ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကွန်ပျူတာ တက္ကသိုလ် (ဟင်္သာတ) တို့ ပူးပေါင်း၍ “လူငယ်နှင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး” ခေါင်းစဥ်ဖြင့် လူငယ်စကားဝိုင်းကို ဇန်နဝါရီ ၂၅ရက်နေ့ မွန်းလွဲ ၁ နာရီခွဲ က ကွန်ပျူတာ တက္ကသိုလ် ဘွဲ့နှင်း သဘင် ခန်းမတွင် ကျင်းပခဲ့သည်။ လူငယ်စကားဝိုင်းသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်သန်းဝင်း တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားရာတွင်”နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် မိမိတို့ တတ် မြောက်ထားသည့် ကွန်ပျူတာနည်းပညာရပ်များဖြင့် အထောက် အကူပြုနိုင်သည့် ကျောင်းသား/သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ လူငယ်စကားဝိုင်းများကျင်းပပေးခြင်းဖြင့် အသိညဏ်ပညာ ဗဟုသုတများ တိုးတက်ကြွဝယ်လာမည် ဖြစ်ကြောင်း၊ ကျောင်းသား/သူများဟာ နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်ထမ်းဆောင်ကြမည့်သူများဖြစ်သည့်အတွက် ခေါင်းဆောင်ကောင်းများ ဖြစ်အောင်ကြိုးစားစေလိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး” ဆက်လက်၍ ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်က လူငယ်စကားဝိုင်းကျင်းပရသည့်…