ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သူနာပြုသားဖွားဒီပလိုမာ (၃)နှစ်သင်တန်း ပထမနှစ်သင်တန်းသား၊သင်တန်းသူများ၏ ICT အသုံးချသင်တန်းဆင်းပွဲ အခမ်း အနားကို ၂၈-၁၀-၂၀၂၂ရက်နေ့ နေ့လယ် (၁)နာရီက အဆိုပါကျောင်း ရွှေဝါထွန်းခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သူနာပြုသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေဝေဝေလွင်က ကျေးဇူးတင်စကားပြောကြားခဲ့ကာ ကွန်ပျူတာတက္ကသိုလ်ကျောင်းအုပ်ကြီးမှ သူနာပြုသင်တန်းသူ/သင်တန်းသားများ အား ICTသင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူး တင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းဆင်းပွဲသို့ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ဒုတိယပါမောက္ခချုပ်နှင့် ဌာနမှူးများ၊ သူနာပြုသင်တန်းကျောင်းအုပ်ကြီးနှင့် ဆရာဆရာမများ၊…
Category: Uncategorized
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ၏ နောက်ဆက်တွဲစာမေးပွဲ ဖြေဆိုမည့်ရက်များ ထုတ်ပြန်အသိပေးခြင်း
ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ၏ အောင်စာရင်းများအား ကျောင်းသား/ကျောင်းသူများ ၏ emailများသို့ ပေးပို့ထုတ်ပြန်ပြီး ဖြစ်ပါသည်။ Re-exam ဖြေဆိုရမည့် ကျောင်းသား/ကျောင်းသူများအား email ဖြင့်လည်းကောင်း၊ ဖုန်းဖြင့် လည်းကောင်း ဆက်သွယ်အကြောင်းကြားပြီး ဖြစ်ပါသည်။ Re-exam စာမေးပွဲအား ၂၀-၁၀-၂၀၂၂၊ ၂၁-၁၀-၂၀၂၂၊ ၂၅-၁၀-၂၀၂၂၊ ၂၆-၁၀-၂၀၂၂ ရက်နေ့များတွင် ကျင်းပမည်ဖြစ်ပါသည်။နောက်ဆက်တွဲ စာမေးပွဲတွင်ပါ သတ်မှတ်အောင်မှတ်အတွက် Grade Score မှတ်မပြည့်မီပါကျရှုံးဘာသာအဖြစ်သတ်မှတ်ပြီး အနီးဆုံးကပ်လျှက်ပညာသင်နှစ် ၏ Semester တွင် ကျရှုံးဘာသာအား (Re-take)ထပ်ယူရမည် ဖြစ်ကြောင်းအသိပေးအပ်ပါသည်။ Please follow and like us:
သင်တန်းဖွင့်လှစ်မည့်ရက်များ ထုတ်ပြန်အသိပေးခြင်း
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ၊ ဘွဲ့ကြိုသင်တန်းများဖြစ်သည့် ပထမနှစ် (ဒုတိယ နှစ်ဝက်) သင်တန်း ၊ ဒုတိယနှစ်သင်တန်း မှ နောက်ဆုံးနှစ်သင်တန်းများ အထိ သင်တန်းများကို ၁၀-၁၁-၂၀၂၂ ရက်နေ့ (ကြာသပတေးနေ့) တွင် စတင်ဖွင့်လှစ်မည် ဖြစ်ပြီး ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) သို့ ဝင်ခွင့်ရသူများသည် ၂၁-၁၁-၂၀၂၂ ရက်နေ့ (တနင်္လာနေ့) တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ထုတ်ပြန်အသိပေးအပ်ပါသည်။ Please follow and like us:
၂၀၂၂- ၂၀၂၃ ပညာသင်နှစ် မိုးရာသီအမျိုးသားဘောလုံးပြိုင်ပွဲ ဆုပေးပွဲနှင့် ပိတ်ပွဲအခမ်းအနား ကျင်းပခြင်း
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ဟင်္သာတမြို့ ရှိ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ကျောင်း၏ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် မိုးရာသီအမျိုးသားဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ဇူလိုင်လ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ပြည်သူ့ အားကစားကွင်း ၌ ကျင်းပခဲ့သည်။ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိုးရာသီဘောလုံးအားကစား ပြိုင်ပွဲ ကို ပြိုင်ပွဲဝင် အားကစားအသင်း ၄ သင်းတို့က ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။ အခမ်းအနားတွင် ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်း နေရာယူကြပြီး ပထမ၊ ဒုတိယ၊ တတိယ နှင့် နှစ်သိမ့်ဆု များအား ကွန်ပျူတာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင်နှင့် အဖွဲ့ကအပ်နှင်းပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကာ အခမ်းအနားကိုရုတ်သိမ်း…
၂၀၂၂- ၂၀၂၃ ပညာသင်နှစ် အလှဘုရင်၊အလှဘုရင်မရွေးချယ်ပွဲ၊ ပညာရည်ချွန်ဆုပေးပွဲနှင့် ဂုဏ်ပြုပေဒသာကပွဲ အခမ်းအနားကျင်းပခြင်း
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ဟင်္သာတမြို့ ရှိ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ကျောင်း၏ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် အလှဘုရင်၊အလှဘုရင်မရွေးချယ်ပွဲ၊ ပညာရည်ချွန်ဆုပေးပွဲနှင့် ဂုဏ်ပြုပေဒသာကပွဲ အခမ်းအနားကို ဇူလိုင်လ (၁) ရက်နေ့တွင် အဆိုပါကျောင်း ရွှေဝါထွန်း ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနား၏ မနက်ပိုင်းအစီအစဉ်တွင် ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်အလှဘုရင်၊ အလှ ဘုရင်မ ရွေးချယ်ပွဲအား online voting system အသုံးပြု၍ ရွေးချယ်ခြင်း၊ ကျောင်းသား ကျောင်းသူများမှ ဖျော်ဖြေရေး အစီအစဉ် များဖြင့်ဧည့်ခံဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့ပါသည်။ ညနေပိုင်းတွင် ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)၏ ပညာရည်ချွန်ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ စာရိတ္တထူးချွန်သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ပဒေသာကပွဲအစီအစဉ်အား ဆက်လက်ကျင်းပခဲ့ကြ ပါသည်။ Please…
ထိုင်းနိုင်ငံ၊The Colombo Plan Secretariat မှပေးအပ်သော ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း ကြေငြာခြင်း
ထိုင်းနိုင်ငံ၊The Colombo Plan Secretariat မှပေးအပ်သော ၂၀၂၃ခုနှစ်၊ ဇွန်လမှစ၍ (၆)ပတ်ကြာ ဖွင့်လှစ်မည့် (Refresher Courses) နှင့် ၂၀၂၃ခုနှစ်၊ ဩဂုတ်လမှ စ၍ (၂)နှစ်ကြာဖွင့်လှစ်မည့် Master’s Degree Study in Various Fields in Science and Technology for the Academic Year 2023 မဟာဘွဲ့ သင်တန်းသို့ အရာထမ်းသင်တန်းသား (၄)ဦး လျှောက်ထားနိုင်ပါသဖြင့် စိတ် ပါဝင်စား၍ တက်ရောက်လိုသူများသည် သင်တန်းရေးရာဌာနသို့ (၂၁.၆.၂၀၂၂)ရက်နေ့ နောက်ဆုံးထား၍ ဆက်သွယ်မေးမြန်းစုံစမ်း နိုင်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။ Please follow and like us:
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ Thai Nguyen University of Technology (TNUT) မှပေးအပ်သော မဟာဘွဲ့နှင့်ပါရဂူဘွဲ့သင်တန်းများအတွက် ပညာသင်ဆုလျှောက်ထားနိုင်ကြောင်းကြေငြာခြင်း
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ Thai Nguyen University of Technology (TNUT) မှ ကမ်းလှမ်းလာသော Scholarships to International Students: Fall Semester (September to January) နှင့် Spring Semester (January to June) အတွင်းဖွင့်လှစ်မည့် Master Degree မဟာဘွဲ့သင်တန်းနှင့် Doctor Degree ပါရဂူဘွဲ့သင်တန်းများသို့ သတ်မှတ်ချက်နှင့်ကိုက်ညီသူ မဟာဘွဲ့သင်တန်း အတွက် အရာထမ်းသင်တန်းသား(၄)ဦး နှင့် ပါရဂူဘွဲ့သင်တန်းအတွက် အရာထမ်းသင်တန်းသား (၄) ဦး လျှောက်ထားနိုင်ပါသဖြင့် စိတ်ပါဝင်စား၍ တက်ရောက်လိုသူများသည် သင်တန်းရေးရာဌာနသို့ (၁၃.၆.၂၀၂၂)ရက်နေ့ မနက် (၁၀:၀၀)နာရီ နောက်ဆုံးထား၍ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။ Please follow and like…
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟနွိုင်းမြို့ရှိ Thai Nguyen University of Technology-TNUT မှပေးအပ်သော ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း ကြေငြာခြင်း
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟနွိုင်းမြို့ရှိ Thai Nguyen University of Technology-TNUTမှ နိုင်ငံတကာ ကျောင်း သားများအတွက် ဘွဲ့ကြိုပညာသင်ဆု ၂၁ဆု၊ မဟာဘွဲ့ပညာသင်ဆု ၇ဆု၊ ပါရဂူဘွဲ့ပညာသင်ဆု ၄ဆု တို့အား ပေးအပ်မည် ဖြစ်ပါ သည်။ အဆိုပါတက္ကသိုလ်သည် ဗီယက်နမ်နိုင်ငံရှိ သက်တမ်းအရင့်ဆုံး အင်ဂျင်နီယာတက္ကသိုလ်များအနက်တခုဖြစ်ပြီး၊ နိုင်ငံတ ကာကျောင်းများနှင့် ပူးပေါင်း၍ နည်းပညာများကို လွှဲပြောင်းခြင်း၊ အသုံးချခြင်း၊ ဆွေးနွေးခြင်း၊ သုတေသနပြုလုပ်ခြင်း စသည့် အရည်အသွေးမြင့် လူ့စွမ်းအားအရင်းအမြစ်များပေါ်ထွက်လာစေရေး ဆောင်ရွက်လျှက်ရှိပါသည်။ သို့ဖြစ်ပါ၍အဆိုပါ ပညာသင် ဆုများကို စိတ်ပါဝင်စားပြီး ဘာသာရပ်ဆိုင်ရာလုပ်ငန်းတာဝန်များနှင့် ကိုက်ညီသည့် လျှောက်ထားလိုသူများသည် သင်တန်းရေး ရာဌာနသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။ Please follow and like us:
ပညာသင်ဆု လျှောက်ထားနိုင်ပါကြောင်း ကြေငြာခြင်း
အင်ဒိုနီးရှားသမ္မတနိုင်ငံတွင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်အတွက် (၄)နှစ်ကြာ ဖွင့်လှစ်ပို့ချမည့် International Undergraduate Program(IUP) in Law,Management,Physical Health Education and Recreation,Islamic Education,Electrical Engineering, Informatics System, Government Studies, Agrobusiness and Sport Science ပညာသင်ဆုများကို အထက်တန်းပညာရေး အောင်မြင် ပြီးသော ကျောင်းသား၊ကျောင်းသူများအနေဖြင့် ဘွဲ့ကြိုဒီဂရီ လျှောက်ထားနိုင်ပါသည်။ အဆိုပါပညာသင်ဆုကို စိတ်ပါ ဝင်စားသော ကျောင်းသား၊ကျောင်းသူများအနေဖြင့် သင်တန်းရေးရာဌာနသို့ စုံစမ်း မေးမြန်းနိုင်ပါကြောင်း အသိပေးကြေငြာအပ်ပါ သည်။ Please follow and like us:
သင်တန်းများ ပြန်လည်ဖွင့်လှစ်ရန် ကြေငြာခြင်း
ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)၌ အောက်ဖော်ပြပါသင်တန်းများကို (၁၂.၅.၂၀၂၂) ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ပါသည် -(၁) ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ကွန်ပျူတာသိပ္ပံ/ ကွန်ပျူတာနည်းပညာဘွဲ့သင်တန်း (ပထမနှစ်၊ဒုတိယနှစ်၊တတိယနှစ်)(၂) ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ကွန်ပျူတာသိပ္ပံ/ ကွန်ပျူတာနည်းပညာဘွဲ့သင်တန်း (နောက်ဆုံးနှစ်)(၃) ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကွန်ပျူတာသိပ္ပံ/ ကွန်ပျူတာနည်းပညာဘွဲ့သင်တန်း (ပထမနှစ်) (၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ) အဆိုပါ သင်တန်းများ၏ ကျောင်းအပ်လက်ခံခြင်းကို ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ် သင်တန်းအတွက် (၂၀.၄.၂၀၂၂) ရက် နှင့် ၂၀၁၉ -၂၀၂၀ ပညာသင်နှစ် နှင့် ၂၀၂၁ -၂၀၂၂ ပညာသင်နှစ်၊ သင်တန်းများအတွက် (၂.၅.၂၀၂၂) ရက်နေ့တွင် စတင်၍ ကျောင်းအပ်လက်ခံမည် ဖြစ်ပါကြောင်း…