ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) တွင် ဖွင့်လှစ် သင်ကြားလျက်ရှိသော (၂၀၂၅-၂၀၂၆ )(၂၀၂၆-၂၀၂၇) ပညာသင်နှစ်များ၏ သင်တန်းများ အားလုံးကို (၁.၆.၂၀၂၆) ရက် တနင်္လာနေ့မှ စတင်၍ ပြန်လည် ဖွင့်လှစ်မည် ဖြစ်ကြောင်းကြေငြာအပ်ပါသည်။ အတန်းလိုက် အချိန်ဇယာများကို timetable.ucsh.edu.mm တွင်ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။ Please follow and like us:
Month: May 2026
ဆိုင်ခန်းငှားရမ်းခြင်းလုပ်ငန်းအတွက်ဈေးပြိုင်စနစ်တင်သွင်းရန် ကြေငြာခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာနအဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ဆိုင်ခန်းငှားရမ်းခြင်းလုပ်ငန်းအတွက်ဈေးပြိုင်စနစ်တင်သွင်းရန် ကြေငြာခြင်း၁။ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင်( ၁.၆.၂၀၂၆ မှ ၃၁.၃.၂၀၂၇ ) ရက်နေ့ထိ စားသောက်ဆိုင်ခန်း ဖွင့်လှစ်ရောင်းချရန်အတွက် ဈေးပြိုင်စနစ်ဖြင့် တင်သွင်းနိုင်ပါရန် ကြေငြာအပ်ပါသည်။၂။ လျှောက်လွှာများကို ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ငွေစာရင်းဌာန တွင် လျှောက်လွှာတစ်စောင်လျှင် (-၂၀၀၀/-)ကျပ်နှုန်းဖြင့် ထုတ်ယူနိုင်ပါသည်။ လျှောက်လွှာများကို ( ၂၀.၅.၂၀၂၆ မှ ၂၆.၅.၂၀၂၅ ) ရက်နေ့ထိ ငွေစာရင်းဌာန၊ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် တင်သွင်းနိုင်ပါသည်။ တင်ဒါကော်မတီ …
သင်ကြားရေး၊ စီမံခန့်ခွဲရေး၊ စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ
(၈.၅.၂၀၂၆)ရက်၊ သောကြာနေ့၊ နံနက်(၉း၃၀)အချိန်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်း သဘင်ခန်းမ၌ သင်ကြားရေး၊ စီမံခန့်ခွဲရေး၊ စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်နှင့် ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ စုစုပေါင်း(၈၃)ဦး တက်ရောက်ကြပါသည်။အဆိုပါအခမ်းအနား၌ ဒုတိယပါမောက္ခချုပ်၊ဒေါက်တာထွန်းမြတ်အောင်က အဖွင့်အမှာစကားပြောကြားရာ၌ တက္ကသိုလ်၏ရည်မှန်းချက်ဖြစ်သော သင်ကြားသင်ယူမှု အရည်အသွေးမြင့်မားစေရေးနှင့် အရည်အသွေးပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက်လည်းကောင်း၊ ကျောင်းသားလူငယ်များ စိတ်ဓါတ်၊ စည်းကမ်း ကျန်းမာကြံ့ခိုင်စေရန်၊ ဗလငါးတန် ဖွံ့ဖြိုးရေးအတွက်လည်းကောင်း၊ နိုင်ငံတကာ စံချိန်စံညွှန်းနှင့် လျော်ညီသော သင်ရိုးညွှန်းတမ်းများ၊ သင်ထောက်ကူပစ္စည်းများ၊ နည်းပညာများအသုံးပြု၍ လေ့ကျင့်သင်ကြားပေး နိုင်ရေးအတွက်လည်းကောင်း၊ နိုင်ငံ့အကျိုးပြု၊ ဒေသအကျိုးပြု၊ e-Government နှင့် MSME အထောက်အကူပြု Project များ ပေါ်ထွန်းလာစေရေးအတွက်လည်းကောင်း၊ တက္ကသိုလ်၏ ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာ လှပရေးနှင့်…
