ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သူနာပြုသားဖွားဒီပလိုမာ (၃)နှစ်သင်တန်း ပထမနှစ်သင်တန်းသား၊သင်တန်းသူများ၏ ICT အသုံးချသင်တန်းဆင်းပွဲ အခမ်း အနားကို ၂၈-၁၀-၂၀၂၂ရက်နေ့ နေ့လယ် (၁)နာရီက အဆိုပါကျောင်း ရွှေဝါထွန်းခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သူနာပြုသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေဝေဝေလွင်က ကျေးဇူးတင်စကားပြောကြားခဲ့ကာ ကွန်ပျူတာတက္ကသိုလ်ကျောင်းအုပ်ကြီးမှ သူနာပြုသင်တန်းသူ/သင်တန်းသားများ အား ICTသင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူး တင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းဆင်းပွဲသို့ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ဒုတိယပါမောက္ခချုပ်နှင့် ဌာနမှူးများ၊ သူနာပြုသင်တန်းကျောင်းအုပ်ကြီးနှင့် ဆရာဆရာမများ၊…