သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ် များတွင် ပထမနှစ်(ဒုတိယနှစ်ဝက်)နှင့် ဒုတိယနှစ်မှ ပါရဂူဘွဲ့အထိ သင်တန်းများအားလုံးကို ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၁၀ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။ ကျောင်းအပ်လက်ခံခြင်းကို (၂၇-၁၀-၂၀၂၂) ရက်မှ (၁၈-၁၁-၂၀၂၂) ရက်ထိ (စနေနေ့နှင့် တနင်္ဂနွေနေ့များ အပါအဝင်) လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ်(ပထမနှစ်ဝက်) သင်တန်းများကို ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ၂၁ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်းကြေညာအပ်ပါသည်။
Please follow and like us: