University of Computer Studies, Hinthada
Menu
  • Home
    • About Us
    • Organization Chart
    • Campus Facilities
      • Laboratories
      • Library
      • Sports
      • Traditional Events
      • Supporting
    • Academic
      • Admission
        • Admission Requirements
        • Academic Calendar
        • Admission Fees
        • Academic Credit Unit
      • courses & Syllabuses
        • 5 years Credit System Curriculum
          • B.C.Sc Courses
          • B.C.Tech Courses
        • 4 Year Credit System Curriculum
          • B.C.Sc Courses
          • B.C.Tech Courses
        • D.C.Sc
      • Academic Calendar
        • 2026-2027
      • Moodle Learning Management System
  • Faculities & Staff
    • Vice Rector
    • Academic
      • Faculty of Computer Science
      • Faculty of Computer Systems and Technologies
      • Faculty of Information Science
      • Faculty of Computing
      • Department of Information Technology Supporting and Maintenance
      • Department of Language
      • Department of Natural Science
    • Administration
      • Department of Student Affairs
      • Department of Staff Affairs
      • Department of Finance
  • University Journal
    • Home
    • Journal Publication
      • 2024 Vol. 1
      • 2025 Vol. 2
  • Research
    • Pest and Diseases Detection System
  • e-service
    • Grading Information System
    • Student Registration System
    • Class Timetable System
    • STUDENT INFORMATION SYSTEM
  • News & Activities
    • News
    • Activities
    • Donation
  • Contact
    • Contact us
    • Alumni
    • FAQs
Menu

ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ)တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ၏ နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ

Posted on October 3, 2023October 4, 2023 by admin

                    ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ရှိ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်းသဘင်ခန်းမတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန စတင်တည်ထောင်သည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို အောက်တိုဘာလ နေ့လည်(၁း၃၀)ခန့်က ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန စတင်ပေါ်ပေါက်လာပုံသမိုင်းကြောင်း သိပ္ပံနှင်နည်းပညာဝန်ကြီးဌာနရှိဦးစီး ဌာနများအကြောင်း၊ သိပ္ပံနှင်နည်းပညာ ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ပြည်ထောင်စု ဝန်ကြီးများအကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ၏ရည်မှန်းချက်၊ မူဝါဒများအကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)ရှိ သင်ကြားရေးဌာနမှူးများက မိမိတို့ဌာနနှင့် သက်ဆိုင်သော ဘာသာရပ်များအား သင်ကြား၊ သင်ယူမှုအရည်အသွေး ပိုမိုတိုးတက်အောင်စီမံ ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များအားစာတမ်းဖတ်ကြားခဲ့ပါသည်။ ထို့ပြင်သင်တန်းရေးရာဌာနမှူးက ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် ဖွင့်လှစ်ခဲ့သောသင်တန်းများနှင့် နောင်လာမည့်သင်တန်းများ ထပ်မံဖွင်လှစ်မည့်အကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် နိုင်ငံဝန်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်)တွင် အလယ်အလတ်အဆင့်အရာထမ်းစီမံခန့်ခွဲ့မှု ဒီပလိုမာသင်တန်း အမှတ်စဉ်(၇)တွင် အဆင့်(၈)ရရှိခဲ့သော ကွန်ပျူတာသိပ္ပံမဟာဌာနမှကထိက ဒေါ်ကြူကြူဝင်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ ရည်မှန်းချက်ဖြစ်သည့် အရည်အချင်းပြည့်ဝသော လူ့စွမ်းအား အရင်းအမြစ်များမွေးထုတ်ပေးနိုင်ရေးကို ဦးဆောင်ဦးရွက်ပြုသော Internship Project Coordinator ‌ဒေါ်လဲ့ရည်ဝင်းလွင်၊ တွဲဖက်ပါမောက္ခ၊ သုတသိပ္ပံမဟာဌာနတို့အား ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်က ဂုဏ်ပြုမှတ်တမ်းလွှာနှင့်လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ဝန်ကြီးဌာနနှစ်ပတ်လည်နေ့တွင် အခမ်းအနားတက်ရောက်ခဲ့ကြသော ဝန်ထမ်းများအား အကျွေးအမွေး ဖြင့်ဧည့်ခံခဲ့ပါသည်။

Please follow and like us:

Recent News

  • မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် သနပ်ခါးလိမ်းခြယ်မှုပြိုင်ပွဲ
  • ကျန်းမာရေးအကြောင်း သိကောင်းစရာ ဟောပြောပွဲ
  • International Girls in ICT Day အထိမ်းအမှတ် Project ပြိုင်ပွဲ
  • စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ
  • “Online လိမ်လည်မှု၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း သိကောင်းစရာများ” အသိပညာပေးဟောပြောပွဲ
August 2026
M T W T F S S
« Jul    
 12
3456789
10111213141516
17181920212223
24252627282930
31  

Contact Us

No.28, Kayin Kyaung Street,  TarNgar Se (South)Quarter, Hinthada Township, Ayeyarwaddy Region, Myanmar. Postcode – 100601

+95  044 22725, 09783543901

cu.hinthada@gmail.com

Like Us On Facebook

Facebook Pagelike Widget
©2026 University of Computer Studies, Hinthada