ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင် ၊ဟင်္သာတမြို့နယ် ပြည်သူ့အားကစားပြိုင်ကွင်း၌ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ ၂၀၂၃ ခုနှစ်၊ မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနားနှင့်ဆုပေးပွဲ ကို (၂၈-၇-၂၀၂၃)ရက်နေ့ ညနေ ၅ နာရီက အဆိုပါ နေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။အခမ်းအနားသို့ ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ) ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ် အောင်နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ပြိုင်ပွဲဝင်အ သင်းသားများစုစုပေါင်းအင်အား (၂၅၀) ဦး ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ကွန်ပျူတာ တက္ကသိုလ် (ဟင်္သာတ)မှ ကျောင်းသူလေးများက ပန်းပွားအကများဖြင့် ကပြဖျော်ဖြေခဲ့ ကြပြီးဒုတိယပါမောက္ခချုပ် ဆရာကြီး ဒေါက်တာ ထွန်းမြတ်အောင် မှ ကျင်းပရေးကော်မတီများ၊ဝိုင်းဝန်းကူညီဆောင်ရွက် ပေးခဲ့ ကြသောအားကစားနှင့်လူငယ်ရေးရာဌာနမှတာဝန်ရှိသူများ ၊ဒိုင်အဖွဲ့ဝင်များ၊ပွဲစဥ်တလျောက်လုံးတွင် ထိခိုက်ဒဏ်ရာ ရှိသူများ အား လိုအပ်သော ကူညီစောင့်ရှောက်မူများပေးခဲ့ကြသော ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ပြိုင်ပွဲတွင် အားကစားစိတ်ဓါတ်အပြည့်ဖြင့် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသောအသင်းသားများအား လှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်း ကျေးဇူးတင်အမှာစကားပြောကြားခဲ့ပြီး ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ ၂၀၂၃ ခုနှစ်၊ မိုးရာသီဘောလုံးအားကစားပြိုင်ပွဲတွင် ဒိုင်အ ဖြစ်ဆောင်ရွက်ပေးခဲ့ကြသူများ အား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင်ခြင်း၊ ပြိုင်ပွဲဝင်အ သင်း(၄)သင်းမှ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိသော အသင်းများအားဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင်နှင့် တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ခြင်း၊ ရှေ့တန်း၊အလယ်တန်း၊နောက်တန်းနှင့်ဂိုးသမားတစ်ဦးချင်းအကောင်းဆုံးဆု ရရှိသူများအား သက်ဆိုင်ရာပါမောက္ခဌာနမှူးများမှ ဆုတံဆိပ်နှင့်ငွေသားဆုများအသီးသီးချီးမြှင့်ခြင်းများပြုလုပ်ခဲ့ပြီး တံခွန်စိုက်ဆုဖလားရရှိခဲ့သော အဝါရောင်အသင်းအား ဒေါက်တာထွန်းမြတ်အောင်က ဆုဖလားနှင့်ငွေသားဆုများ ပေးအပ်ချီးမြှင့် ခဲ့ပါသည်။