(၂၈.၁.၂၀၂၆)ရက်၊ ဗုဒ္ဓဟူးနေ့၊ မွန်းလွဲ(၂း၀၀)နာရီအချိန်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်း သဘင်ခန်းမ၌ {ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး} အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ရာ ဟင်္သာတခရိုင်၊ ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲမှူး ဦးယဉ်မင်းသိုက်နှင့် အဖွဲ့ဝင်(၂)ဦး၊ ဟင်္သာတခရိုင်၊ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဒေါ်အေးသက်ခိုင်နှင့် အဖွဲ့ဝင်(၂)ဦးတို့က လာရောက်ဟောပြောခဲ့ ကြပါသည်။
အဆိုပါအခမ်းအနားတွင် ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က အမှာစကားပြောကြားရာ တွင် နေ့စဉ်လူမှုဘဝတွင် လူတိုင်းသည် ယာဉ်နှင့်လမ်းအသုံးပြုသူများဖြစ်ကြပြီး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် မဖြစ်စေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ သိရှိထားရန်လိုအပ်ပါကြောင်း၊ သို့မှသာ လမ်းပေါ်၌ အန္တရာယ်မဖြစ်အောင် အသိတရား၊ သတိတရားနှင့် သွားလာနိုင်မည်ဖြစ်ပါကြောင်း၊ စည်းကမ်းရှိစွာ သွားလာနိုင်မည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်လာမည်ဖြစ်ကြောင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကြောင့် သေဆုံးမှု၊ ဒဏ်ရာ ရရှိမှုများ လျော့နည်းသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်က မွေးထုတ်ပေးလိုက်သော လူ့စွမ်းအားအရင်းအမြစ်များ လည်း မဆုံးရှုံးမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် ဟင်္သာတခရိုင်၊ ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲမှူး၊ ဦးယဉ်မင်းသိုက်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာမှုကြောင့် ဖြစ်ပွားခဲ့ရသော မှုခင်းများအကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍ ဥပဒေပုဒ်မ၊ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကိုလည်းကောင်း၊ ဟင်္သာတခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဒေါ်အေးသက်ခိုင်က လမ်းအသုံးပြုသူများအတွက် လိုက်နာရမည့် စည်းကမ်း များနှင့် ကုန်းလမ်းပို့ဆောင်ရေးဌာနမှ ထုတ်ပြန်ထားသော ယာဉ်အသုံးပြုသူ၊ လမ်းအသုံးပြုသူများ လိုက်နာရမည့် စည်းကမ်းများကိုလည်းကောင်း ပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)မှ ပါမောက္ခ၊ ဌာနမှူးများ၊ ကျောင်းသား၊ ကျောင်းသူများ အင်အားစုစုပေါင်း(၃၀၀)ခန့် တက်ရောက်ခဲ့ကြပြီး၊ အခမ်း အနားကို ညနေ(၄း၀၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။




