၇၆ နှစ်မြောက် လွပ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) တွင် ဆောင်းရာသီ အားကစား ပြိုင်ပွဲများအဖြစ် စားပွဲတင်တင်းနစ် နှင့် ခြင်းလုံးအားကစားပြိုင်ပွဲများကို (၂.၁.၂၀၂၄) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းသူ ကျောင်းသားများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြပါသည်။ ပြိုင်ပွဲများတွင် ဆုရရှိသူများကိုလည်း ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ Please follow and like us:
Category: Uncategorized
Quality Assurance Workshop
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် Quality Assurance Workshop ကို (၂၉.၁၂.၂၀၂၃) သောကြာနေ့ နံနက်(၁၀:၀၀)အချိန်တွင် တက္ကသိုလ် ရှင်းလင်းဆောင်၌ ကျင်းပပြုလုပ်ရာ သင်ကြားရေးဌာနမှူးများ၊ ဒုတိယဌာနမှူးများနှင့် သင်တန်းရေးရာဌာနမှူးများ တက်ရောက် ဆွေးနွေးကြပါသည်။ အဆိုပါ Workshop တွင် ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်က တက္ကသိုလ်၏ သင်ကြား၊ သင်ယူမှုအရည်အသွေးများ တိုးတက်မှုရှိစေရေးအတွက် သင်ကြား၊ သင်ယူမှုအရည်အသွေးဆိုင်ရာ စီမံခန့်ခွဲမှုကိစ္စရပ်များကို ဌာနမှူးများက မိမိဌာန၏ သင်ကြား၊ သင်ယူမှုအရည်အသွေးဆိုင်ရာ စီမံခန့်ခွဲမှုများကို စနစ်တကျဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့ပြီး သင်ကြားရေးဌာနအသီးသီးအတွက် သတ်မှတ်ရန်လိုအပ်နေသော Vision, Mission, Goal, Objectives, Action Plan များနှင့်ပတ်သက်၍ Knowledge Sharing အနေဖြင့် ဆွေးနွေး ပြောကြားခဲ့ပြီး ဌာနမှူးများက မိမိတို့ဌာနနှင့်သက်ဆိုင်သော Vision, Mission, Goal, Quality…
၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ပြီး ကွန်ပျူတာတက္ကသိုလ်သို့ဝင်ခွင့်ရရှိသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကြေညာချက်
Please follow and like us:
၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ပြီး ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)သို့ဝင်ခွင့်ရရှိသည့် ကျောင်းသား၊ ကျောင်းသူများစာရင်း
Please follow and like us:
ဘွဲ့လွန်ကွန်ပျူတာသိပ္ပံဒီပလိုမာ(D.C.Sc.)သင်တန်းအတွက် သင်တန်းသားများလျှောက်လွှာခေါ်ယူခြင်း
Please follow and like us:
ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ)တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ၏ နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ရှိ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်းသဘင်ခန်းမတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန စတင်တည်ထောင်သည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို အောက်တိုဘာလ နေ့လည်(၁း၃၀)ခန့်က ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန စတင်ပေါ်ပေါက်လာပုံသမိုင်းကြောင်း သိပ္ပံနှင်နည်းပညာဝန်ကြီးဌာနရှိဦးစီး ဌာနများအကြောင်း၊ သိပ္ပံနှင်နည်းပညာ ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ပြည်ထောင်စု ဝန်ကြီးများအကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ၏ရည်မှန်းချက်၊ မူဝါဒများအကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)ရှိ သင်ကြားရေးဌာနမှူးများက မိမိတို့ဌာနနှင့် သက်ဆိုင်သော ဘာသာရပ်များအား သင်ကြား၊ သင်ယူမှုအရည်အသွေး ပိုမိုတိုးတက်အောင်စီမံ ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များအားစာတမ်းဖတ်ကြားခဲ့ပါသည်။ ထို့ပြင်သင်တန်းရေးရာဌာနမှူးက ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် ဖွင့်လှစ်ခဲ့သောသင်တန်းများနှင့် နောင်လာမည့်သင်တန်းများ ထပ်မံဖွင်လှစ်မည့်အကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် နိုင်ငံဝန်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်)တွင် အလယ်အလတ်အဆင့်အရာထမ်းစီမံခန့်ခွဲ့မှု ဒီပလိုမာသင်တန်း အမှတ်စဉ်(၇)တွင် အဆင့်(၈)ရရှိခဲ့သော…
ဟင်္သာတ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသော MSMEs လုပ်ငန်းများအတွက် နည်းပညာမျှဝေခြင်းအခမ်းအနား ကျင်းပခြင်း
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ၊ဟင်္သာတမြို့နယ်ရှိ နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် နည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့မှ ပူးပေါင်းကျင်းပသော MSMEs လုပ်ငန်းများအတွက် နည်းပညာမျှဝေခြင်း အခမ်း အနားကို (၂၅-၈-၂၀၂၃) နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်သန်းဝင်း၊ ကွန်ပျူတာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်၊ နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးမိုးထွန်း၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့မှ ပါမောက္ခဆရာ/ ဆရာမများ၊ ကျောင်းသား/ သူများ၊ ဟင်္သာတမြို့နယ် အတွင်းရှိ MSMEs ထုတ်ကုန်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်သန်းဝင်းက “ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုလုပ်ငန်းများမှ နိုင်ငံအတွက်…
ဟင်္သာတမြို့၊ ကွန်ပျူတာတက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခြင်း
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ တာငါးဆယ် တောင်ရပ်ကွက်ရှိ ကွန်ပျူတာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ စာသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဩဂုတ် ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါဟောပြောပွဲတွင် ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်မှ အဖွင့်အမှာ စကား ပြောကြားပြီး၊ ခရိုင် စားသုံးရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ စားသုံးသူကာကွယ်ရေး အကြောင်း သိကောင်းစရာများနှင့်ပတ်သက်၍ ဟော ပြောခြင်း၊ ဒုခရိုင်မှူး ဦးမောင်မောင်မြတ်ခိုင် မှ စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေများနှင့်ပတ်သက်၍ ဟောပြောဆွေးနွေး ခြင်းများ ဆောင်ရွက်ခဲ့ပြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင်မှ အမှတ်တရလက်ဆောင် ပစ္စည်းများ ပြန်လည် ပေးအပ်ခြင်းနှင့် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ဟောပြောပွဲသို့ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)မှ ဒုတိယပါမောက္ခချုပ်…
ဆရာ/ဆရာမများ၊ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများ၏ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပခြင်း
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ရှိ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ၏ စုပေါင်းဝါဆိုသင်္ကန်းဆက် ကပ် လှူဒါန်းပွဲကို ဆရာ/ဆရာများ၊ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများမှ(၁-၈-၂၀၂၃)ရက်နေ့ တွင်အဆိုပါကျောင်း ရွှေဝါ ထွန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ Please follow and like us:
ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ)၏ ၂၀၂၃ ခုနှစ်၊ မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနားနှင့်ဆုပေးပွဲ ကျင်းပခြင်း
ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင် ၊ဟင်္သာတမြို့နယ် ပြည်သူ့အားကစားပြိုင်ကွင်း၌ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ ၂၀၂၃ ခုနှစ်၊ မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနားနှင့်ဆုပေးပွဲ ကို (၂၈-၇-၂၀၂၃)ရက်နေ့ ညနေ ၅ နာရီက အဆိုပါ နေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။အခမ်းအနားသို့ ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ) ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ် အောင်နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ပြိုင်ပွဲဝင်အ သင်းသားများစုစုပေါင်းအင်အား (၂၅၀) ဦး ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားတွင် ကွန်ပျူတာ တက္ကသိုလ် (ဟင်္သာတ)မှ ကျောင်းသူလေးများက ပန်းပွားအကများဖြင့် ကပြဖျော်ဖြေခဲ့ ကြပြီးဒုတိယပါမောက္ခချုပ် ဆရာကြီး ဒေါက်တာ ထွန်းမြတ်အောင် မှ ကျင်းပရေးကော်မတီများ၊ဝိုင်းဝန်းကူညီဆောင်ရွက် ပေးခဲ့ ကြသောအားကစားနှင့်လူငယ်ရေးရာဌာနမှတာဝန်ရှိသူများ ၊ဒိုင်အဖွဲ့ဝင်များ၊ပွဲစဥ်တလျောက်လုံးတွင် ထိခိုက်ဒဏ်ရာ ရှိသူများ အား လိုအပ်သော ကူညီစောင့်ရှောက်မူများပေးခဲ့ကြသော…
