ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ရှိ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်းသဘင် ခန်းမ၌၊ ICT Project ပြပွဲ၊ ပြိုင်ပွဲနှင့် Job Fair ကို စက်တင်ဘာလ ၁၂ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီတွင် အဆိုပါ နေရာ၌ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က ICT ပြပွဲ၊ ပြိုင်ပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ကျေးဇူးတင်အမှာစကားကို ပြောကြားခဲ့ပါသည်။ ထို့နောက် ဆုရကျောင်းသား၊ကျောင်းသူများက ၎င်းတို့ပြုလုပ်ထားသော Project များကို သရုပ်ပြရှင်းလင်း ခြင်းများဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ ဒုတိယခရိုင်စီမံအုပ်ချုပ်ရေးမှူးဦးသူရိန်က B.C.Tech ဘွဲ့ကြို Internship Project ပြိုင်ပွဲမှ ဆုရရှိသူတို့အားလည်းကောင်း၊ အဖွဲ့ဝင်(၂) ဦးအောင်မြင့်ဦးက B.C.Sc ဘွဲ့ကြို Internship…
Category: Uncategorized
(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲ
(၂၀.၈.၂၀၂၄) မှ (၂၁.၈.၂၀၂၄) ရက်နေ့တွင် ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲတွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ကျောင်းသား၊ ကျောင်းသူများမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ခေတ် ဟောင်းတေး၊ ကာလပေါ်တေး (အဆင့်မြင့်ပညာ)ဖြင့် ပထမဆုကို တတိယနှစ်(ဒု-ဝက်)မှ မသက်စုလှိုင်မှ လည်းကောင်း၊ အမျိူးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး (အဆင့်မြင့်ပညာ)ဖြင့် တတိယဆုကို တတိယနှစ်(ပ- ဝက်)မှ မမေမြတ်နိုးပိုင်နှင့် ဒုတိယနှစ်(ဒု-ဝက်)မှ မောင်မျိူးမင်းသူတို့မှလည်းကောင်း၊ အထူးဆုကို တတိယနှစ် (ဒု-ဝက်)မှ မအေးမြတ်သန္တာနှင့် ဒုတိယနှစ်(ပ-ဝက်)မှ မောင်ကျော်သူထက်တို့မှလည်းကောင်း ဆုများအသီး သီး ရရှိခဲ့ပါသည်။ Please follow and like us:
စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ပွဲ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ရှိ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ကျောင်း၏ ရွှေဝါထွန်းခန်းမတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ပွဲကို ဒုတိယပါမောက္ခချုပ်၊ဆရာ/ဆရာမများ၊ ဝန်ထမ်းများ၊ကျောင်းသားများစုပေါင်း၍ ဇူလိုင်လ ၂၀ ရက်နေ့၊ ဝါဆိုလပြည့်နေ့၊ နံနက် (၁၀:၀၀) နာရီတွင်ကျင်းပခဲ့ရာ သံဃာတော်များအား ဝါဆိုသင်္ကန်း၊ ထီး၊ ဖိနပ် တို့အား လှူဒါန်းပြီး နေ့ဆွမ်းဆက်ကပ် အလှူဒါနပြုခဲ့ပါသည်။ လှူဒါန်းမှုအစုစုအား ရေစက်ချ အမျှပေးဝေပြီး သာဓုမောဒန(၃)ကြိမ် ခေါ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းကာ ကြွရောက် လာကြသော ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူများအား နေ့လည်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ပါသည်။ Please follow and like us:
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိုးရာသီအမျိုးသားဘောလုံး အားကစားပြိုင်ပွဲ
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိုးရာသီအမျိုးသားဘောလုံး အားကစားပြိုင်ပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ရှိ၊ မြို့နယ်ပြည်သူ့ အားကစားကွင်း၌ ဇူလိုင်လ ၁၂ ရက်နေ့၊ မွန်းလွဲ ၂ နာရီတွင် ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပြီး၊ ဇူလိုင်လ ၁၇ ရက်နေ့၊ မွန်းလွဲ၂နာရီတွင် ဆုပေးပွဲအခမ်းအနားကိုကျင်းပခဲ့ပါသည်။ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိုးရာသီအမျိုးသားဘောလုံးအားကစားပြိုင်ပွဲတွင် Pythonအသင်း၊ Hyper အသင်း၊ Cyber Strikerအသင်း၊ Zuesအသင်း၊ အသင်း(၄)သင်း ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။ ဆုပေးပွဲ အခမ်းအနားတွင် ဒုတိယပါမောက္ခချုပ်နှင့်ဌာနမှူးများ၊ အားကစားကော်မတီအဖွဲ့ဝင်များ၊ အားကစား ချစ်မြတ်နိုးသူတို့က ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပါသည်။ ပထမဆုကို Zues အသင်း၊ ဒုတိယဆုကို Python အသင်း၊ တတိယဆုကို Cyber Striker အသင်း၊ နှစ်သိမ့်ဆုကို Hyper အသင်း၊…
သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပခြင်း
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ (၁၆.၇.၂၀၂၄) အင်္ဂါနေ့နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပသော သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲတွင် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် နည်းပြအရာရှိများကလာ ရောက်ဟောပြောခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ဒုတိယပါမောက္ခချုပ်ဒေါက်တာထွန်းမြတ်အောင်က အမှာစကားပြောကြားပြီး၊ နည်းပြအရာရှိ ဒေါ်သန္တာအောင်က ငလျင်ဘေးအန္တရာယ်အကြောင်းသိကောင်း စရာများကို လည်းကောင်း၊ နည်းပြအရာရှိ ဒေါ်အေးမမမျိူးက ရေလွှမ်းမိုးခြင်းဘေးအန္တရာယ်စီမံခန့်ခွဲ မှုအကြောင်းသိကောင်းစရာများကိုလည်းကောင်း၊ နည်းပြအရာရှိ ဒေါ်မေအိဖြူက မုန်တိုင်းအန္တရာယ် အကြောင်းသိကောင်းစရာများကိုလည်းကောင်း၊ Power Point များ၊ Video clips များဖြင့် ရှင်းလင်း ပို့ချခဲ့ပါသည်။ အခမ်းအနားသို့ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင်နှင့် ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ/ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား/ သူများ တက်ရောက်ခဲ့ပြီး၊ အခမ်းအနားကို…
ဟင်္သာတခရိုင်နှင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေးအသိပညာ ပေးဟောပြောပွဲ ပြုလုပ်ကျင်းပခြင်း
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ဘွဲ့နှင်းသဘင်ခန်းမ၌ ဇွန်လ (၁၄) ရက်နေ့ နံနက် ၁၀:၀၀ နာရီ တွင် ဟင်္သာတခရိုင်နှင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေးအသိပညာ ပေးဟောပြောပွဲ ပြုလုပ်ရာ ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်က အဖွင့်အမှာစကား ပြောကြားပြီး၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှုးဒေါက်တာနေခြည်ထက်ထက်လင်းအောင်က ခုခံအား ကျဆင်းမှု ကူးစက်ရောဂါအကြောင်းသိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးအရာရှိ ဒေါ်မေသန္တာက သွေးလွန်တုပ်ကွေးရောဂါအကြောင်းသိကောင်းစရာများကို အကျယ် တဝင့် ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများအား ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးလက်ကမ်းစာစောင်များဖြန့်ဝေပေးပြီး ကျောင်းဝန်းအတွင်းရှိ ဝန်ထမ်းအိမ်ယာများ၊ ကျောင်းဆောင်များ၊ ရေကန်များကို လိုက်လံစစ်ဆေးကာ ပိုးလောက်လန်းများ ပေါက်ဖွားမူ မရှိစေရေး အတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ လုပ်ငန်းစဉ်များဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူ ၊ဆရာ ၊ ဆရာမ၊…
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ၏ ကျောင်းစတင်တက်ရောက်သည့်နေ့ မြင်ကွင်းများ
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (ဒုတိယနှစ်ဝက်) နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (ပထမနှစ်ဝက်) ကို ၃-၆-၂၀၂၄ (တနင်္လာနေ့) တွင် စတင်ဖွင့်လှစ်ပြီး ကျောင်းသူ/ကျောင်း သားများ ပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျှက်ရှိပါသည်။ Please follow and like us:
၇၇ ကြိမ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထမနဲထိုးပြိုင်ပွဲနှင့် စျေးရောင်းပွဲတော်
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်ရှိ ကွန်ပျူတာ တက္ကသိုလ် ၌ ၂၀၂၄ခုနှစ် ၇၇ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မေဂျာပေါင်းစုံ ထမနဲထိုးပြိုင်ပွဲနှင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲ ဆုချီးမြှင်ခြင်းကို ယနေ့နံနက် ၈နာရီအချိန်က အဆိုပါကျောင်းဝန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။အခမ်းအနားတွင် ကွန်ပျူတာ တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်က ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် ယနေ့ကျင်းပပြုလုပ်သော ပြိုင်ပွဲများနှင့်ဆုပေးပွဲအခမ်းအနားများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ဆက်လက်၍ စာသင်နှစ်များအလိုက် ကျောင်းသားကျောင်းသူများက အဖွဲ့၆ဖွဲ့ခွဲကာ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို စတင်ကျင်းပခဲ့သည်။အဆိုပါပြိုင်ပွဲများအပြီးတွင် စျေးရောင်းပွဲတော်နှင့် ထူးချွန်ဆုများပေးအပ်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ထမနဲထိုးပြိုင်ပွဲတွင် ပထမနှစ်သင်တန်း ကျောင်းသားကျောင်းသူအသင်းက ပထမ၊ဒုတိယနှစ်၊(ဒုနှစ်ဝက်) အသင်းက ဒုတိယဆု၊ပဥ္စမနှစ်အသင်းက တတိယဆု များရရှိခဲ့ရာ ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ)ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်ကလည်းကောင်း၊စာစီစာကုံးနှင့်ကဗျာ၊အားကစားတို့တွင် ဆုရရှိသူများကို သက်ဆိုင်ရာ တာဝန်ရှိသူများကလည်းကောင်း…
ကွန်ပျူတာ တက္ကသိုလ် (ဟင်္သာတ)တွင် လူငယ်များ ဗလငါးတန်ပြည့်စုံရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း” ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကွန်ပျူတာ တက္ကသိုလ် (ဟင်္သာတ) တို့ ပူးပေါင်း၍ “လူငယ်နှင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး” ခေါင်းစဥ်ဖြင့် လူငယ်စကားဝိုင်းကို ဇန်နဝါရီ ၂၅ရက်နေ့ မွန်းလွဲ ၁ နာရီခွဲ က ကွန်ပျူတာ တက္ကသိုလ် ဘွဲ့နှင်း သဘင် ခန်းမတွင် ကျင်းပခဲ့သည်။ လူငယ်စကားဝိုင်းသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်သန်းဝင်း တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားရာတွင်”နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် မိမိတို့ တတ် မြောက်ထားသည့် ကွန်ပျူတာနည်းပညာရပ်များဖြင့် အထောက် အကူပြုနိုင်သည့် ကျောင်းသား/သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ လူငယ်စကားဝိုင်းများကျင်းပပေးခြင်းဖြင့် အသိညဏ်ပညာ ဗဟုသုတများ တိုးတက်ကြွဝယ်လာမည် ဖြစ်ကြောင်း၊ ကျောင်းသား/သူများဟာ နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်ထမ်းဆောင်ကြမည့်သူများဖြစ်သည့်အတွက် ခေါင်းဆောင်ကောင်းများ ဖြစ်အောင်ကြိုးစားစေလိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး” ဆက်လက်၍ ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်က လူငယ်စကားဝိုင်းကျင်းပရသည့်…
၂၀၂၃-၂၀၂၄ ပညာသင်နှစ် Fresher Welcome နှင့် ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ပွဲ
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၌ (၅.၁.၂၀၂၄) သောကြာနေ့တွင် ကျင်းပပြုလုပ်သော Fresher Welcome နှင့် ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ပွဲတွင် ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)သို့ ပထမနှစ်ဝင်ခွင့်ရရှိသော ကျောင်းသား၊ ကျောင်းသူမောင်မယ်သစ်လွင်များအာ ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ကို သက်ဆိုင်ရာသင်ကြားရေးဌာနမှူးများက ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့အပြင် သင်တန်းရေးရာဌာနမှူးက ကျောင်းသား၊ ကျောင်းသူများ လိုက်နာရမည့် ကျောင်းစည်းကမ်းများနှင့် စာမေးပွဲဆိုင်ရာ အချက်အလက်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ထိုအခမ်းအနားတွင် ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်နှင့် သင်ကြားရေးဌာနမှူးများ၊ သင်တန်းမှူးများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် သင်တန်းနှစ်အလိုက် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုများကို လည်းကောင်း၊ (၇၆)နှစ် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်ခဲ့သော အားကစား၊ စာစီစာကုံး၊ ကဗျာတို့၌ ဆုရရှိသူများအားလည်းကောင်း၊ (၂၄)ကြိမ်မြောက် ခရိုင်အဆင့်…