ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ များနှင့် ဝန်ထမ်းများအား Biometric Smart Card များပြုလုပ်ပေးနိုင်ရန်အတွက် ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က ဟင်္သာတခရိုင်၊ လူဝင်မှုကြီးကြပ်ရေး ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဝင်းနှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ခဲ့ရာ၊ (၁၁.၆.၂၀၂၆)ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ)၊ ရှင်းလင်းဆောင်၌ ခရိုင်ဦးစီးမှူးနှင့် အဖွဲ့ဝင်(၂)ဦးသည် ကျောင်းသား၊ ကျောင်းသူများ နှင့်ဝန်ထမ်းများ၊ စုစုပေါင်း(၄၉)ဦးအား Biometric Smart Card များ နေ့ချင်းလာရောက်ဆောင်ရွက်ပြုလုပ် ပေးခဲ့ကြပါသည်။ Please follow and like us:
Month: June 2026
ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်း
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ များနှင့် ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ဖြင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က ဟင်္သာတခရိုင်၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး၊ ဒေါက်တာနေခြည်ထက်ထက်လင်းအောင်နှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ခဲ့ရာ (၁၀.၆.၂၀၂၆)ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ဟင်္သာတမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးအရာရှိ ဒေါ်မေသန္တာဦးဆောင်သော အဖွဲ့ဝင်(၈)ဦးက တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးလာရောက်ထိုးနှံပေးပြီး၊ ကျောင်းဝင်းအတွင်း၌ မိုးရာသီသွေးလွန် တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရေကန်များ၊ ရေမြောင်းများ၌ အဘိတ်ဆေးခတ်ခြင်း စသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လာရောက်ဆောင်ရွက်ပေးခဲ့ကြပါသည်။ အဆိုပါအခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများ စုစုပေါင်း(၅၀)ဦး လာရောက်ကာကွယ်ဆေးထိုးနှံကြပါသည်။ Please follow and like us:
