University of Computer Studies, Hinthada
Menu
  • Home
    • About Us
    • Organization Chart
    • Campus Facilities
      • Laboratories
      • Library
      • Sports
      • Traditional Events
      • Supporting
    • Academic
      • Admission
        • Admission Requirements
        • Academic Calendar
        • Admission Fees
        • Academic Credit Unit
      • courses & Syllabuses
        • 5 years Credit System Curriculum
          • B.C.Sc Courses
          • B.C.Tech Courses
        • 4 Year Credit System Curriculum
          • B.C.Sc Courses
          • B.C.Tech Courses
        • D.C.Sc
      • Academic Calendar
        • 2025-2026
      • Moodle Learning Management System
  • Faculities & Staff
    • Vice Rector
    • Academic
      • Faculty of Computer Science
      • Faculty of Computer Systems and Technologies
      • Faculty of Information Science
      • Faculty of Computing
      • Department of Information Technology Supporting and Maintenance
      • Department of Language
      • Department of Natural Science
    • Administration
      • Department of Student Affairs
      • Department of Staff Affairs
      • Department of Finance
  • University Journal
    • Home
    • Journal Publication
      • 2024 Vol. 1
      • 2025 Vol. 2
  • Research
    • Pest and Diseases Detection System
  • e-service
    • Grading Information System
    • Student Registration System
    • Class Timetable System
  • News & Activities
    • News
    • Activities
    • Donation
  • Contact
    • Contact us
    • Alumni
    • FAQs
Menu

Category: Uncategorized

မိုးရာသီဘောလုံးပွဲကျင်းပခြင်း

Posted on September 18, 2025September 18, 2025 by admin

         ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ မိုးရာသီအမျိုးသားဘောလုံးပြိုင်ပွဲနှင့် အမျိုးသမီးဖူဆယ်ဘောလုံး ပြိုင်ပွဲကို (၂၈.၇.၂၀၂၅)ရက်နေ့တွင် ဟင်္သာတမြို့၊ မြို့နယ်ပြည်သူ့အားကစားကွင်း၌ ဖွင့်ပွဲအခမ်းအနားကို ကျင်းပ ရာ ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က အဖွင့်အမှာစကားပြောကြားပြီး ဘောလုံးကန်ဖွင့်လှစ် ပေးခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် အမျိုးသားဘောလုံးအသင်း(၄)သင်းနှင့် အမျိုးသမီးဘောလုံးအသင်း (၅)သင်းတို့က သြဝါဒစကားနာခံယူပြီး ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ ဌာနမှူးများနှင့် ဆရာ၊ ဆရာမများအား ချီတက်အလေးပြုကြပြီး၊ ပြိုင်ဆိုင်မည့် ဘောလုံးအသင်းများအား ကျောင်းသား၊ ကျောင်းသူလေးများက ပန်းစည်း ဆက်ကြပါသည်။            (၁.၈.၂၀၂၅)ရက်၊ သောကြာနေ့၊ ညနေ(၃း၃၀)အချိန်တွင် ဟင်္သာတမြို့၊ မြို့နယ်ပြည်သူ့အားကစားကွင်း၌ ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ နှစ်သိမ့်ဆုရရှိသော Phoenix(FC) အမျိုးသားဘောလုံးအသင်း ကို တွက်ချက်ရေးမဟာဌာနမှ ပါမောက္ခ/ ဌာနမှူး…

လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် Online လိမ်လည်မှုအကြောင်း သိကောင်းစရာများ အသိပညာပေးဟောပြောပွဲ

Posted on July 30, 2025July 30, 2025 by admin

            (၂၄.၇.၂၀၂၅)ရက်၊ ကြာသပတေးနေ့၊ မွန်းလွဲ(၁း၃၀)အချိန်တွင် ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် Online လိမ်လည်မှုအကြောင်း သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ရာ၊ ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာ ထွန်းမြတ်အောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ရဲအုပ်လွှမ်းမိုးထွန်းက “လူကုန်ကူးမှုအန္တရာယ် အကြောင်းသိကောင်းစရာများ” ကိုလည်းကောင်း၊ ရဲမှူးသန်းကျော်ဌေးက “မူးယစ်ဆေးဝါးအန္တရာယ် အကြောင်း သိကောင်းစရာများ” ကိုလည်းကောင်း၊ ဒုရဲမှူးမြင့်သိန်းက “Online လိမ်လည်မှုအကြောင်း သိကောင်းစရာများ” ကိုလည်းကောင်း၊ ဒုရဲမှူးစန်းလွင်က “မှုခင်းအသိပညာပေးခြင်းအကြောင်း သိကောင်း စရာများ” နှင့် “ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သိကောင်းစရာများ” ကို ဟောပြောခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းအင်အား စုစုပေါင်း(၄၀၀)ဦးခန့်…

စုပေါင်းဝါဆိုသင်္ကန်းကပ်လှူခြင်း

Posted on July 21, 2025July 21, 2025 by admin

             (၉.၇.၂၀၂၅)ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်း သဘင်ခန်းမ၌ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲကိုကျင်းပရာ မန္တလေးကျောင်းတိုက် ကျောင်းထိုင် ဆရာတော်ကြီးနှင့် သံဃာတော်အရှင်သူမြတ်(၅)ပါးတို့အား ပင့်ဆောင်၍ ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်နှင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများက ဝါဆိုသင်္ကန်း၊ ထီး၊ ဖိနပ်၊ ဆွမ်းဆန်စိမ်း၊ ဆေးဝါး၊ ဝတ္ထုငွေအစုစုအား ဆက်ကပ်လှူဒါန်းပူဇော်ကန်တော့ပြီး ပရိတ်တရားတော်နာကြား၍ ရေစက်ချအမျှပေးဝေကာ သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းတော်နှင့် အချိုပွဲများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ အလှူမင်္ဂလာပွဲသို့ ကြွရောက်လာသော ဝန်ထမ်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူတို့အား ထမင်း၊ ဟင်း၊ အချိုပွဲများနှင့် တည်ခင်းဧည့်ခံ‌ကျွေးမွေးခဲ့ပါသည်။ Please follow and like us:

ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်း

Posted on June 27, 2025June 27, 2025 by admin

            (၂၅.၆.၂၀၂၅)ရက်၊ ဗုဒ္ဓဟူးနေ့၊ ညနေ(၂း၀၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးအရာရှိ ဒေါ်မေသန္တာ ဦးဆောင်သော အဖွဲ့ဝင်(၇)ဦးက ကွန်ပျူတာ တက္ကသိုလ် (ဟင်္သာတ)၊ ဘွဲ့နှင်းသဘင် ခန်းမတွင်ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း အင်အား (၃၀၆)ဦးအား ကိုဗစ်ကာကွယ်‌ဆေးကို လာရောက်ထိုးနှံပေးကြပါသည်။ Please follow and like us:

အသက်နှင့် ကျန်းမာရေးအာမခံအကြောင်း ဆွေးနွေးပွဲကျင်းပခြင်း

Posted on June 2, 2025June 2, 2025 by admin

             (၂၉.၅.၂၀၂၅)ရက်၊ ကြာသပတေးနေ့၊ နံနက်(၁၀း၃၀) အချိန်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၌ ဟင်္သာတခရိုင်၊ မြန်မာ့အာမခံလုပ်ငန်းမှ ခရိုင်ဦးစီးမှူး၊ ဦးဝင်းဌေးမောင်က နိုင်ငံ့ဝန်ထမ်းများအတွက် အသက်အာမခံ၊ ကျန်းမာရေးအာမခံ၊ သဘာဝဘေးအာမခံ၊ မော်တော်ယာဉ်အလုံးစုံအာမခံနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးအာမခံများထားရှိနိုင်ကြောင်း လာရောက်ဟောပြောဆွေးနွေးခဲ့ရာ ဆရာ၊ ဆရာမများက သိရှိလိုသည်များကို ပြန်လည်‌မေးမြန်းခဲ့ပြီး အခမ်းအနားကို နံနက်(၁၁း၃၀)အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။ Please follow and like us:

နှစ်သစ်ကူးအလှူဒါနပြုခြင်း

Posted on May 8, 2025July 21, 2025 by admin

         မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့၊ (၁၇.၄.၂၀၂၅)ရက်၊ ကြာသပတေးနေ့၊ မွန်းလွဲ (၁း၀၀)နာရီအချိန်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ကျောင်းဝင်းအတွင်း၌ မန္တလေးကျောင်းတိုက်မှ ဆရာတော်သံဃာတော်(၅)ပါးအားပင့်ဖိတ်၍ နှစ်သစ်ကူးအလှူမင်္ဂလာပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ ပင့်သံဃာတော်အရှင်သူမြတ်တို့အား ဆန်၊ ဆီ၊ ဆေး၊ ဆွမ်းဆန်စိမ်း စသည်များ နှင့် ဝတ္ထုငွေများအား ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်နှင့် ဆရာ၊ ဆရာမများ၊ စီမံ ဝန်ထမ်း များက ဆက်ကပ်လှူဒါန်းခဲ့ပါသည်။            (၂၈.၄.၂၀၂၅)ရက်၊ တနင်္လာနေ့၊ ညနေ(၅း၃၀)အချိန်တွင် ဟင်္သာတမြို့၊ ဦးပါရဲစေတီတော်မြတ်ကြီး၌ ဟင်္သာတမြို့နယ်အတွင်းရှိ ကျောင်းထိုင်ဆရာတော်ကြီး(၄၅)ပါးက ငလျင်ဘေးဒဏ်ကြောင့် ကွယ်လွန်အနိစ္စ ရောက်ကြသော ရဟန်းရှင်လူပြည်သူများအတွက် တစ်လပြည့်အထိမ်းအမှတ်အဖြစ် ရည်စူး၍ပြုလုပ်သည့် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင် က နှစ်သစ်ကူးအလှူအဖြစ် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။   …

မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီး ဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ် ငြိမ်သက်ခြင်း

Posted on April 2, 2025April 2, 2025 by admin

                 ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ်၊ ၀၂ စက္ကန့်တွင် ပြင်းအား ၇ ဒသမ ၇ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီး ဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ် ငြိမ်သက်၍ ဦးညွတ်ဂါရဝပြုခြင်း လှုပ်ရှား မှုကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ်၊ ၀၂ စက္ကန့်တွင် ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)၊ ကျောင်းရှေ့မြက်ခင်းပြင် အလံတိုင်ရှေ့၌ ပြုလုပ်ခဲ့ရာ ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာ…

မြန်မာ့သနပ်ခါးနေ့လှုပ်ရှားမှု အခမ်းအနားကျင်းပခြင်း

Posted on March 6, 2025March 6, 2025 by admin

            (၄.၃.၂၀၂၅)ရက်၊ အင်္ဂါနေ့၊ နံနက်(၁၀း၃၀)အချိန်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်းသဘင် ခန်းမ၌ မြန်မာ့သနပ်ခါးနေ့လှုပ်ရှားမှု အခမ်းအနားကျင်းပပြုလုပ်ရာ ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာ ထွန်းမြတ်‌အောင်က အဖွင့်အမှာစကားပြောကြားပြီး၊ တွဲဖက်ပါမောက္ခ၊ ဒေါ်ဝင်းသိင်္ဂီမြင့်က သနပ်ခါးအကြောင်း သိကောင်းစရာများဖြစ်သည့် မြန်မာ့သနပ်ခါးသမိုင်းအကြောင်း၊ သနပ်ခါးပင်အကြောင်း၊ သနပ်ခါးလိမ်းခြယ်မှုနှင့် မြန်မာ့ယဉ်ကျေးမှုဓလေ့အကြောင်း၊ သနပ်ခါးပင်၏အသုံးဝင်ပုံအကြောင်း စသည်တို့ကိုဟောပြောခဲ့ပြီး၊ သနပ်ခါး လိမ်းခြယ်မှုပြိုင်ပွဲအား ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ၊ စုစုပေါင်း(၄၀၀)ဦး တက်ရောက်ခဲ့ပြီး၊ သနပ်ခါးလိမ်းခြယ်မှုပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများ နှင့်ဆရာမ စုစုပေါင်း(၃၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။ ဆုရရှိသူများအား တာဝန်ရှိသူအသီးသီးက ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ အခမ်းအနားကို နေ့လယ်(၁း၃၀)အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။ Please follow and like us:

မီးဘေးနှင့် မီးခိုးအန္တရာယ်အကြောင်း သိကောင်းစရာ‌ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲ ကျင်းပခြင်း

Posted on March 6, 2025March 6, 2025 by admin

             (၂၁.၂.၂၀၂၅)ရက်၊ သောကြာနေ့၊ မွန်းလွဲ(၁း၃၀)အချိန်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်း သဘင်ခန်းမ၌ မီးဘေးနှင့်မီးခိုးအန္တရာယ်အကြောင်း သိကောင်းစရာဟောပြောပွဲကို ဆောင်ရွက်ရာ၊ ဒုတိယ ပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က မီးဘေးနှင့်မီးခိုးအန္တရာယ်အကြောင်း သိကောင်းစရာ‌ဟောပြောပွဲ ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ ဟင်္သာတခရိုင် မီးသတ်ဦးစီးမှူး၊ ဦးဟိန်းသူဟန်က မီးဘေးနှင့် မီးခိုးအန္တရာယ်အကြောင်း သိကောင်းစရာ‌များကို PowerPoint Slide များ၊ Video Clip များဖြင့် ဟောပြောပို့ချခဲ့ပါသည်။ ယင်းနောက် ဟင်္သာတမြို့နယ်မီးသတ်ဦးစီးမှူး ဦးဥက္ကာနှင့် တာဝန်ရှိသူ များမှ လက်တွေ့မီးငြိမ်းသတ်မှုသရုပ်ပြခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းအင်အား(၁၅၀)ဦးခန့် တက်ရောက်ပြီး ညနေ(၃း၃၀)အချိန်တွင် ပြီးစီးခဲ့ပါသည်။  Please follow and like us:

၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပဥမနှစ် ကျောင်းသား၊ကျောင်းသူ များအား နောက်ဆုံးအကြိမ် ကျောင်းအပ်လက်ခံခြင်း

Posted on March 1, 2025March 1, 2025 by admin

           ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပဥမနှစ် ကျောင်းသား၊ကျောင်းသူ များအား ၂၁.၃.၂၀၂၅ ရက်နေ့ နောက်ဆုံးထားပြီး ကျောင်းအပ်လက်ခံမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ Please follow and like us:

Posts navigation

  • Previous
  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • …
  • 14
  • Next

Recent News

  • စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ
  • ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်း
  • ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်ရွေးချယ်ခံရသူ အမည်စာရင်းကြေညာခြင်း
  • (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်
  • “ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး” အသိပညာပေးဟောပြောပွဲ
April 2026
M T W T F S S
« Mar    
 12345
6789101112
13141516171819
20212223242526
27282930  

Contact Us

No.28, Kayin Kyaung Street,  TarNgar Se (South)Quarter, Hinthada Township, Ayeyarwaddy Region, Myanmar. Postcode – 100601

+95  044 22725, 09783543901

cu.hinthada@gmail.com

Like Us On Facebook

Facebook Pagelike Widget
©2026 University of Computer Studies, Hinthada