၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုပေးပွဲကို (၂၄.၁၂.၂၀၂၅) ရက်၊ ဗုဒ္ဓဟူးနေ့တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာ ထွန်းမြတ်အောင်က အဖွင့်အမှာစကားပြောြကားပြီး ပထမနှစ်၊ ကွန်ပျူတာသိပ္ပံနှင့်နည်းပညာသင်တန်းကို အမှတ် အများဆုံးဖြင့်ဝင်ခွင့်ရရှိသော ကျောင်းသူမနှင်းမွန်ကျော်(1CST-1)အား ဆုချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ဒုတိယနှစ်၊ ကွန်ပျူတာသိပ္ပံသင်တန်းကို အမှတ်အများဆုံးဖြင့် တက်ရောက်ခွင့်ရရှိသော ကျောင်းသူ မဖြိုးမြတ် သူဇာ(2CS-1)ကို သင်တန်းမှူး ဒေါ်ဝင်းမာစိုး(ကထိက)ကလည်းကောင်း၊ ဒုတိယနှစ်၊ ကွန်ပျူတာနည်းပညာ သင်တန်းကို အမှတ်အများဆုံးဖြင့် တက်ရောက်ခွင့်ရရှိသော ကျောင်းသူ မအေးပြည့်ပြည့်သူ(2CT-1)ကို သင်တန်းမှူး ဒေါ်ယဉ်မာသန်း(တွဲဖက်ပါမောက္ခ)ကလည်းကောင်း၊ တတိယနှစ်၊ ကွန်ပျူတာသိပ္ပံသင်တန်းကို အမှတ်အများဆုံးဖြင့် တက်ရောက်ခွင့်ရရှိသော ကျောင်းသူ မသဲစုစံ(3CS-1)ကို သင်တန်းမှူး ဒေါ်ခိုင်ကြည်ဇာဆွေ (ကထိက)ကလည်းကောင်း၊ တတိယနှစ်၊ ကွန်ပျူတာနည်းပညာသင်တန်းကို အမှတ်အများဆုံးဖြင့် တက်ရောက် ခွင့်ရရှိသော ကျောင်းသူ မသင်းအိစံ(3CT-1)ကို သင်တန်းမှူး…
Month: December 2025
ဘွဲ့နှင်းသဘင်ရက်ပြောင်းလဲသတ်မှတ်ခြင်းကြေငြာချက်
ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ၏(၁၅)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို (၁၀.၁.၂၀၂၆)ရက်နေ့(စနေနေ့)အစမ်းလေ့ကျင့်ပွဲ နှင့် (၁၁.၁.၂၀၂၆)ရက်နေ့(တနင်္ဂနွေနေ့)များအဖြစ်ပြောင်းလဲကျင်းပမည်ဖြစ်ကြောင်းအကြောင်းကြားပါသည်။ Please follow and like us:
မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင် ဘာလ ၂၃ ရက်နေ့၌ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ မောင်မယ် သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက မြကျွန်းညိုညို သီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မောင်တို့မယ်တို့သည် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး တက္ကသိုလ်ပညာရပ်များ ဆည်းပူးနိုင်ရန် မိမိတို့ဝါသနာပါရာ ဘာသာရပ်များကိုရွေးချယ်၍ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံအသီးသီးကို တက်ရောက်ပညာသင်ယူနေကြပြီဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံအသီးသီးတွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲများကို ပြုလုပ်လျက်ရှိပါကြောင်း၊ တက္ကသိုလ်ဝန်းများ အတွင်း အရိပ်ရလေကာပင်များစိုက်ပျိုးရန်နှင့် တက္ကသိုလ်၏ပုံရိပ်ကိုပေါ်လွင်စေသည့် ကံ့ကော်၊ စိန်ပန်း၊ ပိတောက်ကဲ့သို့သော အပင်များစိုက်ပျိုးရန်လိုကြောင်း၊ မောင်တို့မယ်တို့အား နိုင်ငံတော်ကအားထားရသော ICT ဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင်…
ကျန်းမာရေးအကြောင်း သိကောင်းစရာ ဟောပြောပွဲ
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်ချက်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောကို (၁၁.၁၂.၂၀၂၅) ရက်၊ ကြာသ ပတေးနေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် တက္ကသိုလ်၏ဘွဲ့နှင်းသဘင်ခန်းမ၌ ဆောင်ရွက်ရာ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ၊ ဝန်ထမ်းအင်အား(၅၀၀)ခန့်နှင့် ဟင်္သာတခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဟင်္သာတမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ခရိုင်ဦးစီးမှူး၊ ဒေါက်တာနေခြည်ထက်ထက်လင်းအောင်နှင့် အတူ ပြည်သူ့ကျန်းမာရေးဝန်ထမ်း(၅)ဦး တက်ရောက်ကြပါသည်။အဆိုပါအခမ်းအနားတွင် ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က အဖွင့်အမှာစကား ပြောကြားရာ၌ အာရောဂျံပရမံလာဘံ ဆိုရိုးစကားအတိုင်း ကျန်းမာခြင်းသည် လာဘ်တစ်ပါးပင်ဖြစ်ပါကြောင်း၊ နေ့စဉ်လူမှုဘဝတွင် ကျန်းမာရေးသည် အဓိကပဓာနကျပါကြောင်း၊ ကျန်းမာမှ အလုပ်အကိုင်များလုပ်နိုင်မည် ဖြစ်ကြောင်း၊ ကိုယ်ခန္ဓာကျန်းမာမှ စိတ်ချမ်းသာမှုကိုရစေမည်ဖြစ်ကြောင်း၊ မကျန်းမာပါက မိမိနှင့်တကွ မိမိ မိသားစုများ စိတ်ဆင်းရဲရမည်ဖြစ်ကြောင်း၊ မကျန်းမာပါက နိုင်ငံတော်၏ ထုတ်လုပ်မှုစွမ်းအားများ ထိခိုက်နစ်နာ နိုင်ပါကြောင်း၊ တက္ကသိုလ်ကျောင်းသား၊…
မဟာဝိဇယသိဒ္ဓိ ကျောက်စိမ်းစေတီတော်မြတ်ကြီးသို့ စုပေါင်းကုသိုလ်ပြုခြင်း
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ ကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့စေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ရင်းနှီးမှုရရှိစေရန်၊ ဒေသန္တရဗဟုသုတများ ရရှိစေရန်တို့အတွက် ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က ဆရာ၊ ဆရာမ မိသားစုများနှင့် ဝန်ထမ်းများအား ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့၌ တည်ထား ကိုးကွယ်သော မဟာဝိဇယသိဒ္ဓိ ကျောက်စိမ်းစေတီတော်မြတ်ကြီးထီးတော်တင်ပွဲ၌ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ စုစုပေါင်းလှူဒါန်းငွေ ကျပ်(၇၅၀၀၀၀၀)အား ဗုဒ္ဓရုပ်ပွားတော် တစ်ဆူကို စုပေါင်းကုသိုလ်ပြုပြီး၊ (၇.၁၂.၂၀၂၅) ရက်နေ့နှင့် (၈.၁၂.၂၀၂၅) ရက်နေ့များတွင် ဘုရားပွဲသို့ ဘုရားဖူးပို့ဆောင်ပေးခဲ့ပါသည် Please follow and like us:
(၁၅)ကြိမ်မြောက်ဘွဲ့နှင်းသဘင်လျှောက်လွှာခေါ်ယူခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာနအဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ (၁၅)ကြိမ်မြောက်ဘွဲ့နှင်းသဘင်လျှောက်လွှာခေါ်ယူခြင်း၁။ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ ၂၀၂၄-၂၀၂၅ပညာသင်နှစ်၊ ကွန်ပျူတာသိပ္ပံဘွဲ့(B.C.Sc.) သင်တန်း၊ ကွန်ပျူတာနည်းပညာဘွဲ့(B.C.Tech.)သင်တန်းနှင့် ဘွဲ့လွန်ကွန်ပျူတာသိပ္ပံဒီပလိုမာဘွဲ့(D.C.Sc.) သင်တန်းစာမေးပွဲ အောင်မြင်သူများအတွက် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ (၁၅)ကြိမ်မြောက် ဘွဲ့နှင်း သဘင်အခမ်းအနားကို ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်းသဘင်ခန်းမတွင် (၉-၁-၂၀၂၆)ရက်၊ (သောကြာနေ့) အစမ်းလေ့ကျင့်ပွဲနှင့် (၁၀-၁-၂၀၂၆)ရက်၊ (စနေနေ့)တွင် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပါသည်။၂။ ဘွဲ့နှင်းသဘင်လျှောက်လွှာ လျှောက်ထားလိုသူများသည် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံဖြင့် (၃)လအတွင်း ရိုက်ကူးထားသော (၁ ၁/၂” x ၂”) အရွယ် ဓါတ်ပုံ(၃)ပုံ ပူးတွဲ၍ ဘွဲ့နှင်းသဘင်တက်ရောက်ရန် (သို့မဟုတ်) အဝေးရောက်ယူရန်ဟု ထင်ရှားစွာ ဖော်ပြလျှက်၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ( ၁၃ )ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။၃။ ဘွဲ့နှင်းသဘင်ကြေးမှာ တက်ရောက်ဘွဲ့ ၁၅၀၀ိ/-(ကျပ်တစ်ထောင့်ငါးရာကျပ်တိတိ)၊ အဝေးရောက်ဘွဲ့ ၁၀၀၀ိ/-(ကျပ်တစ်ထောင်တိတိ)ကို…
