သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ် များတွင် ပထမနှစ်(ဒုတိယနှစ်ဝက်)နှင့် ဒုတိယနှစ်မှ ပါရဂူဘွဲ့အထိ သင်တန်းများအားလုံးကို ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၁၀ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။ ကျောင်းအပ်လက်ခံခြင်းကို (၂၇-၁၀-၂၀၂၂) ရက်မှ (၁၈-၁၁-၂၀၂၂) ရက်ထိ (စနေနေ့နှင့် တနင်္ဂနွေနေ့များ အပါအဝင်) လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ်(ပထမနှစ်ဝက်) သင်တန်းများကို ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ၂၁ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်းကြေညာအပ်ပါသည်။ Please follow and like us:
Month: October 2022
သူနာပြုသားဖွားဒီပလိုမာ (၃)နှစ်သင်တန်း ပထမနှစ်သင်တန်းသား၊သင်တန်းသူများ၏ICT အသုံးချသင်တန်းဆင်းပွဲ ကျင်းပခြင်း
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သူနာပြုသားဖွားဒီပလိုမာ (၃)နှစ်သင်တန်း ပထမနှစ်သင်တန်းသား၊သင်တန်းသူများ၏ ICT အသုံးချသင်တန်းဆင်းပွဲ အခမ်း အနားကို ၂၈-၁၀-၂၀၂၂ရက်နေ့ နေ့လယ် (၁)နာရီက အဆိုပါကျောင်း ရွှေဝါထွန်းခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သူနာပြုသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေဝေဝေလွင်က ကျေးဇူးတင်စကားပြောကြားခဲ့ကာ ကွန်ပျူတာတက္ကသိုလ်ကျောင်းအုပ်ကြီးမှ သူနာပြုသင်တန်းသူ/သင်တန်းသားများ အား ICTသင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူး တင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းဆင်းပွဲသို့ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ဒုတိယပါမောက္ခချုပ်နှင့် ဌာနမှူးများ၊ သူနာပြုသင်တန်းကျောင်းအုပ်ကြီးနှင့် ဆရာဆရာမများ၊…
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ၏ နောက်ဆက်တွဲစာမေးပွဲ ဖြေဆိုမည့်ရက်များ ထုတ်ပြန်အသိပေးခြင်း
ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ၏ အောင်စာရင်းများအား ကျောင်းသား/ကျောင်းသူများ ၏ emailများသို့ ပေးပို့ထုတ်ပြန်ပြီး ဖြစ်ပါသည်။ Re-exam ဖြေဆိုရမည့် ကျောင်းသား/ကျောင်းသူများအား email ဖြင့်လည်းကောင်း၊ ဖုန်းဖြင့် လည်းကောင်း ဆက်သွယ်အကြောင်းကြားပြီး ဖြစ်ပါသည်။ Re-exam စာမေးပွဲအား ၂၀-၁၀-၂၀၂၂၊ ၂၁-၁၀-၂၀၂၂၊ ၂၅-၁၀-၂၀၂၂၊ ၂၆-၁၀-၂၀၂၂ ရက်နေ့များတွင် ကျင်းပမည်ဖြစ်ပါသည်။နောက်ဆက်တွဲ စာမေးပွဲတွင်ပါ သတ်မှတ်အောင်မှတ်အတွက် Grade Score မှတ်မပြည့်မီပါကျရှုံးဘာသာအဖြစ်သတ်မှတ်ပြီး အနီးဆုံးကပ်လျှက်ပညာသင်နှစ် ၏ Semester တွင် ကျရှုံးဘာသာအား (Re-take)ထပ်ယူရမည် ဖြစ်ကြောင်းအသိပေးအပ်ပါသည်။ Please follow and like us:
သင်တန်းဖွင့်လှစ်မည့်ရက်များ ထုတ်ပြန်အသိပေးခြင်း
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ၊ ဘွဲ့ကြိုသင်တန်းများဖြစ်သည့် ပထမနှစ် (ဒုတိယ နှစ်ဝက်) သင်တန်း ၊ ဒုတိယနှစ်သင်တန်း မှ နောက်ဆုံးနှစ်သင်တန်းများ အထိ သင်တန်းများကို ၁၀-၁၁-၂၀၂၂ ရက်နေ့ (ကြာသပတေးနေ့) တွင် စတင်ဖွင့်လှစ်မည် ဖြစ်ပြီး ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) သို့ ဝင်ခွင့်ရသူများသည် ၂၁-၁၁-၂၀၂၂ ရက်နေ့ (တနင်္လာနေ့) တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ထုတ်ပြန်အသိပေးအပ်ပါသည်။ Please follow and like us: