University of Computer Studies, Hinthada
Menu
  • Home
    • About Us
    • Campus Facilities
    • Organization Chart
  • Academic
    • Admission
      • Admission Requirements
      • Academic Calendar
      • Admission Fees
      • Academic Credit Unit
    • courses & Syllabuses
      • B.C.Sc Courses
      • B.C.Tech Courses
    • Moodle Learning Management System
  • Faculities & Staff
    • Prorector
    • Academic
      • Faculty of Computer Science
      • Faculty of Computer Systems and Technologies
      • Faculty of Information Science
      • Faculty of Computing
      • Department of Information Technology Supporting and Maintenance
      • Department of Language
      • Department of Natural Science
    • Administration
      • Department of Student Affairs
      • Department of Staff Affairs
      • Department of Finance
  • Research
    • Pest and Diseases Detection System
  • Library
    • Library Management System
  • News & Activities
    • News
    • Activities
    • Donation
  • Contact
    • Contact us
    • Alumni
    • FAQs
Menu

ဟင်္သာတ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသော MSMEs လုပ်ငန်းများအတွက် နည်းပညာမျှဝေခြင်းအခမ်းအနား ကျင်းပခြင်း

Posted on August 28, 2023August 28, 2023 by admin

             ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ၊ဟင်္သာတမြို့နယ်ရှိ နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် နည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့မှ ပူးပေါင်းကျင်းပသော MSMEs လုပ်ငန်းများအတွက် နည်းပညာမျှဝေခြင်း အခမ်း အနားကို (၂၅-၈-၂၀၂၃)   နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။

           အခမ်းအနားသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်သန်းဝင်း၊ ကွန်ပျူတာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်၊ နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးမိုးထွန်း၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့မှ ပါမောက္ခဆရာ/ ဆရာမများ၊ ကျောင်းသား/ သူများ၊ ဟင်္သာတမြို့နယ် အတွင်းရှိ MSMEs ထုတ်ကုန်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်သန်းဝင်းက "ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုလုပ်ငန်းများမှ နိုင်ငံအတွက် အကျိုးအမြတ်ရရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ MSMEs ကုန် ထုတ်လုပ်ငန်း များမှ တိုင်းပြည်၏ GDP တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီးပွါးရေးလုပ်ငန်းရှင်များမှ ကုန်ထုတ် စီးပွါးတိုးတက်အောင် ဆောင်ရွက်နေသကဲ့သ်ို့ တက္ကသိုလ်များမှလည်း ထူးချွန်သော လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ကြ ရမည်ဖြစ်ကြောင်း၊ သုတေသနလုပ်ငန်းများတွင် ပေါင်းစပ် ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း"အဖွင့်အမှာစကား ပြောကြားပါ သည်။ ဆက်လက်၍ ကွန်ပျူတာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်က အမှာစကားပြောကြားပြီး၊ နည်းပညာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးမိုးထွန်းက နည်းပညာတက္ကသိုလ်အတွင်း ထုတ်ကုန်လုပ်ငန်းများ တိုး တက်ရေးအတွက် စက်မှုသုတေသနလုပ်ငန်းများဆောင်ရွက်မှုနှင့် သင်တန်းများပို့ချမှု အခြေအနေ များအား ရှင်းလင်းပြောကြား ခဲ့သည် ။ထို့‌နောက် တက်ရောက်လာကြသူများမှ သိရှိလိုသည်များ ၊မေးမြန်း မှု များကို နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်မှ ပါမောက္ခဆရာ/ဆရာမများမှ ပြန်လည် ဖြေကြားရှင်းလင်းခြင်းများ ပြုလုပ်ခဲ့ကြပြီး ခင်းကျင်းပြသထားသည့် MSMEs လုပ်ငန်းများအတွက် အထောက်အကူပြု စမ်းသပ်တီထွင်ပြသထားသော ပရောဂျက်ဆိုင်ရာများကို တာဝန်ရှိသူများ နှင့်တက်ရောက်လာကြသော စီးပွားရေးလုပ်ငန်းရှင်များက လိုက်လံကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရ သည်။

Please follow and like us:

Recent News

  • ဟင်္သာတ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသော MSMEs လုပ်ငန်းများအတွက် နည်းပညာမျှဝေခြင်းအခမ်းအနား ကျင်းပခြင်း
  • ဟင်္သာတမြို့၊ ကွန်ပျူတာတက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခြင်း
  • ဆရာ/ဆရာမများ၊ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများ၏ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပခြင်း
  • ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ)၏ ၂၀၂၃ ခုနှစ်၊ မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနားနှင့်ဆုပေးပွဲ ကျင်းပခြင်း
  • ဟင်္သာတ ကွန်ပျူတာတက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူများ အား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း
September 2023
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930  

Contact Us

No.28, Kayin Kyaung Street,  TarNgar Se (South)Quarter, Hinthada Township, Ayeyarwaddy Region, Myanmar. Postcode – 100601

+95  044 22725, 09783543901

cu.hinthada@gmail.com

Like Us On Facebook

Facebook Pagelike Widget
©2023 University of Computer Studies, Hinthada