ဧရာဝတီတိုင်းဒေသကြီး ၊ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ကွန်ပျူတာ တက္ကသိုလ်တွင် ဇူလိုင် ၆ နံနက် ၁၀ နာရီမှ စတင်၍ ဆရာ၊ဆရာမများ ၊ကျောင်းသား၊ ကျောင်းသူများ ၊ဝန်ထမ်းများ နှင့်ဝန်ထမ်း မိသားစုဝင် များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာ ကွယ်နိုင်ရေးအတွက် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြသည်။ ထိုသို့ ကာကွယ်ဆေးများ ထိုးနှံခြင်းကို ကွန်ပျူတာ တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင်နှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနမှ တာဝန်ရှိသူတို့က လိုက်လံ ကြည့်ရှု အားပေးခဲ့ ကြသည်။ ပထမနှစ်မှ စတုတ္ထနှစ်အထိ တက်ရောက်ပညာသင်ကြား နေကြ သော ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာ ကျောင်းသား ကျောင်းသူများနှင့်ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ စုစုပေါင်း ၂၃၂…