ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်ချက်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောကို (၁၁.၁၂.၂၀၂၅) ရက်၊ ကြာသ ပတေးနေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် တက္ကသိုလ်၏ဘွဲ့နှင်းသဘင်ခန်းမ၌ ဆောင်ရွက်ရာ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ၊ ဝန်ထမ်းအင်အား(၅၀၀)ခန့်နှင့် ဟင်္သာတခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဟင်္သာတမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ခရိုင်ဦးစီးမှူး၊ ဒေါက်တာနေခြည်ထက်ထက်လင်းအောင်နှင့် အတူ ပြည်သူ့ကျန်းမာရေးဝန်ထမ်း(၅)ဦး တက်ရောက်ကြပါသည်။
အဆိုပါအခမ်းအနားတွင် ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က အဖွင့်အမှာစကား ပြောကြားရာ၌ အာရောဂျံပရမံလာဘံ ဆိုရိုးစကားအတိုင်း ကျန်းမာခြင်းသည် လာဘ်တစ်ပါးပင်ဖြစ်ပါကြောင်း၊ နေ့စဉ်လူမှုဘဝတွင် ကျန်းမာရေးသည် အဓိကပဓာနကျပါကြောင်း၊ ကျန်းမာမှ အလုပ်အကိုင်များလုပ်နိုင်မည် ဖြစ်ကြောင်း၊ ကိုယ်ခန္ဓာကျန်းမာမှ စိတ်ချမ်းသာမှုကိုရစေမည်ဖြစ်ကြောင်း၊ မကျန်းမာပါက မိမိနှင့်တကွ မိမိ မိသားစုများ စိတ်ဆင်းရဲရမည်ဖြစ်ကြောင်း၊ မကျန်းမာပါက နိုင်ငံတော်၏ ထုတ်လုပ်မှုစွမ်းအားများ ထိခိုက်နစ်နာ နိုင်ပါကြောင်း၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျန်းမာရေးအကြောင်း သိရှိထားမှသာလျှင် ယခုပစ္စုပ္ပန်ကာလ၌တွင်သာမက အနာဂတ်ကာလအတွက်လည်း ကျန်းမာသောလူမှုဘဝကို တည်ဆောက်နိုင် မည်ဖြစ်ပါကြောင်း၊ ပျမ်းမျှလူ့သက်တမ်းသည်လည်း ပိုမိုကြာရှည်မည်ဖြစ်ပါကြောင်း၊ မိသားစုဘဝလည်း အလုပ် အကိုင်များ ကောင်းကောင်းလုပ်နိုင်ပြီး စိတ်ပျော်ရွှင်မှုရရှိနိုင်မည်ဖြစ်ကြောင်း၊ ဒါ့ကြောင့် အမိတက္ကသိုလ်မှ မွေးထုတ်ပေးလိုက်သော လူသားအရင်းအမြစ်များသည် ကျန်းမာသန်စွမ်းပြီး အလုပ်လုပ်နိုင်သည့် လူသားအရင်း အမြစ်များဖြစ်စေလို၍ ယခုအသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါ သည်။
အဆိုပါအခမ်းအနားတွင် ခရိုင်ပြည်သူ့ကျန်းမာရေး၊ ခရိုင်ဦးစီးမှူး၊ ဒေါက်တာနေခြည်ထက်ထက် လင်းအောင်နှင့် တာဝန်ရှိသူများက ကူးစက်ရောဂါများအကြောင်း၊ မကူးစက်သောရောဂါများအကြောင်း၊ ကျန်းမာ စေရန် နေ့စဉ်အာဟာရပြည့်ဝအောင် စားသောက်နေထိုင်မှုပုံစံများ၊ ဘဝတစ်သက်တာအတွက် လိုအပ်သော နေ့စဉ်ဆောင်ရန်ရှောင်ရန် ကျန်းမာရေးသိကောင်းစရာများကို PowerPoint Slide များဖြင့် အသေးစိတ် ပြည့်ပြည့်စုံစုံရှင်းလင်းဟောပြောပြီး၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။
အခမ်းအနားတွင် ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ်အဖြစ် သီဆိုထားသော “အဓိကမျှော်တွေး ကျန်းမာရေး” သီချင်းဖြင့် ပဉ္စမနှစ်ကျောင်းသူ၊ မသက်ဆုလှိုင်က သီဆိုဖျော်ဖြေ၍ အခမ်းအနားကို နေ့လယ် (၁၂း၀၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။






