University of Computer Studies, Hinthada
Menu
  • Home
    • About Us
    • Organization Chart
    • Campus Facilities
      • Laboratories
      • Library
      • Sports
      • Traditional Events
      • Supporting
    • Academic
      • Admission
        • Admission Requirements
        • Academic Calendar
        • Admission Fees
        • Academic Credit Unit
      • courses & Syllabuses
        • 5 years Credit System Curriculum
          • B.C.Sc Courses
          • B.C.Tech Courses
        • 4 Year Credit System Curriculum
          • B.C.Sc Courses
          • B.C.Tech Courses
        • D.C.Sc
      • Academic Calendar
        • 2024-2025
      • Moodle Learning Management System
  • Faculities & Staff
    • Vice Rector
    • Academic
      • Faculty of Computer Science
      • Faculty of Computer Systems and Technologies
      • Faculty of Information Science
      • Faculty of Computing
      • Department of Information Technology Supporting and Maintenance
      • Department of Language
      • Department of Natural Science
    • Administration
      • Department of Student Affairs
      • Department of Staff Affairs
      • Department of Finance
  • University Journal
    • Home
    • Journal Publication
      • 2024
  • Research
    • Pest and Diseases Detection System
  • Library
    • Library Management System
  • News & Activities
    • News
    • Activities
    • Donation
  • Contact
    • Contact us
    • Alumni
    • FAQs
Menu

ကွန်ပျူတာ တက္ကသိုလ် (ဟင်္သာတ)တွင် လူငယ်များ ဗလငါးတန်ပြည့်စုံရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း” ကျင်းပ

Posted on January 29, 2024January 29, 2024 by admin

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကွန်ပျူတာ တက္ကသိုလ် (ဟင်္သာတ) တို့ ပူးပေါင်း၍ "လူငယ်နှင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး" ခေါင်းစဥ်ဖြင့် လူငယ်စကားဝိုင်းကို ဇန်နဝါရီ ၂၅ရက်နေ့ မွန်းလွဲ ၁ နာရီခွဲ က ကွန်ပျူတာ တက္ကသိုလ် ဘွဲ့နှင်း သဘင် ခန်းမတွင် ကျင်းပခဲ့သည်။
လူငယ်စကားဝိုင်းသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်သန်းဝင်း တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားရာတွင်"နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် မိမိတို့ တတ် မြောက်ထားသည့် ကွန်ပျူတာနည်းပညာရပ်များဖြင့် အထောက် အကူပြုနိုင်သည့် ကျောင်းသား/သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ လူငယ်စကားဝိုင်းများကျင်းပပေးခြင်းဖြင့် အသိညဏ်ပညာ ဗဟုသုတများ တိုးတက်ကြွဝယ်လာမည် ဖြစ်ကြောင်း၊ ကျောင်းသား/သူများဟာ နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်ထမ်းဆောင်ကြမည့်သူများဖြစ်သည့်အတွက် ခေါင်းဆောင်ကောင်းများ ဖြစ်အောင်ကြိုးစားစေလိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး" ဆက်လက်၍ ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်က လူငယ်စကားဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် "လူငယ်နှင့်အဂတိ လိုက်စားမှုတိုက်ဖျက်ရေး" စကားဝိုင်းကို အစီအစဥ်တင်ဆက်သူအဖြစ် ခရိုင်ပြန်/ဆက်ဦးစီးမှူး ဒေါ်ခင်စန္ဒာဆွေ၊ ခရိုင်ဥပဒေအရာရှိ ဦးကျော်ဝင်းတို့နှင့်အတူ ပထမနှစ်ကျောင်းသားကျောင်းသူများဖြစ်ကြသော မောင်ဇာနည်ထွဋ်က "အဂတိလိုက်စားမှု၏ နောက်ဆက်တွဲဆိုးကျိုးများနှင့် လူငယ်များ၏အခန်းကဏ္ဏ"၊ မဝတ်ရည်ဖြိုးက "အဂတိလိုက်စားမှုလျော့ချရေးနှင့် အသိပညာပေးလုပ်ငန်းများ၏အရေးပါမှုမောင်မျိုးမွန်ထွန်းက "အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ပြည်သူများ၏ အခန်းကဏ္ဏ"၊ မနော်ပြုံးမာန်ဖူးက "အဂတိ လိုက်စားမှု လျော့ချရေးအတွက် တရားဥပဒေစိုးမိုးရေး" စသည့် ခေါင်းစဥ်များဖြင့် အသီးသီး ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူများနှင့်စကားဝိုင်းတွင်ဦးဆောင်ဆွေးနွေးကြသူများမှ ပြန်လည်ဖြေကြားပေးခဲ့ကြသည်။ထို့နောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူများအား ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်‌အောင်က အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ကာ တာဝန်ရှိသူများနှင့် စကားဝိုင်းဆွေးနွေးသူများက အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြသည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်သန်းဝင်း၊ခရိုင်ဥပဒေအရာရှိ ဦးကျော်ဝင်း၊ခရိုင်ပြန်ဆက်ဦးစီးမှူး ဒေါ်ခင်စန္ဒာဆွေနှင့်ဝန်ထမ်းများ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်းနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကွန်ပျူတာတက္ကသိုလ်ကျောင်း ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ၂၅၀ဦးတက်ရောက်ခဲ့

Please follow and like us:

Recent News

  • ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်း
  • အသက်နှင့် ကျန်းမာရေးအာမခံအကြောင်း ဆွေးနွေးပွဲကျင်းပခြင်း
  • နှစ်သစ်ကူးအလှူဒါနပြုခြင်း
  • မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီး ဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ် ငြိမ်သက်ခြင်း
  • မြန်မာ့သနပ်ခါးနေ့လှုပ်ရှားမှု အခမ်းအနားကျင်းပခြင်း
July 2025
M T W T F S S
« Jun    
 123456
78910111213
14151617181920
21222324252627
28293031  

Contact Us

No.28, Kayin Kyaung Street,  TarNgar Se (South)Quarter, Hinthada Township, Ayeyarwaddy Region, Myanmar. Postcode – 100601

+95  044 22725, 09783543901

cu.hinthada@gmail.com

Like Us On Facebook

Facebook Pagelike Widget
©2025 University of Computer Studies, Hinthada