ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင် ၊ဟင်္သာတမြို့နယ် ပြည်သူ့အားကစားပြိုင်ကွင်း၌ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ ၂၀၂၃ ခုနှစ်၊ မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနားနှင့်ဆုပေးပွဲ ကို (၂၈-၇-၂၀၂၃)ရက်နေ့ ညနေ ၅ နာရီက အဆိုပါ နေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။အခမ်းအနားသို့ ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ) ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ် အောင်နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ပြိုင်ပွဲဝင်အ သင်းသားများစုစုပေါင်းအင်အား (၂၅၀) ဦး ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားတွင် ကွန်ပျူတာ တက္ကသိုလ် (ဟင်္သာတ)မှ ကျောင်းသူလေးများက ပန်းပွားအကများဖြင့် ကပြဖျော်ဖြေခဲ့ ကြပြီးဒုတိယပါမောက္ခချုပ် ဆရာကြီး ဒေါက်တာ ထွန်းမြတ်အောင် မှ ကျင်းပရေးကော်မတီများ၊ဝိုင်းဝန်းကူညီဆောင်ရွက် ပေးခဲ့ ကြသောအားကစားနှင့်လူငယ်ရေးရာဌာနမှတာဝန်ရှိသူများ ၊ဒိုင်အဖွဲ့ဝင်များ၊ပွဲစဥ်တလျောက်လုံးတွင် ထိခိုက်ဒဏ်ရာ ရှိသူများ အား လိုအပ်သော ကူညီစောင့်ရှောက်မူများပေးခဲ့ကြသော…
Month: July 2023
ဟင်္သာတ ကွန်ပျူတာတက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူများ အား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း
ဧရာဝတီတိုင်းဒေသကြီး ၊ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ကွန်ပျူတာ တက္ကသိုလ်တွင် ဇူလိုင် ၆ နံနက် ၁၀ နာရီမှ စတင်၍ ဆရာ၊ဆရာမများ ၊ကျောင်းသား၊ ကျောင်းသူများ ၊ဝန်ထမ်းများ နှင့်ဝန်ထမ်း မိသားစုဝင် များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာ ကွယ်နိုင်ရေးအတွက် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြသည်။ ထိုသို့ ကာကွယ်ဆေးများ ထိုးနှံခြင်းကို ကွန်ပျူတာ တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင်နှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနမှ တာဝန်ရှိသူတို့က လိုက်လံ ကြည့်ရှု အားပေးခဲ့ ကြသည်။ ပထမနှစ်မှ စတုတ္ထနှစ်အထိ တက်ရောက်ပညာသင်ကြား နေကြ သော ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာ ကျောင်းသား ကျောင်းသူများနှင့်ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ စုစုပေါင်း ၂၃၂…