၇၅နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ရှိ မဟော်သဓာ (၄)ထပ် ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၉ရက်နေ့ နံနက်ပိုင်းတွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၌ ပြုလုပ်ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းမှ စက်ခလုတ်နှိပ် ဖွင့်လှစ်၍ ကျောင်းဆောင်သစ်ကမည်းမော်ကွန်းအား အမွှေးနံသာရည်များ ပက်ဖြန်းခဲ့ကြပါသည်။ ထို့နောက် ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လမ်းညွှန် မှာကြားခဲ့ပါသည်။ ဒုတိယပိုင်းအစီအစဥ်အနေဖြင့် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ ရွှေဝါထွန်းခန်းမတွင် ဝန်ကြီးချုပ်မှ ကျောင်းဆောင်သစ်ဖွင့်ပွဲအမှာစကားပြောကြားပြီး၊ ခိုင်ရတီကုမဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးမင်းဝဏ အဆောက်အအုံဆိုင်ရာအချက်အလက်များကိုရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ဒုတိယပါမောကချုပ် ဒေါက်တာထွန်းမြတ်အောင်မှ…