ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ရှိ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘွဲ့ကြိုကျောင်းသား/ကျောင်းသူများ၏ Internship Project ပြပွဲအခမ်းအနားကို ဧပြီလ (၃) ရက်နေ့ မနက် ၁၁နာရီ အချိန်တွင် အဆိုပါကျောင်း ရွှေဝါထွန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးမြင့်သန်းဝင်းကတက်ရောက် အဖွင့်အမှာစကားပြောကြား ပြီးနောက် ဆုရရှိခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ထို့နောက်ဆုရ ကျောင်း သား/ ကျောင်းသူများမှ ဆုရ Project များကို လက်တွေ့ခင်းကျင်းသရုပ်ပြသခဲ့ကြပါသည်။ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူ များ၏ Internship Project များကို လှည့်လည်ကြည့်ရှုခဲ့ကြရာ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)မှ ကျောင်းအုပ်ကြီး ဒေါက်တာထွန်းမြတ်အောင်နှင့် Project တာဝန်ခံ များက သိရှိလိုသည်များကို အသေးစိတ်ပြန်လည်ရှင်းလင်းပြသခဲ့ကြပါသည်။
![IMG_0999](http://ucsh.edu.mm/wp-content/uploads/2023/05/IMG_0999-1024x682.jpg)
![IMG_1011](http://ucsh.edu.mm/wp-content/uploads/2023/05/IMG_1011-1024x682.jpg)
![IMG_1020](http://ucsh.edu.mm/wp-content/uploads/2023/05/IMG_1020-1024x682.jpg)
![IMG_1038](http://ucsh.edu.mm/wp-content/uploads/2023/05/IMG_1038-1024x682.jpg)
![IMG_1070](http://ucsh.edu.mm/wp-content/uploads/2023/05/IMG_1070-1024x682.jpg)
![IMG_1096](http://ucsh.edu.mm/wp-content/uploads/2023/05/IMG_1096-1024x682.jpg)
![IMG_1137](http://ucsh.edu.mm/wp-content/uploads/2023/05/IMG_1137-1024x682.jpg)
![IMG_1148](http://ucsh.edu.mm/wp-content/uploads/2023/05/IMG_1148-1024x682.jpg)
![IMG_0950](http://ucsh.edu.mm/wp-content/uploads/2023/05/IMG_0950-1024x682.jpg)
![IMG_0957](http://ucsh.edu.mm/wp-content/uploads/2023/05/IMG_0957-1024x682.jpg)