(၂၈.၁၁.၂၀၂၅)ရက်၊ သောကြာနေ့၊ နံနက်(၉း၃၀)အချိန်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်းသဘင် ခန်းမ၌ Cyber Security သင်တန်းဆင်းပွဲအခမ်းအနားကျင်းပရာ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပါသည်။ အဆိုပါ သင်တန်းဆင်းပွဲ၌ ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်တို့တွင် တာဝန်ထမ်းဆောင် နေသော ဌာနဆိုင်ရာဝန်ထမ်းများအတွက် Cyber Security ဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရန် နည်းပညာပြန့်ပွားရေးရည်ရွယ်ချက်ဖြင့် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ယနေ့ခေတ်တွင် ကွန်ပျူတာများ၊ Mobile Phone များ၊ Internet သုံးစွဲသူများ များပြားလာသည်နှင့်အမျှ Cyber လုံခြုံရေး အတွက်လည်း အရေးကြီးလာပြီဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့်လည်း ပြည်သူများအတွက် ပိုမိုမြန်ဆန် သော e-Government ဝန်ဆောင်မှုများ…
