သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ကွန်ပျူ တာတက္ကသိုလ်(ဟင်္သာတ)၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်က သင်ကြား၊ စီမံဌာန အသီးသီး၏ ဌာနမှူးများ၊ ဌာနတာဝန်ခံများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအားလုံးကို တွေ့ဆုံကာ အမိတက္ကသိုလ်အနေဖြင့် နိုင်ငံတကာအဆင့်မီ သင်ကြား၊ သင်ယူမှုအရည် အသွေး အာမခံမှု Seoul Accord အသိအမှတ်ပြု ရရှိနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို (၂၂.၅.၂၀၂၃)၊ တနင်္လာနေ့၊ နံနက် (၉:၃၀) အချိန်တွင် ရှင်းလင်းဆွေးနွေး လမ်းညွှန်မှာကြားခဲ့ပါသည်။ Please follow and like us:
Month: May 2023
(၁၃) ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပခြင်း
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ရှိ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) တွင် (၁၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အစမ်းအခမ်းအနားကို ၂၀၂၃ခုနှစ်၊ မေလ(၂၆)ရက်၊သောကြာနေ့ နံနက်(၉)နာရီ တွင်ပြုလုပ်ကျင်းပ ခဲ့ပြီး ဘွဲ့နှင်း သဘင်အခမ်းအနားကို ၂၀၂၃ခုနှစ်၊ မေလ(၂၇)ရက်၊ စနေနေ့ နံနက်(၉)နာရီတွင် အဆိုပါကျောင်း ရွှေဝါထွန်းခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ကွန်ပျူတာသိပ္ပံဘွဲ့ (B.C.Sc) ဘွဲ့ရ (၃၉)ဦးနှင့် ကွန်ပျူတာ နည်း ပညာဘွဲ့ (B.C.Tech) ဘွဲ့ရ (၁၁)ဦး ၊ စုစုပေါင်း ဘွဲ့ရမောင်မယ် (၅၀) ဦးအား ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်မှ ဘွဲ့များကိုအပ်နှင်းခဲ့ပါသည်။ ဒုတိယပါမောက္ခချုပ်က ဘွဲ့ရမောင်မယ် များအား မိန့်ခွန်းပြောကြားရာတွင် IT နည်းပညာရပ်များသည် နိုင်ငံတော်၏ စီးပွားရေး၊ လူမူရေး…
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် ဘွဲ့ကြိုမောင်မယ်များ၏ Internship Project ပြပွဲအခမ်းအနားကျင်းပခြင်း
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ရှိ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘွဲ့ကြိုကျောင်းသား/ကျောင်းသူများ၏ Internship Project ပြပွဲအခမ်းအနားကို ဧပြီလ (၃) ရက်နေ့ မနက် ၁၁နာရီ အချိန်တွင် အဆိုပါကျောင်း ရွှေဝါထွန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးမြင့်သန်းဝင်းကတက်ရောက် အဖွင့်အမှာစကားပြောကြား ပြီးနောက် ဆုရရှိခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ထို့နောက်ဆုရ ကျောင်း သား/ ကျောင်းသူများမှ ဆုရ Project များကို လက်တွေ့ခင်းကျင်းသရုပ်ပြသခဲ့ကြပါသည်။ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူ များ၏ Internship Project များကို လှည့်လည်ကြည့်ရှုခဲ့ကြရာ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)မှ ကျောင်းအုပ်ကြီး ဒေါက်တာထွန်းမြတ်အောင်နှင့် Project…
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ သင်တန်းကာလအစီအစဉ်
Please follow and like us: