ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင် ဘာလ ၂၃ ရက်နေ့၌ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ မောင်မယ် သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက မြကျွန်းညိုညို သီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မောင်တို့မယ်တို့သည် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး တက္ကသိုလ်ပညာရပ်များ ဆည်းပူးနိုင်ရန် မိမိတို့ဝါသနာပါရာ ဘာသာရပ်များကိုရွေးချယ်၍ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံအသီးသီးကို တက်ရောက်ပညာသင်ယူနေကြပြီဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံအသီးသီးတွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲများကို ပြုလုပ်လျက်ရှိပါကြောင်း၊ တက္ကသိုလ်ဝန်းများ အတွင်း အရိပ်ရလေကာပင်များစိုက်ပျိုးရန်နှင့် တက္ကသိုလ်၏ပုံရိပ်ကိုပေါ်လွင်စေသည့် ကံ့ကော်၊ စိန်ပန်း၊ ပိတောက်ကဲ့သို့သော အပင်များစိုက်ပျိုးရန်လိုကြောင်း၊ မောင်တို့မယ်တို့အား နိုင်ငံတော်ကအားထားရသော ICT ဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ကြိုးစားသွားကြရန်လိုပါကြောင်းနှင့် အနာဂတ်တွင် နိုင်ငံ့တာဝန်များ ပုခုံးပြောင်းထမ်းဆောင်နိုင်သူများဖြစ်ကြပါစေကြောင်း နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)အတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ရာ ဒုတိယပါမောက္ခချုပ်က လက်ခံ ရယူခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့သည်။






