ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိုးရာသီအမျိုးသားဘောလုံး အားကစားပြိုင်ပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ရှိ၊ မြို့နယ်ပြည်သူ့ အားကစားကွင်း၌ ဇူလိုင်လ ၁၂ ရက်နေ့၊ မွန်းလွဲ ၂ နာရီတွင် ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပြီး၊ ဇူလိုင်လ ၁၇ ရက်နေ့၊ မွန်းလွဲ၂နာရီတွင် ဆုပေးပွဲအခမ်းအနားကိုကျင်းပခဲ့ပါသည်။ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိုးရာသီအမျိုးသားဘောလုံးအားကစားပြိုင်ပွဲတွင် Pythonအသင်း၊ Hyper အသင်း၊ Cyber Strikerအသင်း၊ Zuesအသင်း၊ အသင်း(၄)သင်း ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။ ဆုပေးပွဲ အခမ်းအနားတွင် ဒုတိယပါမောက္ခချုပ်နှင့်ဌာနမှူးများ၊ အားကစားကော်မတီအဖွဲ့ဝင်များ၊ အားကစား ချစ်မြတ်နိုးသူတို့က ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပါသည်။ ပထမဆုကို Zues အသင်း၊ ဒုတိယဆုကို Python အသင်း၊ တတိယဆုကို Cyber Striker အသင်း၊ နှစ်သိမ့်ဆုကို Hyper အသင်း၊ ဂိုးသွင်းအများဆုံးဆုကို တတိယနှစ်သင်တန်း (ကွန်ပျူတာနည်းပညာ)မှ မောင်မြတ်မင်းခန့်၊ ဂိုးသမားအကောင်းဆုံးဆုကို ပထမနှစ် သင်တန်း (ကွန်ပျူတာသိပ္ပံနှင့်နည်းပညာ)မှ မောင်ကျော်သူအောင်၊ နောက်တန်းအကောင်းဆုံးဆုကို ဒုတိယ နှစ်သင်တန်း(ကွန်ပျူတာသိပ္ပံ)မှ မောင်အောင်ကိုမျိူး၊ အလယ်တန်းအကောင်းဆုံးဆုကို စတုတ္ထနှစ် သင်တန်း(ကွန်ပျူတာသိပ္ပံ)မှ မောင်နိုင်ထွန်းလင်း၊ ရှေ့တန်းအကောင်းဆုံးဆုကို ဒုတိယနှစ်သင်တန်း (ကွန်ပျူတာနည်းပညာ)မှ မောင်ပိုင်မျိူးဝေ တို့မှဆုများအသီးသီးရရှိခဲ့ကြပြီး၊ ဒုတိယပါမောက္ခချုပ်က အမှာစကားနှင့်ကျေးဇူးတင်စကား ပြောကြား၍ အခမ်းအနားကို ညနေ(၅:၃၀) တွင် ရုတ်သိမ်းခဲ့ပါသည်။
ဘောလုံးအားကစားပြိုင်ပွဲများ အကြိတ်အနယ်ယှဉ်ပြိုင်ကြစဉ်
ကျောင်းသူလေးများမှ အားကစားသမားများအား ပန်းစည်းပေးအပ်ကြစဉ်
ပထမဆုရ အားကစားများအား ဒုတိယပါမောက္ခချုပ်က ဆုဖလားကြီးအား ပေးအပ်ချီးမြှင့်ခြင်း
ဒုတိယဆုရ အသင်းအား ဆုချီးမြှင့်စဉ်
တတိယဆုရ အသင်းအား ဆုချီးမြှင့်စဉ်
Hyper FC ဘောလုံးအသင်း
Zeus FC ဘောလုံးအသင်း
Cyber Striker FC ဘောလုံးအသင်း
Python FC ဘောလုံးအသင်း