ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၌ (၅.၁.၂၀၂၄) သောကြာနေ့တွင် ကျင်းပပြုလုပ်သော Fresher Welcome နှင့် ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ပွဲတွင် ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)သို့ ပထမနှစ်ဝင်ခွင့်ရရှိသော ကျောင်းသား၊ ကျောင်းသူမောင်မယ်သစ်လွင်များအာ ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ကို သက်ဆိုင်ရာသင်ကြားရေးဌာနမှူးများက ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့အပြင် သင်တန်းရေးရာဌာနမှူးက ကျောင်းသား၊ ကျောင်းသူများ လိုက်နာရမည့် ကျောင်းစည်းကမ်းများနှင့် စာမေးပွဲဆိုင်ရာ အချက်အလက်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ထိုအခမ်းအနားတွင် ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်နှင့် သင်ကြားရေးဌာနမှူးများ၊ သင်တန်းမှူးများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် သင်တန်းနှစ်အလိုက် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုများကို လည်းကောင်း၊ (၇၆)နှစ် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်ခဲ့သော အားကစား၊ စာစီစာကုံး၊ ကဗျာတို့၌ ဆုရရှိသူများအားလည်းကောင်း၊ (၂၄)ကြိမ်မြောက် ခရိုင်အဆင့်…