(၁၇.၁.၂၀၂၅)ရက်နေ့၊ သောကြာနေ့၊ ညနေ(၃း၀၀)အချိန်တွင် ဘွဲ့နှင်းသဘင်ခန်းမ၌ ဒုတိယ ပါမောက္ခချုပ်သည် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအားလုံးနှင့်တွေ့ဆုံ၍ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ ဝန်ထမ်းသစ္စာဓိဌာန်(၆)ချက်၊ နိုင်ငံ့ဝန်ထမ်းများ ထမ်းဆောင်ရမည့် တာဝန်(၃)ရပ်၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် အပါး(၃၀)တို့အား သိရှိလိုက်နာဆောင်ရွက်ရန်နှင့် နိုင်ငံတော်၏အကျိုးအတွက် အချိန်ပြည့်အလုပ်လုပ်ရန်၊ ပေးအပ်သောတာဝန်နှင့် ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ရန်၊ ဌာနဆိုင်ရာစည်းကမ်း၊ ရုံးလုပ်ထုံး လုပ်နည်း၊ အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန်၊ ဆရာ၊ ဆရာမများဖြစ်သည့်အတွက် ဆရာ့ကျင့်ဝတ်နှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ တင်ပြစရာများရှိပါက ရုံးလုပ်ထုံးလုပ်နည်းနှင့်အညီ အဆင့်ဆင့် တင်ပြရန်၊ ပေးအပ်လာသည့် အမိန့်နှင့်တာဝန်များကို ကြည်ဖြူစွာထမ်းဆောင်ရန်၊ ဌာနဆိုင်ရာ အလုပ်များကို ပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊ ယဉ်ကျေးသော လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်ရန်၊ ဆရာ၊ ဆရာမများသည် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းပုံမှန်တက်ရောက်ရေးအတွက် စည်းရုံး ပြောဆိုရန်၊ အချိန်ပြည့် သင်ကြားရေးတာဝန်များကို အချိန်လျော့ကျမှုမရှိစေအောင် ဆောင်ရွက်ရန်၊ သင်ရိုးညွှန်းတမ်း Curriculum နှင့်ပတ်သက်၍ Reference စာအုပ်တစ်အုပ်တည်းအပေါ် အမှီပြုသင်ကြားခြင်း မဟုတ်ဘဲ အင်တာနက်စာမျက်နှာအပါအဝင် အခြား Reference စာအုပ်များကိုပါ ရှာဖွေဖတ်ရှု့၍ ကျောင်းသား၊ ကျောင်းသူများအား ဖတ်ရှု့နိုင်ရေးအတွက် လမ်းညွှန်ရန်၊ တက္ကသိုလ်အနေဖြင့် အမျိုးသား ပညာရေး အရည်အသွေးအာမခံမှုဆိုင်ရာ အကဲဖြတ်ကော်မတီ (NAQAC)၏ လမ်းညွှန်မှုဖြင့် အရည်အသွေး အာမခံမှု အသိအမှတ်ပြု ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဆရာ၊ ဆရာမများအားလုံးသည် ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ၎င်းနောက် ဒုတိယပါမောက္ခချုပ်က ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအား ဆွေးနွေးစရာအကြောင်းအရာရှိပါသလားဟု မေးမြန်းခဲ့ရာ ဆွေးနွေး စရာမရှိကြောင်း ပြန်ကြားပါသဖြင့် သုတဓမ္မစာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်သော ဆရာ၊ ဆရာမနှင့် ဝန်ထမ်းစုစုပေါင်း(၇)ဦးအား ဂုဏ်ပြုလက်ဆောင် ဝမ်းဆက်(၇)စုံအား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ အင်္ဂလိပ်စာဌာနမှ ပါမောက္ခ/ ဌာနမှူး၊ ဒေါ်ချောအိစုက NAQAC နှင့်ပတ်သက်ပြီး ဆောင်ရွက်ရမည့် ရှေးလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ အခမ်းအနားကို ညနေ(၄း၃၀) အချိန်တွင် ရုတ်သိမ်းခဲ့ပါ သည်။
တွေ့ဆုံပွဲ အခမ်းအနားကျင်းပခြင်း
Please follow and like us: