ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ ကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့စေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ရင်းနှီးမှုရရှိစေရန်၊ ဒေသန္တရဗဟုသုတများ ရရှိစေရန်တို့အတွက် ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က ဆရာ၊ ဆရာမ မိသားစုများနှင့် ဝန်ထမ်းများအား ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့၌ တည်ထား ကိုးကွယ်သော မဟာဝိဇယသိဒ္ဓိ ကျောက်စိမ်းစေတီတော်မြတ်ကြီးထီးတော်တင်ပွဲ၌ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ စုစုပေါင်းလှူဒါန်းငွေ ကျပ်(၇၅၀၀၀၀၀)အား ဗုဒ္ဓရုပ်ပွားတော် တစ်ဆူကို စုပေါင်းကုသိုလ်ပြုပြီး၊ (၇.၁၂.၂၀၂၅) ရက်နေ့နှင့် (၈.၁၂.၂၀၂၅) ရက်နေ့များတွင် ဘုရားပွဲသို့ ဘုရားဖူးပို့ဆောင်ပေးခဲ့ပါသည် Please follow and like us:
