ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ (၁၄)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို (၁၂.၁.၂၀၂၅) ရက်နေ့တွင် နံနက်ပိုင်းအခမ်းအနားကို နံနက်(၉း၀၀)နာရီတွင်လည်းကောင်း၊ ညနေပိုင်းအခမ်းအနားကို မွန်းလွဲ (၁း၀၀)နာရီတွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘွဲ့ရရှိသူ ဘွဲ့ရမောင်မယ်၊ စုစုပေါင်း(၈၁)ဦးအား ဘွဲ့များအသီးသီးအပ်နှင်းချီးမြှင့်ခဲ့သည်။ အဆိုပါဘွဲ့နှင်းသဘင်အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်နှင့်တကွ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ပညာရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ဘွဲ့ရမောင်မယ်များ နှင့် ၎င်းတို့၏မိဘဆွေမျိုးများ တက်ရောက်ခဲ့ပြီး၊ ဟင်္သာတစိန်စိုးမင်း ဆိုင်းအဖွဲ့ဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)မှ စတုတ္ထနှစ်၊ ကွန်ပျူတာသိပ္ပံသင်တန်းမှ ကျောင်းသူ မသက်စုလှိုင်က (မြတ်ဆရာ) သီချင်းဖြင့်လည်းကောင်း၊ စတုတ္ထနှစ်၊ ကွန်ပျူတာသိပ္ပံသင်တန်းမှ ကျောင်းသူ မအေးမြတ်သန္တာက (တက္ကသိုလ်ကျောင်းကငွေလမင်း) သီချင်းဖြင့်လည်းကောင်း၊ တတိယနှစ်၊ ကွန်ပျူတာသိပ္ပံသင်တန်းမှ ကျောင်းသား မောင်ကျော်သူထက်က (မြကျွန်းညိုညို) သီချင်းဖြင့်လည်းကောင်း ဧည့်သည်တော်များအား သီဆို…
Category: Uncategorized
စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပခြင်း
(၂၄.၁၂.၂၀၂၄) ရက်နေ့၊ အင်္ဂါနေ့၊ နေ့လယ်(၁း၀၀)နာရီအချိန်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်း သဘင်ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာတွင် ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က အမှာစကားပြောကြားပြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ စားသုံးသူရေးရာဦးစီးဌာနမှူး၊ ဦးဇော်မင်းက စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေအကြောင်းကိုလည်းကောင်း၊ ဒုတိယခရိုင်မှူး၊ ဦးမောင်မောင်မြတ် ခိုင်က AI နည်းပညာ၏ အကျိုးဆက်ကြောင့် သုံးစွဲသူများအပေါ် ရရှိနိုင်မည့် အကျိုးကျေးဇူးနှင့် ဆိုးကျိုးများကို လည်းကောင်း အသိပညာပေးဟောပြောပို့ချခဲ့ပါသည်။ အဆိုပါအခမ်းအနားကို ယင်းနေ့ညနေ (၃း၄၅)အချိန်တွင် ရုတ်သိမ်းခဲ့ပြီး ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂၅၀)ဦး တက်ရောက်ခဲ့ပါသည်။ Please follow and like us:
ဘာသာရပ်ဆိုင်ရာမိတ်ဆက်ပွဲ အခမ်းအနားကျင်းပခြင်း
(၃.၁၂.၂၀၂၄) ရက်နေ့၊ အင်္ဂါနေ့၊ နေ့လယ်(၁း၀၀)အချိန်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်းသဘင် ခန်းမ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ပထမနှစ်သင်တန်းသို့ တက်ရောက်ခွင့်ရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဘာသာရပ်ဆိုင်ရာမိတ်ဆက်ပွဲအခမ်းအနား ပြုလုပ်ခဲ့ရာတွင် ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က ပထမနှစ်ဝင်ခွင့်ရရှိသော ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုနှုတ်ဆက်မိတ်ဆက် အမှာစကားပြောကြားပြီး၊ သင်ကြားရေးဌာနမှူးအသီးသီးက ၎င်းတို့ဌာနမှ သင်ကြားရသော ဘာသာရပ်များနှင့် အသုံးဝင်မှု၊ ရည်ရွယ်ချက်များ၊ သင်ကြားရေးနှင့် Learning Assessment ဆောင်ရွက်မည့် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ သင်တန်းရေးရာဌာနမှူးက တက္ကသိုလ်၏ Rules and Regulations များကို ပြောကြားခဲ့ပါ သည်။ အဆိုပါအခမ်းအနားကို ညနေ(၄း၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။ Please follow and like us:
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ (၁၄)ကြိမ်မြောက်ဘွဲ့နှင်းသဘင်လျှောက်လွှာခေါ်ယူခြင်း
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ (၁၄)ကြိမ်မြောက်ဘွဲ့နှင်းသဘင်လျှောက်လွှာခေါ်ယူခြင်း၁။ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ ကွန်ပျူတာသိပ္ပံဘွဲ့(B.C.Sc.) သင်တန်းနှင့် ကွန်ပျူတာနည်းပညာဘွဲ့(B.C.Tech.)သင်တန်း စာမေးပွဲအောင်မြင်သူများအတွက် ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ)၏ (၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)၊ ဘွဲ့နှင်းသဘင်ခန်းမတွင် (၁၁-၁-၂၀၂၅)ရက်၊ (စနေနေ့) အစမ်းလေ့ကျင့်ပွဲနှင့် (၁၂-၁-၂၀၂၅)ရက်၊ (တနင်္ဂနွေနေ့)တွင် ဘွဲ့နှင်းသဘင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။၂။ ဘွဲ့နှင်းသဘင်လျှောက်လွှာ လျှောက်ထားလိုသူများသည် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) တွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံဖြင့် (၃)လအတွင်း ရိုက်ကူးထားသော (၁ ၁/၂” x ၂”) အရွယ် ဓါတ်ပုံ(၃)ပုံ ပူးတွဲ၍ ဘွဲ့နှင်းသဘင်တက်ရောက်ရန် (သို့မဟုတ်)…
သင်ကြားမှုအရည်အသွေး စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ သင်ကြားရေးဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော သင်ကြားရေးဆရာ၊ ဆရာမအသီးသီး၏ သင်ကြားရေးအရည်အသွေးမြင့်မားလာစေရန်၊ သင်ကြားရေးဆိုင်ရာ စီမံခန့်ခွဲမှု စနစ်တကျဆောင်ရွက်တတ်စေရန်နှင့် သင်ကြားရေးအရည်အသွေးအာမခံမှုရှိစေရေး QA လုပ်ငန်း စဉ်များကို စနစ်တကျပြုလုပ်တတ်ရန်ရည်ရွယ်၍ သင်ကြားမှုအရည်အသွေး စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်းသဘင်ခန်းမတွင် (၄.၁၁.၂၀၂၄)၊ တနင်္လာနေ့၊ နေ့လယ် (၁း၃၀)အချိန်တွင် ကျင်းပပြုလုပ်ရာ ဒုတိယပါမောက္ခချုပ်နှင့် ဌာနမှူးများက သင်ကြားရေး အရည် အသွေး မြင့်မားစေရေးအတွက် သင်ကြားရေးဆရာ၊ ဆရာမများ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် စီမံခန့်ခွဲမှုစနစ်များကို ဆွေးနွေးပြောကြားခဲ့ပြီး၊ အလုပ်ရုံဆွေးနွေးပွဲသို့ သင်ကြားရေးဆရာ၊ ဆရာမ(၄၉)ဦး တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို ညနေ(၃း၃၀)အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။ Please follow and like us:
၂၀၂၄-၂၀၂၅ပညာသင်နှစ် ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) သို့ ဝင်ခွင့်ရသူများစာရင်း
စဉ် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲခုံအမှတ် အမည် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် စုစုပေါင်း ရမှတ် 1 အဂပ-၈ မောင်အောင်ပိုင်စိုး ၁၄/အဂပ(နိုင်)၂၆၈၀၅၅ 441 2 အလန-၅၀ မောင်နေမင်းရာဇာပိုင် ၁၄/လမန(နိုင်)၁၂၉၃၆၂ 407 3 အဟတ-၁၁၁၉ မဇင်ဖြိုးဝေ ၁၄/ဟသတ(နိုင်)၃၉၈၂၀၄ 398 4 အကပ-၁၄၇ မဆုနန္ဒာကျော်သိန်း ၁၄/ကပန(နိုင်)၂၉၄၁၁၅ 396 5 အမအ-၅၉၆ မောင်ဟိန်းမင်းဇော် ၁၄/မအန(နိုင်)၂၇၈၇၁၇ 386 6 အကခ-၄၀ မမွန်မွန်ကို ၁၄/ကခန(နိုင်)၁၂၄၆၀၀ 385 7 အမအ-၃၅ မပန်းအိခိုင် ၁၄/မအန(နိုင်)၂၇၈၈၅၄ 382 8 အဂပ-၃၃၁ မောင်ရန်ပိုင်လင်း ၁၄/အဂပ(နိုင်)၂၅၁၀၄၉ 382 9 အဟတ-၈၉၀ မောင်ဝင်းထွဋ် ၁၄/ဇလန(နိုင်)၁၉၀၈၉၀ 379…
ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် ဂုဏ်ပြုချီးမြှင့်ထိုက်သော ဆရာ၊ဆရာမများနှင့် ဝန်ထမ်းများကို ဒုတိယပါမောက္ခချူပ်ဒေါက်တာထွန်းမြတ်အောင် က (၂၂.၁၀.၂၀၂၄)ရက်နေ့ နံနက် (၁၀း၀၀) နာရီ အချိန်တွင် လက်ဆောင်ပစ္စည်းများအား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ Please follow and like us:
အာစရိယပူဇော်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း
ရိုးရာအစဉ်အလာမပျက် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ အာစရိယပူဇော်ပွဲအခမ်းအနားကို စက်တင်ဘာလ (၁၃)ရက်နေ့ နေ့လယ် (၂း၀၀) နာရီအချိန်တွင် ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ခဲ့ရာ B.C.Sc , B.C.Tech ပထမနှစ်သင်တန်းမှ ပဉ္စမနှစ်သင်တန်းအထိ ကျောင်းသား၊ ကျောင်းသူများနှင့် ဘွဲ့လွန် D.C.Sc သင်တန်းမှ ကျောင်းသား၊ ကျောင်းသူများက ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများနှင့် ဆရာ၊ ဆရာမများအား ကန်တော့ချိူးဖြင့် ဆီမီးပူဇော်၍ လှူဖွယ်ပစ္စည်းများဖြင့် ကန်တော့ခဲ့ကြပါသည်။ ဒုတိယပါမောက္ခချုပ်နှင့် ဌာနမှူးများက ကျောင်းသား၊ ကျောင်းသူများအား ဆုတောင်းမေတ္တာ ဆုံးမဩဝါဒများ ချီးမြှင့်ခဲ့ပြီး အခမ်း အနားကို ညနေ(၃း၀၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။ Please follow and like us:
ICT Project ပြပွဲ၊ ပြိုင်ပွဲနှင့် Job Fair ကိုကျင်းပပြုလုပ်ခြင်း
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ရှိ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်းသဘင် ခန်းမ၌၊ ICT Project ပြပွဲ၊ ပြိုင်ပွဲနှင့် Job Fair ကို စက်တင်ဘာလ ၁၂ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီတွင် အဆိုပါ နေရာ၌ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က ICT ပြပွဲ၊ ပြိုင်ပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ကျေးဇူးတင်အမှာစကားကို ပြောကြားခဲ့ပါသည်။ ထို့နောက် ဆုရကျောင်းသား၊ကျောင်းသူများက ၎င်းတို့ပြုလုပ်ထားသော Project များကို သရုပ်ပြရှင်းလင်း ခြင်းများဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ ဒုတိယခရိုင်စီမံအုပ်ချုပ်ရေးမှူးဦးသူရိန်က B.C.Tech ဘွဲ့ကြို Internship Project ပြိုင်ပွဲမှ ဆုရရှိသူတို့အားလည်းကောင်း၊ အဖွဲ့ဝင်(၂) ဦးအောင်မြင့်ဦးက B.C.Sc ဘွဲ့ကြို Internship…
(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲ
(၂၀.၈.၂၀၂၄) မှ (၂၁.၈.၂၀၂၄) ရက်နေ့တွင် ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲတွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ကျောင်းသား၊ ကျောင်းသူများမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ခေတ် ဟောင်းတေး၊ ကာလပေါ်တေး (အဆင့်မြင့်ပညာ)ဖြင့် ပထမဆုကို တတိယနှစ်(ဒု-ဝက်)မှ မသက်စုလှိုင်မှ လည်းကောင်း၊ အမျိူးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး (အဆင့်မြင့်ပညာ)ဖြင့် တတိယဆုကို တတိယနှစ်(ပ- ဝက်)မှ မမေမြတ်နိုးပိုင်နှင့် ဒုတိယနှစ်(ဒု-ဝက်)မှ မောင်မျိူးမင်းသူတို့မှလည်းကောင်း၊ အထူးဆုကို တတိယနှစ် (ဒု-ဝက်)မှ မအေးမြတ်သန္တာနှင့် ဒုတိယနှစ်(ပ-ဝက်)မှ မောင်ကျော်သူထက်တို့မှလည်းကောင်း ဆုများအသီး သီး ရရှိခဲ့ပါသည်။ Please follow and like us:
