(၄.၃.၂၀၂၅)ရက်၊ အင်္ဂါနေ့၊ နံနက်(၁၀း၃၀)အချိန်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်းသဘင် ခန်းမ၌ မြန်မာ့သနပ်ခါးနေ့လှုပ်ရှားမှု အခမ်းအနားကျင်းပပြုလုပ်ရာ ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာ ထွန်းမြတ်အောင်က အဖွင့်အမှာစကားပြောကြားပြီး၊ တွဲဖက်ပါမောက္ခ၊ ဒေါ်ဝင်းသိင်္ဂီမြင့်က သနပ်ခါးအကြောင်း သိကောင်းစရာများဖြစ်သည့် မြန်မာ့သနပ်ခါးသမိုင်းအကြောင်း၊ သနပ်ခါးပင်အကြောင်း၊ သနပ်ခါးလိမ်းခြယ်မှုနှင့် မြန်မာ့ယဉ်ကျေးမှုဓလေ့အကြောင်း၊ သနပ်ခါးပင်၏အသုံးဝင်ပုံအကြောင်း စသည်တို့ကိုဟောပြောခဲ့ပြီး၊ သနပ်ခါး လိမ်းခြယ်မှုပြိုင်ပွဲအား ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ၊ စုစုပေါင်း(၄၀၀)ဦး တက်ရောက်ခဲ့ပြီး၊ သနပ်ခါးလိမ်းခြယ်မှုပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများ နှင့်ဆရာမ စုစုပေါင်း(၃၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။ ဆုရရှိသူများအား တာဝန်ရှိသူအသီးသီးက ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ အခမ်းအနားကို နေ့လယ်(၁း၃၀)အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။ Please follow and like us:
Day: March 6, 2025
မီးဘေးနှင့် မီးခိုးအန္တရာယ်အကြောင်း သိကောင်းစရာဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲ ကျင်းပခြင်း
(၂၁.၂.၂၀၂၅)ရက်၊ သောကြာနေ့၊ မွန်းလွဲ(၁း၃၀)အချိန်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်း သဘင်ခန်းမ၌ မီးဘေးနှင့်မီးခိုးအန္တရာယ်အကြောင်း သိကောင်းစရာဟောပြောပွဲကို ဆောင်ရွက်ရာ၊ ဒုတိယ ပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က မီးဘေးနှင့်မီးခိုးအန္တရာယ်အကြောင်း သိကောင်းစရာဟောပြောပွဲ ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ ဟင်္သာတခရိုင် မီးသတ်ဦးစီးမှူး၊ ဦးဟိန်းသူဟန်က မီးဘေးနှင့် မီးခိုးအန္တရာယ်အကြောင်း သိကောင်းစရာများကို PowerPoint Slide များ၊ Video Clip များဖြင့် ဟောပြောပို့ချခဲ့ပါသည်။ ယင်းနောက် ဟင်္သာတမြို့နယ်မီးသတ်ဦးစီးမှူး ဦးဥက္ကာနှင့် တာဝန်ရှိသူ များမှ လက်တွေ့မီးငြိမ်းသတ်မှုသရုပ်ပြခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းအင်အား(၁၅၀)ဦးခန့် တက်ရောက်ပြီး ညနေ(၃း၃၀)အချိန်တွင် ပြီးစီးခဲ့ပါသည်။ Please follow and like us: