMG_1542-1024x682.jpg)
![IMG_1601](http://ucsh.edu.mm/wp-content/uploads/2023/05/IMG_1601-1024x682.jpg)
![IMG_1636](http://ucsh.edu.mm/wp-content/uploads/2023/05/IMG_1636-1024x682.jpg)
![IMG_1630](http://ucsh.edu.mm/wp-content/uploads/2023/05/IMG_1630-1024x682.jpg)