ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ ဌာနအကြီးအကဲဖြစ်သူ ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်သည် ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)၊ ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်း များ အားလုံးအား (၂၀.၆.၂၀၂၃) ရက်နေ့တွင် တွေ့ဆုံပြီး အမှာစကားပြောကြားခဲ့ပါသည်။ အမှာစကားပြော ကြားရာတွင် ဌာန အသီးသီးရှိ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအားလုံးသည် တက္ကသိုလ်၏ Vision/ Mission များကို အောင်မြင်အောင် မိမိ ဌာနအလိုက် လိုအပ်သည် များကို ပူးပေါင်းဆောင်ရွက်ရန်၊ ဝန်ထမ်းနည်းဥပဒေဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာရန်နှင့် စီမံရေးရာ ကိစ္စရပ်များကို ရုံးလုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ရန်၊ လုံခြုံရေးအား အစဉ်အမြဲသတိပြုနေထိုင်ရန် တာဝန် ထမ်းဆောင်ရန်နှင့် တရားမဝင်အဖွဲ့ အစည်းနှင့် ပါဝင်ပတ်သက်ခြင်းမပြုရန်၊ ယဉ်ကျေးသော လူ့အသိုင်းအဝိုင်းဖြစ်အောင် ပြုမူ နေထိုင်ပြောဆိုဆက်ဆံရန်နှင့်…
Category: Uncategorized
အပြောင်းတာဝန်ထမ်းဆောင်မည့် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအား နှုတ်ဆက်ပွဲပြုလုပ်ကျင်းပခြင်း
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် လာရောက်တာဝန်ထမ်းဆောင်ခဲ့ပြီး အခြား တက္ကသိုလ် များသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအား (၃၁.၅.၂၀၂၃)၊ ဗုဒ္ဓဟူးနေ့တွင် ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်က တွေ့ဆုံနှုတ်ဆက် ကျေးဇူးတင် အမှာစကားပြောကြားပြီး အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ပါသည်။ Please follow and like us:
နိုင်ငံတကာအဆင့်မီ သင်ကြား၊ သင်ယူမှု အရည်အသွေးအာမခံမှု Seoul Accord ရရှိရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲ ပြုလုပ်ကျင်းပခြင်း
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ကွန်ပျူ တာတက္ကသိုလ်(ဟင်္သာတ)၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်က သင်ကြား၊ စီမံဌာန အသီးသီး၏ ဌာနမှူးများ၊ ဌာနတာဝန်ခံများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအားလုံးကို တွေ့ဆုံကာ အမိတက္ကသိုလ်အနေဖြင့် နိုင်ငံတကာအဆင့်မီ သင်ကြား၊ သင်ယူမှုအရည် အသွေး အာမခံမှု Seoul Accord အသိအမှတ်ပြု ရရှိနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို (၂၂.၅.၂၀၂၃)၊ တနင်္လာနေ့၊ နံနက် (၉:၃၀) အချိန်တွင် ရှင်းလင်းဆွေးနွေး လမ်းညွှန်မှာကြားခဲ့ပါသည်။ Please follow and like us:
(၁၃) ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပခြင်း
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ရှိ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) တွင် (၁၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အစမ်းအခမ်းအနားကို ၂၀၂၃ခုနှစ်၊ မေလ(၂၆)ရက်၊သောကြာနေ့ နံနက်(၉)နာရီ တွင်ပြုလုပ်ကျင်းပ ခဲ့ပြီး ဘွဲ့နှင်း သဘင်အခမ်းအနားကို ၂၀၂၃ခုနှစ်၊ မေလ(၂၇)ရက်၊ စနေနေ့ နံနက်(၉)နာရီတွင် အဆိုပါကျောင်း ရွှေဝါထွန်းခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ကွန်ပျူတာသိပ္ပံဘွဲ့ (B.C.Sc) ဘွဲ့ရ (၃၉)ဦးနှင့် ကွန်ပျူတာ နည်း ပညာဘွဲ့ (B.C.Tech) ဘွဲ့ရ (၁၁)ဦး ၊ စုစုပေါင်း ဘွဲ့ရမောင်မယ် (၅၀) ဦးအား ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်မှ ဘွဲ့များကိုအပ်နှင်းခဲ့ပါသည်။ ဒုတိယပါမောက္ခချုပ်က ဘွဲ့ရမောင်မယ် များအား မိန့်ခွန်းပြောကြားရာတွင် IT နည်းပညာရပ်များသည် နိုင်ငံတော်၏ စီးပွားရေး၊ လူမူရေး…
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် ဘွဲ့ကြိုမောင်မယ်များ၏ Internship Project ပြပွဲအခမ်းအနားကျင်းပခြင်း
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ရှိ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘွဲ့ကြိုကျောင်းသား/ကျောင်းသူများ၏ Internship Project ပြပွဲအခမ်းအနားကို ဧပြီလ (၃) ရက်နေ့ မနက် ၁၁နာရီ အချိန်တွင် အဆိုပါကျောင်း ရွှေဝါထွန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးမြင့်သန်းဝင်းကတက်ရောက် အဖွင့်အမှာစကားပြောကြား ပြီးနောက် ဆုရရှိခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ထို့နောက်ဆုရ ကျောင်း သား/ ကျောင်းသူများမှ ဆုရ Project များကို လက်တွေ့ခင်းကျင်းသရုပ်ပြသခဲ့ကြပါသည်။ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူ များ၏ Internship Project များကို လှည့်လည်ကြည့်ရှုခဲ့ကြရာ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)မှ ကျောင်းအုပ်ကြီး ဒေါက်တာထွန်းမြတ်အောင်နှင့် Project…
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ သင်တန်းကာလအစီအစဉ်
Please follow and like us:
(၁၃)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အတွက် ဓာတ်ပုံနှင့်ဗွီဒီယိုမှတ်တမ်း တင်ဒါခေါ်ယူခြင်း
ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)တွင် (၁၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို (၂၆-၅-၂၀၂၃) ရက်နေ့ နှင့် (၂၇-၅-၂၀၂၃) ရက်နေ့များတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ဓာတ်ပုံနှင့်ဗွီဒီယိုမှတ်တမ်း ရိုက်ကူးရေးကိစ္စ ဆောင်ရွက်ရန် တင်ဒါလျှောက်ထားလိုသူများသည် သတ်မှတ်စည်းမျဉ်းနှင့်အညီ လာရောက် လျှောက်ထားနိုင်ပါကြောင်း ကြေညာအပ်ပါသည်။ တင်ဒါလျှောက်လွှာလက်ခံမည့်ရက် – ၁၉-၄-၂၀၂၃ ရက်နေ့မှ ၂၄-၄-၂၀၂၃ ရက်နေ့အထိ နေရာ – ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) အချိန် – နံနက် ၉:၀၀ နာရီ မှ ညနေ ၃:၀၀ နာရီအထိ ဘွဲ့နှင်းသဘင်ကျင်းပရေးကော်မတီကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) Please follow and like us:
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ (၁၃)ကြိမ်မြောက်ဘွဲ့နှင်းသဘင်လျှောက်လွှာခေါ်ယူခြင်း
၁။ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ကွန်ပျူတာသိပ္ပံဘွဲ့ (B.C.Sc.)သင်တန်းနှင့် ကွန်ပျူတာနည်းပညာဘွဲ့(B.C.Tech.)သင်တန်း စာမေးပွဲအောင်မြင်သူများအတွက် ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ)၏ (၁၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ရွှေဝါထွန်း ခန်းမတွင် (၂၆-၅-၂၀၂၃)ရက်၊ (သောကြာနေ့) အစမ်းလေ့ကျင့်ပွဲနှင့် (၂၇-၅-၂၀၂၃)ရက်၊ (စနေနေ့)တွင် ဘွဲ့နှင်းသဘင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။၂။ ဘွဲ့နှင်းသဘင်လျှောက်လွှာ လျှောက်ထားလိုသူများသည် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် သတ်မှတ် ထားသည့် လျှောက်လွှာပုံစံဖြင့် (၃)လအတွင်း ရိုက်ကူးထားသော (၁ ၁/၂” x ၂”) အရွယ် ဓါတ်ပုံ(၃)ပုံ ပူးတွဲ၍ ဘွဲ့နှင်းသဘင်တက်ရောက်ရန် (သို့မဟုတ်) အဝေးရောက်ယူရန်ဟု ထင်ရှားစွာ ဖော်ပြလျှက်၂၀၂၃ခုနှစ်၊ မေလ ( ၁၂ )ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။၃။ ဘွဲ့နှင်းသဘင်ကြေးမှာ တက်ရောက်ဘွဲ့ ၁၅၀၀ိ/-(ကျပ်တစ်ထောင့်ငါးရာကျပ်တိတိ)၊ အဝေးရောက်ဘွဲ့ ၁၀၀၀ိ/-(ကျပ်တစ်ထောင်တိတိ)ကို…
အာစရိယပူဇော်ပွဲကျင်းပခြင်း
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင်အာစရိယပူဇော်ပွဲကို (၂၂.၂.၂၀၂၃) ရက်နေ့ နေ့လည် (၂)နာရီ တွင် ရွှေဝါထွန်းခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူများမှ ကန်တော့ချိုးနှင့် ဆရာ/ဆရာမများ အား ကန်တော့ခဲ့ကြပြီး ဒုတိယပါမောက္ခချုပ်ဒေါက်တာထွန်းမြတ်အောင်နှင့် ဆရာ/ဆရာများမှ ကျောင်းသား/ ကျောင်း သူများကို ဆုတောင်းစကားများပြောကြားခဲ့ပါသည်။ Please follow and like us:
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် မီးဘေးအန္တရာယ်လုံခြုံရေးဆိုင်ရာပညာပေးဟောပြောပွဲကျင်းပခြင်း
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် မီးဘေးအန္တရာယ်လုံခြုံရေးဆိုင်ရာပညာပေးဟောပြောပွဲကို (၁၇.၂.၂၀၂၃) ရက်နေ့ နေ့လည် ၂ နာရီတွင် ရွှေဝါထွန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးဦးထွန်းနောင် မှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာများကို ဟောပြောခဲ့ ကြပါသည်။ ဟောပြောပွဲအပြီးတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူးမှ မီးငြိမ်းသတ်ရေးလက်တွေ့ သရုပ်ပြ သင်ကြား ပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများမှ လက်တွေ့လေ့ကျင့် ဆောင်ရွက်ခဲ့ ကြပါသည်။ Please follow and like us:
