ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ တာငါးဆယ် တောင်ရပ်ကွက်ရှိ ကွန်ပျူတာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ စာသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဩဂုတ် ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်မှ အဖွင့်အမှာ စကား ပြောကြားပြီး၊ ခရိုင် စားသုံးရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ စားသုံးသူကာကွယ်ရေး အကြောင်း သိကောင်းစရာများနှင့်ပတ်သက်၍ ဟော ပြောခြင်း၊ ဒုခရိုင်မှူး ဦးမောင်မောင်မြတ်ခိုင် မှ စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေများနှင့်ပတ်သက်၍ ဟောပြောဆွေးနွေး ခြင်းများ ဆောင်ရွက်ခဲ့ပြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင်မှ အမှတ်တရလက်ဆောင် ပစ္စည်းများ ပြန်လည် ပေးအပ်ခြင်းနှင့် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ဟောပြောပွဲသို့ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင်၊ ဟင်္သာတခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်း၊ ဒုတိယခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်၊ မြို့နယ်စားသုံးသူရေးရာ ဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးကျော်၊ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)မှ ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ သူများစုစုပေါင်အင်အား (၃၀၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။