ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် Quality Assurance Workshop ကို (၂၉.၁၂.၂၀၂၃) သောကြာနေ့ နံနက်(၁၀:၀၀)အချိန်တွင် တက္ကသိုလ် ရှင်းလင်းဆောင်၌ ကျင်းပပြုလုပ်ရာ သင်ကြားရေးဌာနမှူးများ၊ ဒုတိယဌာနမှူးများနှင့် သင်တန်းရေးရာဌာနမှူးများ တက်ရောက် ဆွေးနွေးကြပါသည်။ အဆိုပါ Workshop တွင် ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်က တက္ကသိုလ်၏ သင်ကြား၊ သင်ယူမှုအရည်အသွေးများ တိုးတက်မှုရှိစေရေးအတွက် သင်ကြား၊ သင်ယူမှုအရည်အသွေးဆိုင်ရာ စီမံခန့်ခွဲမှုကိစ္စရပ်များကို ဌာနမှူးများက မိမိဌာန၏ သင်ကြား၊ သင်ယူမှုအရည်အသွေးဆိုင်ရာ စီမံခန့်ခွဲမှုများကို စနစ်တကျဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့ပြီး သင်ကြားရေးဌာနအသီးသီးအတွက် သတ်မှတ်ရန်လိုအပ်နေသော Vision, Mission, Goal, Objectives, Action Plan များနှင့်ပတ်သက်၍ Knowledge Sharing အနေဖြင့် ဆွေးနွေး ပြောကြားခဲ့ပြီး ဌာနမှူးများက မိမိတို့ဌာနနှင့်သက်ဆိုင်သော Vision, Mission, Goal, Quality Objectives, Core Value များကို ဆွေးနွေး၍ အတည်ပြု ဆောင်ရွက်နိုင်ခဲ့ပြီး အဆိုပါ Workshop ကို နေ့လည်(၂:၀၀)နာရီခန့်တွင် ပြီးစီးခဲ့ပါသည်။

