University of Computer Studies, Hinthada
Menu
  • Home
    • About Us
    • Organization Chart
    • Campus Facilities
      • Laboratories
      • Library
      • Sports
      • Traditional Events
      • Supporting
    • Academic
      • Admission
        • Admission Requirements
        • Academic Calendar
        • Admission Fees
        • Academic Credit Unit
      • courses & Syllabuses
        • 5 years Credit System Curriculum
          • B.C.Sc Courses
          • B.C.Tech Courses
        • 4 Year Credit System Curriculum
          • B.C.Sc Courses
          • B.C.Tech Courses
        • D.C.Sc
      • Academic Calendar
        • 2024-2025
      • Moodle Learning Management System
  • Faculities & Staff
    • Vice Rector
    • Academic
      • Faculty of Computer Science
      • Faculty of Computer Systems and Technologies
      • Faculty of Information Science
      • Faculty of Computing
      • Department of Information Technology Supporting and Maintenance
      • Department of Language
      • Department of Natural Science
    • Administration
      • Department of Student Affairs
      • Department of Staff Affairs
      • Department of Finance
  • University Journal
    • Home
    • Journal Publication
      • 2024
  • Research
    • Pest and Diseases Detection System
  • Library
    • Library Management System
  • News & Activities
    • News
    • Activities
    • Donation
  • Contact
    • Contact us
    • Alumni
    • FAQs
Menu

ICT Project ပြပွဲ၊ ပြိုင်ပွဲနှင့် Job Fair ကိုကျင်းပပြုလုပ်ခြင်း

Posted on September 17, 2024September 17, 2024 by admin

        ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ရှိ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်းသဘင် ခန်းမ၌၊ ICT Project ပြပွဲ၊ ပြိုင်ပွဲနှင့် Job Fair ကို စက်တင်ဘာလ ၁၂ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီတွင် အဆိုပါ နေရာ၌ပြုလုပ်ခဲ့ပါသည်။

       အခမ်းအနားတွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က  ICT ပြပွဲ၊ ပြိုင်ပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ကျေးဇူးတင်အမှာစကားကို ပြောကြားခဲ့ပါသည်။

          ထို့နောက် ဆုရကျောင်းသား၊ကျောင်းသူများက ၎င်းတို့ပြုလုပ်ထားသော Project များကို သရုပ်ပြရှင်းလင်း ခြင်းများဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ ဒုတိယခရိုင်စီမံအုပ်ချုပ်ရေးမှူးဦးသူရိန်က B.C.Tech ဘွဲ့ကြို Internship Project ပြိုင်ပွဲမှ ဆုရရှိသူတို့အားလည်းကောင်း၊ အဖွဲ့ဝင်(၂) ဦးအောင်မြင့်ဦးက B.C.Sc ဘွဲ့ကြို Internship Project ပြိုင်ပွဲမှ ဆုရရှိသူတို့အားလည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှ B.C.Tech ဘွဲ့ကြို Project ပြိုင်ပွဲမှ ဆုရရှိသူတို့အားလည်းကောင်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်မှ B.C.Tech, B.C.Sc ဘွဲ့ကြို Internship Project ပြိုင်ပွဲမှ ဆုရရှိသူတို့အားလည်းကောင်း ဆုများကို အသီးသီးချီးမြှင့်ခဲ့ပါသည်။

         အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ Global Earth Company မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြပြီး ကျောင်းသား၊ ကျောင်းသူများ ပြုလုပ်ထားသော Project များကို စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာကြပါသည်။

          နေ့လယ်ပိုင်းတွင် ဟင်္သာတမြို့နယ်အတွင်းရှိ အထက်တန်းကျောင်းအသီးသီးမှ ကျောင်းသား၊ကျောင်းသူ များ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများဖြစ်ကြသော ဂုဏ်ထူးပန်းခင်းနှင့် ကြယ်တံခွန်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် ကြီးကြပ်သူ ဆရာ/ဆရာမများ အင်အား(၃၀၀)ခန့် လာရောက်ကြည့်ရှု့လေ့လာကြပါသည်။

          ညနေပိုင်းတွင် Global Earth Company၏ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်းအား ကုမ္ပဏီ ၏တာဝန်ရှိသူ General Manager ဒေါ်ဝင်းဝင်းမှရှင်းလင်းပြောကြားပြီး၊ IT ဌာနတာဝန်ခံ ဦးနိုင်နိုင်ဝင်းထွန်းမှ  ၎င်းတို့ကုမ္ပဏီ၌ IT နည်းပညာဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများအကြောင်းကို ရှင်းလင်း ပြောကြားပြီး ICT Project ပြပွဲ၌ ဆုရရှိသူများအား အလုပ်ခန့်အပ်ရန် ကမ်းလှမ်းစာများကို ပေးအပ်ချီးမြှင့်ခဲ့ပါ သည်။

          အခမ်းအနားကို ညနေ(၄း၀၀) အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

Please follow and like us:

Recent News

  • နှစ်သစ်ကူးအလှူဒါနပြုခြင်း
  • မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီး ဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ် ငြိမ်သက်ခြင်း
  • မြန်မာ့သနပ်ခါးနေ့လှုပ်ရှားမှု အခမ်းအနားကျင်းပခြင်း
  • မီးဘေးနှင့် မီးခိုးအန္တရာယ်အကြောင်း သိကောင်းစရာ‌ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲ ကျင်းပခြင်း
  • ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပဥမနှစ် ကျောင်းသား၊ကျောင်းသူ များအား နောက်ဆုံးအကြိမ် ကျောင်းအပ်လက်ခံခြင်း
May 2025
M T W T F S S
« Apr    
 1234
567891011
12131415161718
19202122232425
262728293031  

Contact Us

No.28, Kayin Kyaung Street,  TarNgar Se (South)Quarter, Hinthada Township, Ayeyarwaddy Region, Myanmar. Postcode – 100601

+95  044 22725, 09783543901

cu.hinthada@gmail.com

Like Us On Facebook

Facebook Pagelike Widget
©2025 University of Computer Studies, Hinthada