(၂၁.၂.၂၀၂၅)ရက်၊ သောကြာနေ့၊ မွန်းလွဲ(၁း၃၀)အချိန်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်း သဘင်ခန်းမ၌ မီးဘေးနှင့်မီးခိုးအန္တရာယ်အကြောင်း သိကောင်းစရာဟောပြောပွဲကို ဆောင်ရွက်ရာ၊ ဒုတိယ ပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က မီးဘေးနှင့်မီးခိုးအန္တရာယ်အကြောင်း သိကောင်းစရာဟောပြောပွဲ ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ ဟင်္သာတခရိုင် မီးသတ်ဦးစီးမှူး၊ ဦးဟိန်းသူဟန်က မီးဘေးနှင့် မီးခိုးအန္တရာယ်အကြောင်း သိကောင်းစရာများကို PowerPoint Slide များ၊ Video Clip များဖြင့် ဟောပြောပို့ချခဲ့ပါသည်။ ယင်းနောက် ဟင်္သာတမြို့နယ်မီးသတ်ဦးစီးမှူး ဦးဥက္ကာနှင့် တာဝန်ရှိသူ များမှ လက်တွေ့မီးငြိမ်းသတ်မှုသရုပ်ပြခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းအင်အား(၁၅၀)ဦးခန့် တက်ရောက်ပြီး ညနေ(၃း၃၀)အချိန်တွင် ပြီးစီးခဲ့ပါသည်။



