(၄.၃.၂၀၂၅)ရက်၊ အင်္ဂါနေ့၊ နံနက်(၁၀း၃၀)အချိန်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်းသဘင် ခန်းမ၌ မြန်မာ့သနပ်ခါးနေ့လှုပ်ရှားမှု အခမ်းအနားကျင်းပပြုလုပ်ရာ ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာ ထွန်းမြတ်အောင်က အဖွင့်အမှာစကားပြောကြားပြီး၊ တွဲဖက်ပါမောက္ခ၊ ဒေါ်ဝင်းသိင်္ဂီမြင့်က သနပ်ခါးအကြောင်း သိကောင်းစရာများဖြစ်သည့် မြန်မာ့သနပ်ခါးသမိုင်းအကြောင်း၊ သနပ်ခါးပင်အကြောင်း၊ သနပ်ခါးလိမ်းခြယ်မှုနှင့် မြန်မာ့ယဉ်ကျေးမှုဓလေ့အကြောင်း၊ သနပ်ခါးပင်၏အသုံးဝင်ပုံအကြောင်း စသည်တို့ကိုဟောပြောခဲ့ပြီး၊ သနပ်ခါး လိမ်းခြယ်မှုပြိုင်ပွဲအား ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ၊ စုစုပေါင်း(၄၀၀)ဦး တက်ရောက်ခဲ့ပြီး၊ သနပ်ခါးလိမ်းခြယ်မှုပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများ နှင့်ဆရာမ စုစုပေါင်း(၃၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။ ဆုရရှိသူများအား တာဝန်ရှိသူအသီးသီးက ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ အခမ်းအနားကို နေ့လယ်(၁း၃၀)အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။









