ဧရာဝတီတိုင်းဒေသကြီး ၊ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ကွန်ပျူတာ တက္ကသိုလ်တွင် ဇူလိုင် ၆ နံနက် ၁၀ နာရီမှ စတင်၍ ဆရာ၊ဆရာမများ ၊ကျောင်းသား၊ ကျောင်းသူများ ၊ဝန်ထမ်းများ နှင့်ဝန်ထမ်း မိသားစုဝင် များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာ ကွယ်နိုင်ရေးအတွက် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြသည်။ ထိုသို့ ကာကွယ်ဆေးများ ထိုးနှံခြင်းကို ကွန်ပျူတာ တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင်နှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနမှ တာဝန်ရှိသူတို့က လိုက်လံ ကြည့်ရှု အားပေးခဲ့ ကြသည်။ ပထမနှစ်မှ စတုတ္ထနှစ်အထိ တက်ရောက်ပညာသင်ကြား နေကြ သော ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာ ကျောင်းသား ကျောင်းသူများနှင့်ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ စုစုပေါင်း ၂၃၂ ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း Booster Dose များကို ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထား သော စည်းကမ်းချက်များနှင့်အညီ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ နှင့် သူနာပြုဆရာမများက စနစ်တကျ ထိုးနှံပေးခဲ့ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) အိမ်ရာစီမံရေး ကော်မ တီ အဖွဲ့တို့ပူးပေါင်း၍ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးအနေဖြင့် ရေကန်များ အသီးသီးတွင် ခြင်မပေါက်ဖွားရေး အတွက် ဖုံး၊သွန်၊လဲ၊စစ် အဘိတ်ဆေးခပ်ထည့်ခြင်း၊ ခြင်ခိုအောင်း နိုင်သည့်နေရာများအား ရှင်းလင်းခြင်းနှင့် အိမ်ရာများအနီး တွင် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။